ပေါ့ဂ်ဘာရဲ့အနာဂတ်ကိုမှန်းဆနိုင်မယ့်စကား ရွိုင်အိုလာပြောပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းကွင်းလယ်လူပေါ့ဂ်ဘာရဲ့အေးဂျင့် ရွိုင်အိုလာကသူ့ကစားသမားလက်ရှိအသင်းကနေထွက်ခွာနိုင်တဲ့အကြောင်းကို တဲ့တိုးနီးပါးပြောလိုက်ကြောင်းသိရပါတယ်။

ရွိုင်အိုလာက ဒီဇင်ဘာ ဆိုတာအိပ်မက်များရဲ့လ လို့ဆိုခဲ့တာဖြစ်လို့ ပေါ့ဂ်ဘာဟာလာမယ့် ဇန်နဝါရီမှာပြည်ပကလပ်တစ်ခုနဲ့သဘောတူညီချက်ရယူနိုင်မယ့် အလားအလာရှိနေပါတယ်။

ဒီပြင်သစ်လက်ရွေးစင်ရဲ့လက်ရှိစာချုပ်ဟာ လာမယ့်ရာသီကုန်ချိန်မှာသက်တမ်းကုန်မှာဖြစ်လို့ ဇန်နဝါရီမှာသူကြိုက်နှစ်သက်တဲ့ပြည်ပကလပ်တစ်ခုနဲ့ ဆွေးနွေးပြီးအကြို သဘောတူညီချက် ရယူပိုင်ခွင့်ရှိနေပါတယ်။

ဒါဟာ ပေါ့ဂ်ဘာတစ်ယောက် ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီတို့ဆီရောက်သွားနိုင်ဖို့ နီးစပ်တဲ့သဘောလည်းဖြစ်ပါတယ်။

အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Rai နဲ့ပြုလုပ်တဲ့အင်တာဗျူးမှာ ရွိုင်အိုလာက”ဒီဇင်ဘာဆိုတာ အိပ်မက်တွေရဲ့လဗျ။

ကျွန်တော်လည်း အိပ်မက်တွေကိုရပ်တန့်မှာမဟုတ်ပါဘူး။

ဒါပေမယ့်လက်ရှိမှာပေါ့ဂ်ဘာနဲ့ပတ်သက်တဲ့အကြောင်းကိုမပြောတာဘဲကောင်းပါလိမ့်မယ်။

မန်ယူကစားသမားဟောင်းအချို့က ကျွန်တော်နဲ့ပေါ့ဂ်ဘာအကြောင်းမပြောတော့ဘူးဆိုရင် သူတို့တွေဘာအလုပ်မှလည်းဖြစ်တော့မှာမဟုတ်ပါဘူး။

လောလောဆယ်မှာတော့ ပေါ့ဂ်ဘာရဲ့စာချုပ်အကြောင်းပြောဖို့စောလွန်းနေပါသေးတယ်။

ဘာဖြစ်မလဲဆိုတာကြည့်ကြတာပေါ့။

ကျွန်တော်ကတော့ဘယ်သူ့ရဲ့အိပ်မက်ကိုမှ ရပ်တန့်စေလိုခြင်းမရှိပါဘူး” လို့ပြောခဲ့တာဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ပေါ့ဂ်ဘာဟာ ဒီရာသီအစပိုင်းမှာပုံစံကောင်းရခဲ့ပြီး ပထမဆုံးပရီးမီးယားလိဂ် ၄ ပွဲမှာဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်နောက်ပိုင်းမှာခြေစွမ်းပြန်ကျသွားလို့ မန်ယူလည်းရလဒ်ပိုင်းဆိုးခဲ့တဲ့အပြင် လီဗာပူးကို ၅-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲမှာ နဘီကီတာအပေါ်အဖျက်ကြမ်းခဲ့လို့ ထုတ်ပယ်ခံရပြီးနောက် သူ့အခြေအနေပိုမိုဆိုးရွားလာခဲ့ပါတယ်။

ဒါကြောင့်လည်း အတ္တလန္တာနဲ့ ၂-၂ သရေကျခဲ့တဲ့အဝေးကွင်းချန်ပီယံလိဂ်ပွဲမှာ ပွဲချိန်အစောပိုင်းမှာကတည်းက လူစားလဲခံခဲ့ရပြီးနောက်ပိုင်းမှာလည်း အရန်အဖြစ်သာရှိနေပါတော့တယ်။

လက်ရှိမှာသူဟာ ပြင်သစ်အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းနေစဥ် ရခဲ့တဲ့ပေါင်ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပါတယ်။

သူဟာဒီဒဏ်ရာကြောင့် ပြင်သစ်ရဲ့ခြေစစ်ပွဲတွေမှာမပါနိုင်ခဲ့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေပါ့ဂ္ဘာရဲ႕အနာဂတ္ကိုမွန္းဆႏိုင္မယ့္စကား ႐ြိဳင္အိုလာေျပာၿပီ

