

မန်ယူအသင်းဟာ ကွင်းလယ်လူပေါ့ဂ်ဘာကို လာမယ့်နွေရာသီမှာပေါင် ၈၃ သန်းရရင်လက်လွှတ်ဖို့ စီစဉ်ထားပေမယ့် သူ့ကိုအလိုရှိနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူ ဗင်တပ်တို့က ဒီတန်ကြေးကိုတောင်များတယ်လို့ ယူဆနေကြောင်းသိရပါတယ်။ သူဟာ ၂၀၁၆ တုန်းက ဂျူ ဗင်တပ်ကနေပေါင် ၈၉ သန်းနဲ့ မန်ယူကိုရောက်ရှိလာသူဖြစ်ပါတယ်။
လက်ရှိမှာ ပေါ့ဂ်ဘာရဲ့အေးဂျင့်ရွိုင်အိုလာက သူ့ကစားသမားဟာဂျူ ဗင်တပ်ကိုပြန်သွားဖို့ဆန္ဒရှိနေတယ်လို့ ပြောထားပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ပေါ့ဂ်ဘာကိုပြီးခဲ့တဲ့နွေရာသီကတည်းက ခေါ်ယူဖို့ကြိုးစားခဲ့ပြီး မန်ယူဘက်ကပေါင်သန်း ၁၅၀ အထိဈေးခေါ်ခဲ့လို့ မဖြစ်မြောက်ခဲ့တာပါ။

ဒါပေမယ့် မန်ယူဟာဖာနန်ဒက်စ်ကိုခေါ်ယူခဲ့ပြီးတဲ့နောက် စာချုက်သက်တမ်းတစ်နှစ်သာကျန်တော့တဲ့ ပေါ့ဂ်ဘာကိုလက်လွှတ်ဖို့ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့ဈေးကွက်ပေါက်ဈေးအတိုင်းရောင်းချဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်းသူဟာ ဒီရာသီမှာ ၈ ပွဲသာကစားရသေးပြီး ခြေစွမ်းကလည်းကျဆင်းနေတဲ့အတွက်ပေါင် ၈၃ သန်းတောင်မှ များလွန်းနေတယ်လို့ ရီးရဲလ်နဲ့ ဂျူ ဗင်တပ်တို့က ယူဆနေပါတယ်။

ပေါ့ဂ်ဘာဟာ ကြံလိုင်မှုပိုင်းတိုးတက်လာပြီဖြစ်လို့ လာမယ့်ဧပြီလကျရင် မန်စီးတီးနဲ့ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာပြန်လည်ပါဝင်ဖို့ ရည်မှန်းထားနေပါတယ်။ သူဟာပြီးခဲ့တဲ့ စက်တင်ဘာလက ခြေချင်းဝတ်ဒဏ်ရာရပြီးနောက် အနားယူနေရပြီး ကြားထဲမှာ ၂ ပွဲကစားခဲ့သေးပေမယ့် ဒဏ်ရာခွဲစိတ်မှုထပ်မံပြုလုပ်ခဲ့ရပါတယ်။

သူ့အေးဂျင်ရွိုင်အိုလာက မန်ယူကနေပေါ့ဂ်ဘာထွက်ခွာဖို့ နည်းလမ်းတွေရှာဖွေနေရာမှာ ကစားသမားရဲ့ဈေးနှုန်းကိုလျှော့ချပေးဖို့အချက်လည်း ပါဝင်နေတယ်လို့ပြောခဲ့ပါတယ်။ ဒါကြောင့် မန်ယူဟာဘက်ပေါင် ၈၃ သန်းအထိလျှော့ချပေးခဲ့တာလို့လည်း သုံးသပ်နေကြပါတယ်။

