ပေါ့ဂ်ဘာရော ရွိုင်အိုလာပါ နှစ်ယောက်စလုံးဟာ ကျက်သရေတုံးတွေလို့ ပြောဆိုလိုက်တဲ့ကာရေဂါ

ပေါ့ဂ်ဘာဟာ မန်ယူကထွက်လိုနေကြောင်း သူ့အေးဂျင့်ဖြစ်သူက ကြေညာလိုက်အပြီးမှာ ဝေဖန်သုံးသပ်သူအဖြစ်လုပ်ကိုင်နေတဲ့ လီဗာပူးဂန္ထဝင်ဟောင်းကာရေဂါက အဲဒီပြင်သစ်သားဟာ သူမြင်ဖူသမျှထဲမှာ နာမည်ကြီးပြီးအသုံးမကျဆုံးသူဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့ကဲ အေးဂျင့်ရွိုင်အိုလာဟာ ပေါ့ဂ်ဘာကိုရောင်းဖို့ မန်ယူအသင်းကိုတိုက်တွန်းလိုက်ပြီး အဲဒီလိုမှ မဟုတ်ရင် သူ့စာချုပ်သက်တမ်းကုန်မယ့် ၂၀၂၂ ဇွန်မှာ ဘာမှမရဘဲနဲ့ လက်လွှတ်ရနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပေါ့ဂ်ဘာက စာချုပ်သစ်ချုပ်မှာမဟုတ်ဘူးလို့ သူက ပြောခဲ့တာပါ။ ရွိုင်အိုလာဟာ ပေါ့ဂ်ဘာရဲ့အနာဂါတ်မသေချာမှုကို လစ်ပ်ဇစ်နဲ့အရေးကြီးပွဲမတိုင်ခင် လူသိရှင်ကြားပြောခဲ့လို့ မန်ယူနည်းပြဆိုးလ်ရှားဟာလည်း ဒေါသထွက်နေမှာပါ။

ဒီအချိန်မှာ ကာရေဂါကလည်း ရွိုင်အိုလာရဲ့စကားကြောင့် ပေါ့ဂ်ဘာကို မန်ယူပျော်ပျော်ကြီးရောင်းချသင့်တယ်လို့ ဆိုလိုက်ပြီး သူတို့နှစ်ယောက်စလုံးကို ကျက်သရေတုံးတွေလို့လည်း ပြောလိုက်ပါတယ်။

”အသင်းကနေ ထုတ်ပစ်လိုက်စမ်းပါ။ ဒါမျိုးပြောနေတာ ၁၂ လရှိနေပြီ။ ကျွန်တော့်ဘဝမြင်ဖူးသမျှထဲမှာတော့ နာမည်ကြီးပြီး အသုံးမကျဆုံးသူပါပဲ။ သူတို့နှစ်ယောက်စလုံးမှာ ကျက်သရေတုံးတွေလို့လည်း ကျွန်တော် ထင်ပါတယ်”ကာရေဂါက Sky Sports ရုပ်သံကို ပြောခဲ့တာပါ။

” ဒီဘက်ခေတ်မှာ အေးဂျင့်တွေဟာ အေးဂျင့်သက်သက်မဟုတ်တော့ပါဘူး။ သူတို့ဟာ မိဘ၊ ဒါမှမဟုတ် အကောင်းဆုံးသူငယ်ချင်း၊ ဒါမှမဟုတ် ဘဏ္ဍာရေးအကြံပေးပါ။ သူတို့အတူ အားလပ်ရပ်အပန်းဖြေထွက်ကြတယ်။ ပေါ့ဂ်ဘာနဲ့ ရွိုင်အိုလာဟာလည်း အဲဒီလိုပါပဲ”လို့ ကာရေဂါက ဆက်ပြောပါတယ်။

“သူဟာ ပေါ့ဂ်ဘာရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်မှာပါ။ သူ့ပါးစပ်ကထွက်တဲ့ဟာကို ပေါ့ဂ်ဘာလည်း ကောင်းကောင်းသိမှာပေါ့။ အဲဒီလိုမှမဟုတ်ရင် သူ့အေးဂျင့်ကို သူဖြုတ်သင့်တာပေါ့။ အဲဒါက အရမ်းအရမ်းရိုးရှင်းပါတယ်”လို့ ကာရေဂါက ဆက်ပြောပါတယ်။

ဒါ့အပြင် ကာရေဂါက ပေါ့ဂ်ဘာရဲ့အဖြစ်ဟာ ၂၀၀၉ က စီရော်နယ်ဒို ရီးရဲလ်ပြောင်းတာနဲ့ တူညီတဲ့ပုံစံရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပေါ့ဂ်ဘာဟာ စီရော်နယ်ဒိုလို မန်ယူ ကသီလင်တဖြစ်ရမယ့်သူမျိုးမဟုတ်ကြောင်း ဆိုခဲ့ပါတယ်။

Zawgyi

ေပါ့ဂ္ဘာေရာ ရြိဳင္အုိလာပါ ႏွစ္ေယာက္စလုံးဟာ က်က္သေရတုံးေတြလုိ႔ ေျပာဆုိလုိက္တဲ့ကာေရဂါ