မန္ယူအသင္းကြင္းလယ္လူေပါ့ဂ္ဘာရဲ႕ေအးဂ်င့္ ႐ြိဳင္အိုလာကသူ႔ကစားသမားလက္ရွိအသင္းကေနထြက္ခြာႏိုင္တဲ့အေၾကာင္းကို တဲ့တိုးနီးပါးေျပာလိုက္ေၾကာင္းသိရပါတယ္။

႐ြိဳင္အိုလာက ဒီဇင္ဘာ ဆိုတာအိပ္မက္မ်ားရဲ႕လ လို႔ဆိုခဲ့တာျဖစ္လို႔ ေပါ့ဂ္ဘာဟာလာမယ့္ ဇန္နဝါရီမွာျပည္ပကလပ္တစ္ခုနဲ႔သေဘာတူညီခ်က္ရယူႏိုင္မယ့္ အလားအလာရွိေနပါတယ္။

ဒီျပင္သစ္လက္ေ႐ြးစင္ရဲ႕လက္ရွိစာခ်ဳပ္ဟာ လာမယ့္ရာသီကုန္ခ်ိန္မွာသက္တမ္းကုန္မွာျဖစ္လို႔ ဇန္နဝါရီမွာသူႀကိဳက္ႏွစ္သက္တဲ့ျပည္ပကလပ္တစ္ခုနဲ႔ ေဆြးေႏြးၿပီးအႀကိဳ သေဘာတူညီခ်က္ ရယူပိုင္ခြင့္ရွိေနပါတယ္။

ဒါဟာ ေပါ့ဂ္ဘာတစ္ေယာက္ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္နဲ႔ ပီအက္စ္ဂ်ီတို႔ဆီေရာက္သြားႏိုင္ဖို႔ နီးစပ္တဲ့သေဘာလည္းျဖစ္ပါတယ္။ အီတလီသတင္းဌာနတစ္ခုျဖစ္တဲ့ Rai နဲ႔ျပဳလုပ္တဲ့အင္တာဗ်ဴးမွာ ႐ြိဳင္အိုလာက”ဒီဇင္ဘာဆိုတာ အိပ္မက္ေတြရဲ႕လဗ်။ ကြၽန္ေတာ္လည္း အိပ္မက္ေတြကိုရပ္တန႔္မွာမဟုတ္ပါဘူး။

ဒါေပမယ့္လက္ရွိမွာေပါ့ဂ္ဘာနဲ႔ပတ္သက္တဲ့အေၾကာင္းကိုမေျပာတာဘဲေကာင္းပါလိမ့္မယ္။ မန္ယူကစားသမားေဟာင္းအခ်ိဳ႕က ကြၽန္ေတာ္နဲ႔ေပါ့ဂ္ဘာအေၾကာင္းမေျပာေတာ့ဘူးဆိုရင္ သူတို႔ေတြဘာအလုပ္မွလည္းျဖစ္ေတာ့မွာမဟုတ္ပါဘူး။

ေလာေလာဆယ္မွာေတာ့ ေပါ့ဂ္ဘာရဲ႕စာခ်ဳပ္အေၾကာင္းေျပာဖို႔ေစာလြန္းေနပါေသးတယ္။ ဘာျဖစ္မလဲဆိုတာၾကည့္ၾကတာေပါ့။ ကြၽန္ေတာ္ကေတာ့ဘယ္သူ႔ရဲ႕အိပ္မက္ကိုမွ ရပ္တန႔္ေစလိုျခင္းမရွိပါဘူး” လို႔ေျပာခဲ့တာျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ေပါ့ဂ္ဘာဟာ ဒီရာသီအစပိုင္းမွာပုံစံေကာင္းရခဲ့ၿပီး ပထမဆုံးပရီးမီးယားလိဂ္ ၄ ပြဲမွာဂိုးဖန္တီးမႈ ၇ ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ေနာက္ပိုင္းမွာေျခစြမ္းျပန္က်သြားလို႔ မန္ယူလည္းရလဒ္ပိုင္းဆိုးခဲ့တဲ့အျပင္ လီဗာပူးကို ၅-၀ နဲ႔ရႈံးနိမ့္ခဲ့တဲ့ အိမ္ကြင္းပြဲမွာ နဘီကီတာအေပၚအဖ်က္ၾကမ္းခဲ့လို႔ ထုတ္ပယ္ခံရၿပီးေနာက္ သူ႔အေျခအေနပိုမိုဆိုး႐ြားလာခဲ့ပါတယ္။

ဒါေၾကာင့္လည္း အတၱလႏၲာနဲ႔ ၂-၂ သေရက်ခဲ့တဲ့အေဝးကြင္းခ်န္ပီယံလိဂ္ပြဲမွာ ပြဲခ်ိန္အေစာပိုင္းမွာကတည္းက လူစားလဲခံခဲ့ရၿပီးေနာက္ပိုင္းမွာလည္း အရန္အျဖစ္သာရွိေနပါေတာ့တယ္။ လက္ရွိမွာသူဟာ ျပင္သစ္အသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းေနစဥ္ ရခဲ့တဲ့ေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ အနားယူေနရပါတယ္။ သူဟာဒီဒဏ္ရာေၾကာင့္ ျပင္သစ္ရဲ႕ေျခစစ္ပြဲေတြမွာမပါႏိုင္ခဲ့ပါဘူး။