Zawgyi
ေပါ႔ဂ္ဘာအတြက္ေပါင္ ၈၃ သန္းသာသတ္မွတ္ထားတာကို ရီးရဲလ္နဲ႔ဂ်ဴ ဗီတို႔မ်ားတယ္ထင္
မန္ယူအသင္းဟာ ကြင္းလယ္လူေပါ႔ဂ္ဘာကို လာမယ္႔ေႏြရာသီမွာေပါင္ ၈၃ သန္းရရင္လက္လႊတ္ဖို႔ စီစဥ္ထားေပမယ္႔ သူ႔ကိုအလိုရွိေနတဲ႔ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴ ဗင္တပ္တို႔က ဒီတန္ေၾကးကိုေတာင္မ်ားတယ္လို႔ ယူဆေနေၾကာင္းသိရပါတယ္။ သူဟာ ၂၀၁၆ တုန္းက ဂ်ဴ ဗင္တပ္ကေနေပါင္ ၈၉ သန္းနဲ႔ မန္ယူကိုေရာက္ရွိလာသူျဖစ္ပါတယ္။
လက္ရွိမွာ ေပါ႔ဂ္ဘာရဲ႕ေအးဂ်င့္ရြိဳင္အိုလာက သူ႔ကစားသမားဟာဂ်ဴ ဗင္တပ္ကိုျပန္သြားဖို႔ဆႏၵရွိေနတယ္လို႔ ေျပာထားပါတယ္။ ရီးရဲလ္မက္ဒရစ္ကေတာ႔ ေပါ႔ဂ္ဘာကိုၿပီးခဲ႔တဲ႔ေႏြရာသီကတည္းက ေခၚယူဖို႔ႀကိဳးစားခဲ့ၿပီး မန္ယူဘက္ကေပါင္သန္း ၁၅၀ အထိေစ်းေခၚခဲ့လို႔ မျဖစ္ေျမာက္ခဲ႔တာပါ။
ဒါေပမယ္႔ မန္ယူဟာဖာနန္ဒက္စ္ကိုေခၚယူခဲ႔ၿပီးတဲ႔ေနာက္ စာခ်ဳက္သက္တမ္းတစ္ႏွစ္သာက်န္ေတာ႔တဲ႔ ေပါ႔ဂ္ဘာကိုလက္လႊတ္ဖို႔ဆုံးျဖတ္လိုက္ၿပီး သူ႔ရဲ႕ေစ်းကြက္ေပါက္ေစ်းအတိုင္းေရာင္းခ်ဖို႔ စီစဥ္လိုက္တာျဖစ္ပါတယ္။ ဒါေပမယ္႔လည္းသူဟာ ဒီရာသီမွာ ၈ ပြဲသာကစားရေသးၿပီး ေျခစြမ္းကလည္းက်ဆင္းေနတဲ႔အတြက္ေပါင္ ၈၃ သန္းေတာင္မွ မ်ားလြန္းေနတယ္လို႔ ရီးရဲလ္နဲ႔ ဂ်ဴ ဗင္တပ္တို႔က ယူဆေနပါတယ္။
ေပါ႔ဂ္ဘာဟာ ႀကံလိုင္မႈပိုင္းတိုးတက္လာၿပီျဖစ္လို႔ လာမယ္႔ဧၿပီလက်ရင္ မန္စီးတီးနဲ႔ကစားရမယ္႔ မန္ခ်က္စတာဒါဘီပြဲစဥ္မွာျပန္လည္ပါ၀င္ဖို႔ ရည္မွန္းထားေနပါတယ္။ သူဟာၿပီးခဲ့တဲ႔ စက္တင္ဘာလက ေျခခ်င္း၀တ္ဒဏ္ရာရၿပီးေနာက္ အနားယူေနရၿပီး ၾကားထဲမွာ ၂ ပြဲကစားခဲ႔ေသးေပမယ္႔ ဒဏ္ရာခြဲစိတ္မႈထပ္မံျပဳလုပ္ခဲ႔ရပါတယ္။
သူ႔ေအးဂ်င္ရြိဳင္အိုလာက မန္ယူကေနေပါ႔ဂ္ဘာထြက္ခြာဖို႔ နည္းလမ္းေတြရွာေဖြေနရာမွာ ကစားသမားရဲ႕ေစ်းႏႈန္းကိုေလွ်ာ႔ခ်ေပးဖို႔အခ်က္လည္း ပါ၀င္ေနတယ္လို႔ေျပာခဲ႔ပါတယ္။ ဒါေၾကာင့္ မန္ယူဟာဘက္ေပါင္ ၈၃ သန္းအထိေလွ်ာ႔ခ်ေပးခဲ႔တာလို႔လည္း သုံးသပ္ေနၾကပါတယ္။