ေပါ့ဂ္ဘာဟာ မန္ယူကထြက္လုိေနေၾကာင္း သူ႔ေအးဂ်င့္ျဖစ္သူက ေၾကညာလုိက္အၿပီးမွာ ေ၀ဖန္သုံးသပ္သူအျဖစ္လုပ္ကိုင္ေနတဲ့ လီဗာပူးဂႏၳ၀င္ေဟာင္းကာေရဂါက အဲဒီျပင္သစ္သားဟာ သူျမင္ဖူသမွ်ထဲမွာ နာမည္ႀကီးၿပီးအသုံးမက်ဆုံးသူျဖစ္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။

ၿပီးခဲ့တဲ့တနလၤာေန႔ကဲ ေအးဂ်င့္ရြိဳင္အုိလာဟာ ေပါ့ဂ္ဘာကိုေရာင္းဖုိ႔ မန္ယူအသင္းကိုတုိက္တြန္းလိုက္ၿပီး အဲဒီလုိမွ မဟုတ္ရင္ သူ႔စာခ်ဳပ္သက္တမ္းကုန္မယ့္ ၂၀၂၂ ဇြန္မွာ ဘာမွမရဘဲနဲ႔ လက္လႊတ္ရႏိုင္ပါတယ္။

ဘာေၾကာင့္လဲဆုိေတာ့ ေပါ့ဂ္ဘာက စာခ်ဳပ္သစ္ခ်ဳပ္မွာမဟုတ္ဘူးလို႔ သူက ေျပာခဲ့တာပါ။ ရြိဳင္အုိလာဟာ ေပါ့ဂ္ဘာရဲ႕အနာဂါတ္မေသခ်ာမႈကုိ လစ္ပ္ဇစ္နဲ႔အေရးႀကီးပြဲမတုိင္ခင္ လူသိရွင္ၾကားေျပာခဲ့လုိ႔ မန္ယူနည္းျပဆုိးလ္ရွားဟာလည္း ေဒါသထြက္ေနမွာပါ။

ဒီအခ်ိန္မွာ ကာေရဂါကလည္း ရြိဳင္အုိလာရဲ႕စကားေၾကာင့္ ေပါ့ဂ္ဘာကို မန္ယူေပ်ာ္ေပ်ာ္ႀကီးေရာင္းခ်သင့္တယ္လုိ႔ ဆိုလုိက္ၿပီး သူတုိ႔ႏွစ္ေယာက္စလုံးကို က်က္သေရတုံးေတြလုိ႔လည္း ေျပာလုိက္ပါတယ္။

”အသင္းကေန ထုတ္ပစ္လိုက္စမ္းပါ။ ဒါမ်ိဳးေျပာေနတာ ၁၂ လရွိေနၿပီ။ ကၽြန္ေတာ့္ဘ၀ျမင္ဖူးသမွ်ထဲမွာေတာ့ နာမည္ႀကီးၿပီး အသုံးမက်ဆုံးသူပါပဲ။ သူတုိ႔ႏွစ္ေယာက္စလုံးမွာ က်က္သေရတုံးေတြလုိ႔လည္း ကၽြန္ေတာ္ ထင္ပါတယ္”ကာေရဂါက Sky Sports ရုပ္သံကို ေျပာခဲ့တာပါ။

” ဒီဘက္္ေခတ္မွာ ေအးဂ်င့္ေတြဟာ ေအးဂ်င့္သက္သက္မဟုတ္ေတာ့ပါဘူး။ သူတုိ႔ဟာ မိဘ၊ ဒါမွမဟုတ္ အေကာင္းဆုံးသူငယ္ခ်င္း၊ ဒါမွမဟုတ္ ဘ႑ာေရးအႀကံေပးပါ။ သူတုိ႔အတူ အားလပ္ရပ္အပန္းေျဖထြက္ၾကတယ္။ ေပါ့ဂ္ဘာနဲ႔ ရြိဳင္အုိလာဟာလည္း အဲဒီလုိပါပဲ”လုိ႔ ကာေရဂါက ဆက္ေျပာပါတယ္။

“သူဟာ ေပါ့ဂ္ဘာရဲ႕အေကာင္းဆုံးမိတ္ေဆြျဖစ္မွာပါ။ သူ႔ပါးစပ္ကထြက္တဲ့ဟာကို ေပါ့ဂ္္ဘာလည္း ေကာင္းေကာင္းသိမွာေပါ့။ အဲဒီလုိမွမဟုတ္ရင္ သူ႔ေအးဂ်င့္ကို သူျဖဳတ္သင့္တာေပါ့။ အဲဒါက အရမ္းအရမ္းရိုးရွင္းပါတယ္”လုိ႔ ကာေရဂါက ဆက္ေျပာပါတယ္။

ဒါ့အျပင္ ကာေရဂါက ေပါ့ဂ္ဘာရဲ႕အျဖစ္ဟာ ၂၀၀၉ က စီေရာ္နယ္ဒို ရီးရဲလ္ေျပာင္းတာနဲ႔ တူညီတဲ့ပုံစံရွိတယ္လုိ႔ ေျပာခဲ့ပါတယ္။ ဒါေပမဲ့ ေပါ့ဂ္ဘာဟာ စီေရာ္နယ္ဒိုလို မန္ယူ ကသီလင္တျဖစ္ရမယ့္သူမ်ိဳးမဟုတ္ေၾကာင္း ဆိုခဲ့ပါတယ္။