
Photo Credit
Photo Credit
ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ဇန်နဝါရီဈေးကွက်အတွင်း ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ဆက်လက်ကြိုးစားဦးမှာဖြစ်ပြီး ဒီတစ်ခါတော့ ငွေသားပြောင်းရွှေ့ကြေး ပေါင် ၈၅သန်းအပြင် တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Photo Credit
နည်းပြဇီဒန်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဝေးလ်လက်ရွေးစင်ဘေးလ်ကို အသင်းကနေ ရောင်းထုတ်ဖို့ ကြိုးစားခဲ့ဖူးပြီး အခုလည်း သူ့စိတ်ကြိုက်ကစားသမားဖြစ်တဲ့ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ရေးကြိုးစားမှုမှာ ယူနိုက်တက်အသင်း လက်ခံလာအောင် ဆွဲဆောင်တဲ့အနေနဲ့ ဘေးလ်ကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။
Photo Credit
ရီးရဲလ်ဟာ ပြီးခဲ့တဲ့နွေရာသီက ပြင်သစ်လက်ရွေးစင်ပေါ့ဂ်ဘာကို ခေါ်ယူဖို့ အပြင်းအထန်ကြိုးစားခဲ့ပေမယ့် သူ့အတွက် ယူနိုက်တက်ဘက်က သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၈၀ ပေးချေဖို့ အဆင်မပြေခဲ့ဘဲ အထူးသဖြင့် ဟာဇက်ကို ချဲလ်ဆီးကနေ ပေါင်သန်း ၁၅၀ ဝန်းကျင်နဲ့ခေါ်ယူခဲ့ပြီးနောက် ပေါ့ဂ်ဘာအတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးအသုံးပြုဖို့ မတတ်နိုင်ခဲ့တာဖြစ်ပါတယ်။
Photo Credit
ဇီဒန်းနဲ့ အသင်းဥက္ကဋ္ဌ ပီရက်ဇ်တို့ဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ကွင်းလယ်ကြယ်ပွင့်ခေါ်ယူရေးအတွက် ဆွေးနွေးခဲ့ရာမှာ သဘောတူညီမှုမရခဲ့ဘဲ ဇီဒန်းက တစ်နိုင်ငံတည်းသား ပေါ့ဂ်ဘာကိုပဲ ခေါ်ယူလိုခဲ့ပေမယ့် ပီရက်ဇ်ကတော့ ပေ့ါဂ်ဘာထက် ပြောင်းရွှေ့ကြေးပိုမိုနည်းပါးတဲ့ တော့တင်ဟမ်ကွင်းလယ်လူ အဲရစ်ဆင်ကိုသာ ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပါတယ်။
Photo Credit
ယူနိုက်တက်က ဒီရာသီမှာ တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်နေရချိန်၊ ဘေးလ်ကလည်း နည်းပြဇီဒန်းနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေချိန်မှာ ဒီအပြောင်းအရွှေ့က အားလုံးအတွက် win-win အခြေအနေဖြစ်လာနိုင်ကြောင်း သိရပါတယ်။ ဘေးလ်ဟာ ပြီးခဲ့တဲ့နွေရာသီက တရုတ်စူပါလိဂ်ကလပ် ကျန်းစုဆန်နင်းအသင်းကို တစ်ပတ်လုပ်ခ ပေါင် ၁သန်းကျော်နဲ့ ရောက်ရှိဖို့ အလွန်နီးစပ်ခဲ့ပေမယ့် ပီရက်ဇ်က ပယ်ချခဲ့လို့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရပါတယ်။
Photo Credit
ပေါ့ဂ်ဘာဟာ လက်ရှိအချိန်မှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရပြီး ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း ပူနွေးတဲ့ရာသီဥတုရှိရာ ဒူဘိုင်းကို သွားရောက်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပေမယ့် ကြံ့ခိုင်မှုအပြည့်မရသေးဘဲ ပါတီဇန်ဘဲလ်ဂရိတ်နဲ့ယူရိုပါလိဂ်ပွဲကို လွဲချော်ခဲ့ရသလို နောဝစ်ချ်နဲ့ပွဲအတွက်လည်း အသင်းရဲ့လူစာရင်းမှာ ပါဝင်လာခြင်းမရှိပါဘူး။
Photo Credit ; AP
Zawgyi
