ပေါ့ဂ်ဘာထွက်ခွာရင် နစ်နာမှုများနိုင်တာက မန်ယူပါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ဘာဆက်ဆီဟာကို ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ အသင်းလူစာရင်းကနေ ဒဏ်ရာပြဿနာအကြောင်းပြပြီး ချန်လှပ်ထားခဲ့ရတဲ့ပေါ့ဂ်ဘာဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တော့မယ့်သတင်းတွေ ပိုပြီးကျယ်လောင်လာပါတယ်။

ပေါ့ဂ်ဘာ ဟာ ပွဲအပြီးမှာ သူ့ရဲ့အင်စတာဂရမ်စာမျက်နှာပေါ်မှာ အသင်းသားတွေရဲ့ အောင်ပွဲနဲ့ပတ်သက်ပြီး အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ် ကောင်လေးတွေလို့ အဓိပ္ပာယ်ရတဲ့စာကို ရေးတင်ထားခဲ့ပါတယ်။

မန်ယူတီဗီနဲ့အစီအစဉ်မှာ နည်းပြ ဆိုးလ်ရှားက “ပေါ့ဂ်ဘာရဲ့ခြေချင်းဝတ်ဒဏ်ရာက မသက်သာပါဘူး။ ဒီပွဲမတိုင်ခင် နောက်ဆုံးပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ သူ ပါဝင်ခဲ့ပေမယ့် ပွဲကစားမယ့် မနက်ပိုင်းမှာတော့ သူ မကစားနိုင်ဘူးဆိုတာ သေချာသွားခဲ့ပါတယ်” လို့ ပြောဆို ထားခဲ့တာပါ။

ပေါ့ဂ်ဘာအနေနဲ့ မန်ယူနဲ့ စာချုပ်သက်တမ်းက ၂၀၂၂ အထိ ရှိနေ သေးပြီး ဒီနှစ်ဘောလုံးရာသီမှာ သူ့ရဲ့ကွင်းအတွင်း အားထုတ်ကစားပုံတွေကို ပရိသတ်တွေက အားမလိုအားမရဖြစ်နေကြပြီး ပြီးခဲ့တဲ့နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ကစားသွားတဲ့ပုံစံနဲ့ တခြားစီပဲလို့ ဝေဖန်နေကြတာပါ။

ရီးရဲလ်ကနေ ကွင်းလယ်မှာ အသက်အရွယ်ရလာတဲ့ တိုနီခရူးစ်နဲ့ မိုဒရစ်တို့နေရာ မှာ အသက် ၂၇ နှစ်ရှိတဲ့ ပေါ့ဂ်ဘာကိုအစားထိုးဖို့ပြင်ဆင်နေပြီး သူဟာ နည်းပြ ဇီဒန်းအကြိုက် ကစားသမားတစ်ဦးလည်းဖြစ်နေပါတယ်။

ရီးရဲလ်အနေနဲ့ အမ်ဘတ်ပီကို ငွေသုံးပြီးခေါ်ယူဖို့စီစဉ်နေတဲ့သတင်းတွေ ထွက်နေတာကြောင့် ပေါ့ဂ်ဘာသာရောက်ရှိလာခဲ့ရင် ဇီဒန်း၊ ပေါ့ဂ်ဘာ၊ အမ်ဘတ်ပီတို့ ပြင်သစ်သား ၃ ဦးပူးပေါင်းပြီး ရီးရဲလ်ရဲ့အောင်မြင်မှုတွေကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယူဆနေတာပါ။

ပေါ့ဂ်ဘာအနေနဲ့ မန်ယူမှာထက်စာရင် ရီးရဲလ်မှာ ဆုဖလားတွေရယူနိုင်ဖို့ ပိုမိုဆန္ဒရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာ အဓိကပစ်မှတ်ထားနေတဲ့ မန်ယူ ကနေ ထွက်ခွာလိုနေတာလည်း ဖြစ်ပါတယ်။

