ပေါ့ဂ်ဘာရဲ့လမ်းစဉ်အတိုင်းလိုက်ဖို့ ယူနိုက်တက်အသင်းထံ တာဟစ်ချောင် အသိပေးထားပြီးဟုဆို

Photo Credit

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်လူငယ်ကွင်းလယ်လူ တာဟစ်ချောင်ဟာ နောင်တော်ကြီးပေါ့ဂ်ဘာရဲ့လမ်းစဉ်အတိုင်းလိုက်ဖို့ ပြင်ဆင်နေပြီး လာမယ့်နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာဖို့ စိုင်းပြင်းနေတယ်လို့ သိရပါတယ်။

Photo Credit

အသက် ၁၉နှစ်အရွယ်ရှိ တာဟစ်ချောင်ဟာ ဇွန်လကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အခုဆိုရင် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက အဲဒီတောင်ပံကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရနိုင်တယ်လို့စိုးရိမ်နေပါတယ်။

Photo Credit

အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ တာဟစ်ချောင်ဟာ စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ဖို့အတွက် လက်ရှိကလပ်နဲ့ စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်တဲ့အကြောင်း ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဆီ အသိပေးအကြောင်းကြားထားကြောင်း သိရပါတယ်။

Photo Credit

တာဟစ်ချောင်ဟာ ယခုရာသီမှာ အသင်းကြီးအတွက် စုစုပေါင်း ၄ပွဲပဲကစားခွင့်ရရှိထားပြီး အောက်တိုဘာလ ၆ရက်နေ့က နယူးကာဆယ်အသင်းကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ နောက်ဆုံးအကြိမ်ပါဝင်ကစားခဲ့ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်က တာဟစ်ချောင်ကို ချဲလ်ဆီးအသင်းနဲ့အပြိုင် ဖီယင်နုအသင်းကနေ ခေါ်ယူခဲ့တာပါ။

Photo Credit

လက်ရှိအနေအထားအရ ယူနိုက်တက်ဟာ ၂၀၁၂ ခုနှစ်က ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးခဲ့ရသလိုမျိုး နောက်ထပ်အရည်အသွေးရှိလူငယ်ကစားသမားတစ်ဦးကို ဘာမှမရဘဲ လက်လွှတ်ခံရမယ့်အရေးနဲ့ရင်ဆိုင်နေရပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ၂၀၁၆ နွေရာသီမှာတော့ လွန်ခဲ့တဲ့ ၄နှစ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုခဲ့ရတဲ့ ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က) ပေါင် ၈၉သန်းနဲ့ ဂျူဗင်တပ်စ်အသင်းကနေ ပြန်လည်ခေါ်ယူခဲ့ရပါတယ်။

Photo Credit

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းကလည်း နာမည်ကြီးကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရာမှာ ထင်ရှားကျော်ကြားတဲ့အသင်းဖြစ်နေပြီး ခီဒီရာ၊ အဲလ်ဗက်စ်၊ ရမ်ဆေးနဲ့ရာဘီယော့တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ အသီးသီးခေါ်ယူခဲ့ပါတယ်။

Photo Credit

Zawgyi

ေပါ့ဂ္ဘာရဲ႕လမ္းစဥ္အတုိင္းလုိက္ဖို႔ ယူႏုိက္တက္အသင္းထံ တာဟစ္ေခ်ာင္ အသိေပးထားၿပီးဟုဆို

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္လူငယ္ကြင္းလယ္လူ တာဟစ္ေခ်ာင္ဟာ ေနာင္ေတာ္ႀကီးေပါ့ဂ္ဘာရဲ႕လမ္းစဥ္အတုိင္းလုိက္ဖို႔ ျပင္ဆင္ေနၿပီး လာမယ့္ေႏြရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ထြက္ခြာဖို႔ စိုင္းျပင္းေနတယ္လုိ႔ သိရပါတယ္။
အသက္ ၁၉ႏွစ္အရြယ္ရွိ တာဟစ္ေခ်ာင္ဟာ ဇြန္လကုန္မွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး အခုဆုိရင္ ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြက အဲဒီေတာင္ပံကစားသမားကုိ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ဆုံး႐ံႈးရႏိုင္တယ္လုိ႔စုိးရိမ္ေနပါတယ္။
အီတလီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ တာဟစ္ေခ်ာင္ဟာ စိန္ေခၚမႈအသစ္ေတြန႔ဲရင္ဆုိင္ဖို႔အတြက္ လက္ရွိကလပ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆုိမွာမဟုတ္တဲ့အေၾကာင္း ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြဆီ အသိေပးအေၾကာင္းၾကားထားေၾကာင္း သိရပါတယ္။
တာဟစ္ေခ်ာင္ဟာ ယခုရာသီမွာ အသင္းႀကီးအတြက္ စုစုေပါင္း ၄ပြဲပဲကစားခြင့္ရရွိထားၿပီး ေအာက္တုိဘာလ ၆ရက္ေန႔က နယူးကာဆယ္အသင္းကို ၁-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ ေနာက္ဆုံးအႀကိမ္ပါ၀င္ကစားခဲ့ပါတယ္။ သူဟာ ၂၀၁၆ ခုႏွစ္က တာဟစ္ေခ်ာင္ကို ခ်ဲလ္ဆီးအသင္းနဲ႔အၿပိဳင္ ဖီယင္ႏုအသင္းကေန ေခၚယူခဲ့တာပါ။
လက္ရွိအေနအထားအရ ယူႏုိက္တက္ဟာ ၂၀၁၂ ခုႏွစ္က ေပါ့ဂ္ဘာကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ဆုံး႐ံႈးခဲ့ရသလုိမ်ိဳး ေနာက္ထပ္အရည္အေသြးရွိလူငယ္ကစားသမားတစ္ဦးကို ဘာမွမရဘဲ လက္လႊတ္ခံရမယ့္အေရးနဲ႔ရင္ဆုိင္ေနရပါတယ္။
ယူႏုိက္တက္ဟာ ၂၀၁၆ ေႏြရာသီမွာေတာ့ လြန္ခဲ့တဲ့ ၄ႏွစ္က အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳခဲ့ရတဲ့ ေပါ့ဂ္ဘာကို ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထိုစဥ္က) ေပါင္ ၈၉သန္းနဲ႔ ဂ်ဴဗင္တပ္စ္အသင္းကေန ျပန္လည္ေခၚယူခဲ့ရပါတယ္။
စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္စ္အသင္းကလည္း နာမည္ႀကီးကစားသမားေတြကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရာမွာ ထင္ရွားေက်ာ္ၾကားတဲ့အသင္းျဖစ္ေနၿပီး ခီဒီရာ၊ အဲလ္ဗက္စ္၊ ရမ္ေဆးနဲ႔ရာဘီေယာ့တို႔ကို အလြတ္ေျပာင္းေရႊ႕ေၾကးေတြနဲ႔ အသီးသီးေခၚယူခဲ့ပါတယ္။