ပေါ့ဂ်ဘာ ခြေစွမ်းပြန်ပြလာခြင်းရဲ့နောက်ကွယ်က ပဲ့ကိုင်ရှင်ဘယ်သူလဲ…………(ဆောင်းပါး)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖူလ်ဟမ်နဲ့ပွဲမှာ ပေါ့ဂ်ဘာတစ်ယောက် အနိုင်ဂိုးကိုလှပစွာသွင်းယူခဲ့ပြီးနောက် မန်ယူအသင်းရဲ့အရန်ခုံတန်းပေါ် မှာရှိနေတဲ့ တစ်ယောက်သောသူဆီမှာ ကျေနပ်မှုကိုဖော်ပြနေတဲ့အပြုံးပန်းတစ်ပွင့် ကိုတွေ့လိုက်ရပါတယ်။ သူကတော့ သိပ်မကြာသေးခင်ကမှ မန်ယူနည်းပြအဖွဲ့ထဲကိုရောက်ရှိလာတဲ့ ဒါရင်းဖလက်ချာဘဲဖြစ်ပါတယ်။

စကော့တလန်သားဖြစ်တဲ့ ဖလက်ချာဟာ ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းကဆိုရင် ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူ ဆန်ရဲ့ အားထားရတဲ့ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

အခုဆိုရင် သူဟာမန်ယူရဲ့နောက်မျိုးဆက် တွေကို ကူညီပေးဖို့အဆင်သင့်ရှိနေပါပြီ။ အိုးလ်ထရက်ဖို့ဒ်မှာနှစ် ၂၀ ကြာရှိခဲ့တဲ့ ဖလက်ချာဟာ စိတ်ချယုံကြည် ရတဲ့သူ၊ မာကျောသူ၊ အလုပ်ကြိုးစားပြီး ပါးနပ်သူအဖြစ် နာမည်ကျော်ခဲ့ပါတယ်။ မန်ယူဟာအခု ဇန်နဝါရီလ ဆန်းပိုင်းတုန်းက ဖလက်ချာကို ဆိုးလ်ရှားဦးဆောင်တဲ့ နည်းပြအဖွဲ့ထဲမှာထည့်သွင်းကြောင်း အတည်ပြုကြေ ညာခဲ့ပါတယ်။

သူဟာအဲဒီမတိုင်ခင် ၃ လကမန်ယူကိုပြန်ရောက်လာခဲ့ပြီး လူငယ်အသင်းအချို့ကို ကြီးကြပ်နေ ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၃၆ နှစ်ရှိတဲ့ ဖလက်ချာရဲ့စွမ်းဆောင်ပြနိုင်မှုတွေကြောင့် သူ့ကိုအသင်းကြီးဆီခေါ်ယူဖို့ ဆုံး ဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ သူဟာရောက်ရောက်ခြင်းမှာဘဲ ပေါ့ဂ်ဘာအပါအဝင် ကွင်းလယ်လူတွေကို တာဝန် ယူကြီးကြပ်ခဲ့ရပြီး ခြေစွမ်းပိုကောင်းအောင် လေ့ကျင့်ပေးခဲ့ရတာပါ။

သူဟာ မန်ယူကွင်းလယ်လူတွေကို ခံစစ် အရည်အသွေးတိုးတက်အောင်၊ နေရာယူမှုပိုမိုမှန်ကန်အောင်၊ တိုက်စစ်ကိုစနစ်တကျ လိုက်ပါနိုင်အောင် သင် ကြားပြသပေးခဲ့တာပါ။ ဒါကြောင့်လည်း သူရောက်လာပြီး ၁၈ ရက်အတွင်းမှာတင် ပေါ့ဂ်ဘာ တစ်ယောက်ခြေ စွမ်းပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ဖာနန်ဒက်စ် ရဲ့ခြေစွမ်းကြောင့်အကူအညီရပြီး ဖိအားလျော့ ကာ အခုလိုခြေစွမ်းပြနိုင်တာလို့ ဆိုကြပေမယ့် ဖလက်ချာရဲ့ ညွန်ကြားပြသမှုတွေကြောင့် အခုလိုဖြစ်လာ တယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