ေပါ့ဂ္ဘာအတြက္ ေပါင္ ၈၅သန္းအျပင္ ေဘးလ္ကိုပါ အလုိက္ေပးကမ္းလွမ္းဖို႔ ရီးရဲလ္ျပင္ဆင္
ရီးရဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ဇန္န၀ါရီေစ်းကြက္အတြင္း ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာကို ေခၚယူဖို႔ ဆက္လက္ႀကိဳးစားဦးမွာျဖစ္ၿပီး ဒီတစ္ခါေတာ့ ေငြသားေျပာင္းေရႊ႕ေၾကး ေပါင္ ၈၅သန္းအျပင္ ေတာင္ပံတုိက္စစ္မွဴး ဂါရတ္ေဘးလ္ကိုပါ အလုိက္ေပးကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။
နည္းျပဇီဒန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ေ၀းလ္လက္ေရြးစင္ေဘးလ္ကို အသင္းကေန ေရာင္းထုတ္ဖုိ႔ ႀကိဳးစားခ့ဲဖူးၿပီး အခုလည္း သူ႕စိတ္ႀကိဳက္ကစားသမားျဖစ္တဲ့ ေပါ့ဂ္ဘာကို ေခၚယူႏုိင္ေရးႀကိဳးစားမႈမွာ ယူႏိုက္တက္အသင္း လက္ခံလာေအာင္ ဆြဲေဆာင္တဲ့အေနနဲ႔ ေဘးလ္ကိုပါ အလုိက္ေပးကမ္းလွမ္းဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။
ရီးရဲလ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ျပင္သစ္လက္ေရြးစင္ေပါ့ဂ္ဘာကို ေခၚယူဖို႔ အျပင္းအထန္ႀကိဳးစားခ့ဲေပမယ့္ သူ႕အတြက္ ယူႏုိက္တက္ဘက္က သတ္မွတ္ထားတဲ့ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၁၈၀ ေပးေခ်ဖုိ႔ အဆင္မေျပခဲ့ဘဲ အထူးသျဖင့္ ဟာဇက္ကို ခ်ဲလ္ဆီးကေန ေပါင္သန္း ၁၅၀ ၀န္းက်င္နဲ႔ေခၚယူခဲ့ၿပီးေနာက္ ေပါ့ဂ္ဘာအတြက္ ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးအသုံးျပဳဖုိ႔ မတတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ဇီဒန္းနဲ႔ အသင္းဥကၠ႒ ပီရက္ဇ္တုိ႔ဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ကြင္းလယ္ၾကယ္ပြင့္ေခၚယူေရးအတြက္ ေဆြးေႏြးခဲ့ရာမွာ သေဘာတူညီမႈမရခဲ့ဘဲ ဇီဒန္းက တစ္ႏုိင္ငံတည္းသား ေပါ့ဂ္ဘာကိုပဲ ေခၚယူလိုခဲ့ေပမယ့္ ပီရက္ဇ္ကေတာ့ ေပ့ါဂ္ဘာထက္ ေျပာင္းေရႊ႕ေၾကးပိုမိုနည္းပါးတဲ့ ေတာ့တင္ဟမ္ကြင္းလယ္လူ အဲရစ္ဆင္ကိုသာ ေခၚယူဖို႔ ဆႏၵရွိခဲ့ပါတယ္။
ယူႏုိက္တက္က ဒီရာသီမွာ တုိက္စစ္ပိုင္းက ဂိုးရဖုိ႔ ႐ုန္းကန္ေနရခ်ိန္၊ ေဘးလ္ကလည္း နည္းျပဇီဒန္းနဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ေနခ်ိန္မွာ ဒီအေျပာင္းအေရႊ႕က အားလုံးအတြက္ win-win အေျခအေနျဖစ္လာႏိုင္ေၾကာင္း သိရပါတယ္။ ေဘးလ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက တ႐ုတ္စူပါလိဂ္ကလပ္ က်န္းစုဆန္နင္းအသင္းကို တစ္ပတ္လုပ္ခ ေပါင္ ၁သန္းေက်ာ္နဲ႔ ေရာက္ရွိဖုိ႔ အလြန္နီးစပ္ခဲ့ေပမယ့္ ပီရက္ဇ္က ပယ္ခ်ခ့ဲလုိ႔ အေျပာင္းအေရႊ႕ပ်က္ျပယ္ခဲ့ရပါတယ္။
ေပါ့ဂ္ဘာဟာ လက္ရွိအခ်ိန္မွာ ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ အနားယူေနရၿပီး ၿပီးခဲ့တဲ့ႏုိင္ငံတကာရက္သတၱပတ္ကာလအတြင္း ပူေႏြးတဲ့ရာသီဥတုရွိရာ ဒူဘုိင္းကို သြားေရာက္ကာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ခဲ့ေပမယ့္ ႀကံ့ခုိင္မႈအျပည့္မရေသးဘဲ ပါတီဇန္ဘဲလ္ဂရိတ္နဲ႔ယူ႐ိုပါလိဂ္ပြဲကို လြဲေခ်ာ္ခဲ့ရသလို ေနာ၀စ္ခ်္နဲ႔ပဲြအတြက္လည္း အသင္းရဲ႕လူစာရင္းမွာ ပါ၀င္လာျခင္းမရွိပါဘူး။