အသက် ၂၇ နှစ်ရှိတဲ့ ပေါ့ဂ်ဘာဟာ ဖလက်ချာရောက်ပြီးနောက်ပိုင်းမှာ ဘောလုံးပေးပို့မှုပိုမိုပြုလုပ်လာနိုင်တဲ့ အပြင် ကစားဖော် ဖရက်ဒ်လိုဘဲ ဖျက်ထုတ်မှုအများအပြားပြုလုပ်လာနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့လပိုင်းမှာတော့ မန် ယူမှာ အသိအမှတ်ပြုခံရခြင်းမရှိဘူးလို့ သူ့အေးဂျင့်ကပြောခဲ့ရတဲ့အထိ ဖိအားရှိခဲ့တဲ့ပေါ့ဂ်ဘာ သူဘာလဲဆိုတာ ကို ပြန်လည်ပြသနိုင်ခဲ့ပါပြီ။

ဖလက်ချာရောက်လာပြီးနောက်ပိုင်းမှာ မန်ယူအသင်း ၅ ပွဲကစားခဲ့ရပြီး မန်ယူဟာ ၃ ပွဲပေးဂိုးမရှိခဲ့တဲ့အပြင် ၃ ဂိုးသာပြန်ပေးခဲ့ရပါတယ်။ ဖလက်ချာ ကိုကလပ်ဘက်ကနည်းပြအဖွဲ့ထဲထည့်သွင်း မှုကို ပေါ့ဂ်ဘာအပါအဝင် ကစားသမားတွေနဲ့ အခြားနည်းပြအဖွဲ့တွေကပါ လိုလိုလားလားလက်ခံခဲ့ကြတာပါ။ ဖလက်ချာဟာ ၂၀၁၅ မှာမန်ယူနဲ့ လမ်းခွဲခဲ့ပြီး ပေါ့ဂ်ဘာနဲ့ ကစားဖော်တွေဖြစ်ခဲ့သေးတာပါ။

သူဟာဝက်စ်ဘရွန်းမှာ ၂ နှစ်၊ စတုတ်စီးတီးမှာ ၂ နှစ်ဆက်ကစားပြီး ၂၀၁၉ က အသက် ၃၅ နှစ်အရွယ်မှာဘောလုံးသမားဘဝကနေ အနားယူခဲ့သူဖြစ်ပါတယ်။ ကစားသမားဘဝကတည်းက ကျန်းမာရေးပြဿနာတွေရှိခဲ့ တာကြောင့် နည်းပြလုပ်ဖို့ စိတ်ကူးမရှိခဲ့ပေမယ့် မန်ယူကသူ့ကိုပြန်ခေါ်ပြီးနောက် စိတ်ပါသွားခဲ့ပြီး အခုလိုအ ခြေအနေရောက်လာခဲ့တာဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားက သူ့ကစားဖော်ဟောင်းကို အခုလိုဘဲ ချီးကျူးစကား ဆိုခဲ့ပါတယ်။

သူက” ဖလက်ချာရဲ့အသွေးအသား(DNA) ထဲမှာမန်ယူဆိုတဲ့အရာက လှည့်ပတ်စီးဆင်းနေတာပါ။ မန်ယူကစားသမားဆိုတဲ့ ဖြစ်တည်မှုကိုလည်း သူကောင်းကောင်းသိခဲ့တယ်လေ။ နည်းပြစဖြစ်လာတဲ့ ဖလက် ချာဟာ ကွင်းတွင်း ကွင်းပြင် သူ့အတွေ့အကြုံတွေ၊ သူ့ရဲ့ နိုင်ပွဲရယူစိတ်ပြင်းထန်မှုတွေ၊ အလုပ်အပေါ်ပေးဆပ် မှုတွေနဲ့ ပြင်းထန်စွာကြိုးစားမှုတွေကို အသုံးချမှာဖြစ်လို့ နည်းပြအဖွဲ့အတွက် ကြီးကျယ်ခမ်းနားလှတဲ့ပေါင်း စည်းမှုဖြစ်လာမှာပါ” လို့ပြောသွားပါတယ်။

Zawgyi

ေပါ့ဂ္ဘာ ေျခစြမ္းျပန္ျပလာျခင္းရဲ႕ေနာက္ကြယ္က ပဲ့ကိုင္ရွင္ဘယ္သူလဲ…………(ေဆာင္းပါး)

ဖူလ္ဟမ္နဲ႔ပြဲမွာ ေပါ့ဂ္ဘာတစ္ေယာက္ အႏိုင္ဂိုးကိုလွပစြာသြင္းယူခဲ့ၿပီးေနာက္ မန္ယူအသင္းရဲ႕အရန္ခုံတန္းေပၚ မွာရွိေနတဲ့ တစ္ေယာက္ေသာသူဆီမွာ ေက်နပ္မႈကိုေဖာ္ျပေနတဲ့အၿပဳံးပန္းတစ္ပြင့္ ကိုေတြ႕လိုက္ရပါတယ္။ သူ ကေတာ့ သိပ္မၾကာေသးခင္ကမွ မန္ယူနည္းျပအဖြဲ႕ထဲကိုေရာက္ရွိလာတဲ့ ဒါရင္းဖလက္ခ်ာဘဲျဖစ္ပါတယ္။ စ ေကာ့တလန္သားျဖစ္တဲ့ ဖလက္ခ်ာဟာ ၿပီးခဲ့တဲ့ ၁၀ ႏွစ္တုန္းကဆိုရင္ ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူ ဆန္ရဲ႕ အားထားရတဲ့ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ အခုဆိုရင္ သူဟာမန္ယူရဲ႕ေနာက္မ်ိဳးဆက္ ေတြကို ကူညီေပးဖို႔အဆင္သင့္ရွိေနပါၿပီ။ အိုးလ္ထရက္ဖို႔ဒ္မွာႏွစ္ ၂၀ ၾကာရွိခဲ့တဲ့ ဖလက္ခ်ာဟာ စိတ္ခ်ယုံၾကည္ ရတဲ့သူ၊ မာေက်ာသူ၊ အလုပ္ႀကိဳးစားၿပီး ပါးနပ္သူအျဖစ္ နာမည္ေက်ာ္ခဲ့ပါတယ္။

မန္ယူဟာအခု ဇန္နဝါရီလ ဆန္းပိုင္းတုန္းက ဖလက္ခ်ာကို ဆိုးလ္ရွားဦးေဆာင္တဲ့ နည္းျပအဖြဲ႕ထဲမွာထည့္သြင္းေၾကာင္း အတည္ျပဳေၾက ညာခဲ့ပါတယ္။ သူဟာအဲဒီမတိုင္ခင္ ၃ လကမန္ယူကိုျပန္ေရာက္လာခဲ့ၿပီး လူငယ္အသင္းအခ်ိဳ႕ကို ႀကီးၾကပ္ေန ခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္အသက္ ၃၆ ႏွစ္ရွိတဲ့ ဖလက္ခ်ာရဲ႕စြမ္းေဆာင္ျပႏိုင္မႈေတြေၾကာင့္ သူ႔ကိုအသင္းႀကီးဆီေခၚယူဖို႔ ဆုံး ျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။ သူဟာေရာက္ေရာက္ျခင္းမွာဘဲ ေပါ့ဂ္ဘာအပါအဝင္ ကြင္းလယ္လူေတြကို တာဝန္ ယူႀကီးၾကပ္ခဲ့ရၿပီး ေျခစြမ္းပိုေကာင္းေအာင္ ေလ့က်င့္ေပးခဲ့ရတာပါ။ သူဟာ မန္ယူကြင္းလယ္လူေတြကို ခံစစ္ အရည္အေသြးတိုးတက္ေအာင္၊ ေနရာယူမႈပိုမိုမွန္ကန္ေအာင္၊ တိုက္စစ္ကိုစနစ္တက် လိုက္ပါႏိုင္ေအာင္ သင္ ၾကားျပသေပးခဲ့တာပါ။

ဒါေၾကာင့္လည္း သူေရာက္လာၿပီး ၁၈ ရက္အတြင္းမွာတင္ ေပါ့ဂ္ဘာ တစ္ေယာက္ေျခ စြမ္းျပန္ေပၚလာခဲ့တာျဖစ္ပါတယ္။ ေပါ့ဂ္ဘာဟာ ဖာနန္ဒက္စ္ ရဲ႕ေျခစြမ္းေၾကာင့္အကူအညီရၿပီး ဖိအားေလ်ာ့ ကာ အခုလိုေျခစြမ္းျပႏိုင္တာလို႔ ဆိုၾကေပမယ့္ ဖလက္ခ်ာရဲ႕ ၫြန္ၾကားျပသမႈေတြေၾကာင့္ အခုလိုျဖစ္လာ တယ္ဆိုတာကိုေတာ့ ျငင္းလို႔မရပါဘူး။ အသက္ ၂၇ ႏွစ္ရွိတဲ့ ေပါ့ဂ္ဘာဟာ ဖလက္ခ်ာေရာက္ၿပီးေနာက္ပိုင္းမွာ ေဘာလုံးေပးပို႔မႈပိုမိုျပဳလုပ္လာႏိုင္တဲ့ အျပင္ ကစားေဖာ္ ဖရက္ဒ္လိုဘဲ ဖ်က္ထုတ္မႈအမ်ားအျပားျပဳလုပ္လာႏိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့လပိုင္းမွာေတာ့ မန္ ယူမွာ အသိအမွတ္ျပဳခံရျခင္းမရွိဘူးလို႔ သူ႔ေအးဂ်င့္ကေျပာခဲ့ရတဲ့အထိ ဖိအားရွိခဲ့တဲ့ေပါ့ဂ္ဘာ သူဘာလဲဆိုတာ ကို ျပန္လည္ျပသႏိုင္ခဲ့ပါၿပီ။ ဖလက္ခ်ာေရာက္လာၿပီးေနာက္ပိုင္းမွာ မန္ယူအသင္း ၅ ပြဲကစားခဲ့ရၿပီး မန္ယူဟာ ၃ ပြဲေပးဂိုးမရွိခဲ့တဲ့အျပင္ ၃ ဂိုးသာျပန္ေပးခဲ့ရပါတယ္။ ဖလက္ခ်ာ ကိုကလပ္ဘက္ကနည္းျပအဖြဲ႕ထဲထည့္သြင္း မႈကို ေပါ့ဂ္ဘာအပါအဝင္ ကစားသမားေတြနဲ႔ အျခားနည္းျပအဖြဲ႕ေတြကပါ လိုလိုလားလားလက္ခံခဲ့ၾကတာပါ။ ဖလက္ခ်ာဟာ ၂၀၁၅ မွာမန္ယူနဲ႔ လမ္းခြဲခဲ့ၿပီး ေပါ့ဂ္ဘာနဲ႔ ကစားေဖာ္ေတြျဖစ္ခဲ့ေသးတာပါ။

သူဟာဝက္စ္ဘ႐ြန္းမွာ ၂ ႏွစ္၊ စတုတ္စီးတီးမွာ ၂ ႏွစ္ဆက္ကစားၿပီး ၂၀၁၉ ကအသက္ ၃၅ ႏွစ္အ႐ြယ္မွာေဘာ လုံးသမားဘဝကေန အနားယူခဲ့သူျဖစ္ပါတယ္။ ကစားသမားဘဝကတည္းက က်န္းမာေရးျပႆနာေတြရွိခဲ့ တာေၾကာင့္ နည္းျပလုပ္ဖို႔ စိတ္ကူးမရွိခဲ့ေပမယ့္ မန္ယူကသူ႔ကိုျပန္ေခၚၿပီးေနာက္ စိတ္ပါသြားခဲ့ၿပီး အခုလိုအ ေျခအေနေရာက္လာခဲ့တာျဖစ္ပါတယ္။ နည္းျပဆိုးလ္ရွားက သူ႔ကစားေဖာ္ေဟာင္းကို အခုလိုဘဲ ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။ သူက” ဖလက္ခ်ာရဲ႕အေသြးအသား(DNA) ထဲမွာမန္ယူဆိုတဲ့အရာက လွည့္ပတ္စီးဆင္းေနတာပါ။ မန္ယူကစားသမားဆိုတဲ့ ျဖစ္တည္မႈကိုလည္း သူေကာင္းေကာင္းသိခဲ့တယ္ေလ။ နည္းျပစျဖစ္လာတဲ့ ဖလက္ ခ်ာဟာ ကြင္းတြင္း ကြင္းျပင္ သူ႔အေတြ႕အႀကဳံေတြ၊ သူ႔ရဲ႕ ႏိုင္ပြဲရယူစိတ္ျပင္းထန္မႈေတြ၊ အလုပ္အေပၚေပးဆပ္ မႈေတြနဲ႔ ျပင္းထန္စြာႀကိဳးစားမႈေတြကို အသုံးခ်မွာျဖစ္လို႔ နည္းျပအဖြဲ႕အတြက္ ႀကီးက်ယ္ခမ္းနားလွတဲ့ေပါင္း စည္းမႈျဖစ္လာမွာပါ” လို႔ေျပာသြားပါတယ္။