မန်ယူအနေနဲ့ ပေါ့ဂ်ဘာကို ကွင်း အတွင်းအတွက် မလိုအပ်ရင်တောင် စပွန်ဆာစာချုပ်ကိစ္စအတွက် လိုအပ်နေပြီး အက်ဒီဒက်စ်နဲ့စာချုပ်ချုပ်ထားတဲ့ ပေါ့ဂ်ဘာဟာ ရီးရဲလ်ကိုရောက်ရှိသွားရင်တောင် ထိခိုက်မှုမရှိနိုင်ပေမယ့် မန်ယူအတွက်ကတော့ ဂျာစီရောင်းအားနဲ့ ကြော်ငြာဝင်ငွေ ကျဆင်းသွားတာမျိုးကြုံရနိုင်ပြီး ကမ္ဘာ့အဆင့်ကစားသမားတွေကို ခေါ်ယူတဲ့နေရာ မှာ ဆွဲဆောင်မှုကျဆင်းသွားတဲ့ပြဿနာနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေပါ့ဂ္ဘာထြက္ခြာရင္ နစ္နာမႈမ်ားႏိုင္တာက မန္ယူပါ

ၿပီးခဲ့တဲ့ ဘာဆက္ဆီဟာကို ဂိုးျပတ္အႏိုင္ရတဲ့ပြဲမွာ အသင္းလူစာရင္းကေန ဒဏ္ရာျပႆနာအေၾကာင္းျပၿပီး ခ်န္လွပ္ထားခဲ့ရတဲ့ေပါ့ဂ္ဘာဟာ ရီးရဲလ္မက္ဒ ရစ္ကို ေျပာင္းေ႐ႊ႕ေတာ့မယ့္သတင္းေတြ ပိုၿပီးက်ယ္ေလာင္လာပါတယ္။

ေပါ့ဂ္ဘာ ဟာ ပြဲအၿပီးမွာ သူ႔ရဲ႕အင္စတာဂရမ္စာမ်က္ႏွာေပၚမွာ အသင္းသားေတြရဲ႕ ေအာင္ပြဲနဲ႔ပတ္သက္ၿပီး အေကာင္းဆုံးလုပ္ႏိုင္ခဲ့ပါတယ္ ေကာင္ေလးေတြလို႔ အဓိပၸာယ္ရတဲ့စာကို ေရးတင္ထားခဲ့ပါတယ္။

မန္ယူတီဗီနဲ႔အစီအစဥ္မွာ နည္းျပ ဆိုးလ္ရွားက “ေပါ့ဂ္ဘာရဲ႕ေျခခ်င္းဝတ္ဒဏ္ရာက မသက္သာပါဘူး။ ဒီပြဲမတိုင္ခင္ ေနာက္ဆုံးျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ခန္းအစီအစဥ္မွာ သူ ပါဝင္ခဲ့ေပမယ့္ ပြဲကစားမယ့္ မနက္ပိုင္းမွာေတာ့ သူ မကစားႏိုင္ဘူးဆိုတာ ေသခ်ာသြားခဲ့ပါတယ္” လို႔ ေျပာဆို ထားခဲ့တာပါ။

ေပါ့ဂ္ဘာအေနနဲ႔ မန္ယူနဲ႔ စာခ်ဳပ္သက္တမ္းက ၂၀၂၂ အထိ ရွိေန ေသးၿပီး ဒီႏွစ္ေဘာလုံးရာသီမွာ သူ႔ရဲ႕ကြင္းအတြင္း အားထုတ္ကစားပုံေတြကို ပရိသတ္ေတြက အားမလိုအားမရျဖစ္ေနၾကၿပီး ၿပီးခဲ့တဲ့ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ ျပင္သစ္အသင္းအတြက္ ကစားသြားတဲ့ပုံစံနဲ႔ တျခားစီပဲလို႔ ေဝဖန္ေနၾကတာပါ။

ရီးရဲလ္ကေန ကြင္းလယ္မွာ အသက္အ႐ြယ္ရလာတဲ့ တိုနီခ႐ူးစ္နဲ႔ မိုဒရစ္တို႔ေနရာ မွာ အသက္ ၂၇ ႏွစ္ရွိတဲ့ ေပါ့ဂ္ဘာကိုအစားထိုးဖို႔ျပင္ဆင္ေနၿပီး သူဟာ နည္းျပ ဇီဒန္းအႀကိဳက္ ကစားသမားတစ္ဦးလည္းျဖစ္ေနပါတယ္။

ရီးရဲလ္အေနနဲ႔ အမ္ဘတ္ပီကို ေငြသုံးၿပီးေခၚယူဖို႔စီစဥ္ေနတဲ့သတင္းေတြ ထြက္ေနတာေၾကာင့္ ေပါ့ဂ္ဘာသာေရာက္ရွိလာခဲ့ရင္ ဇီဒန္း၊ ေပါ့ဂ္ဘာ၊ အမ္ဘတ္ပီတို႔ ျပင္သစ္သား ၃ ဦးပူးေပါင္းၿပီး ရီးရဲလ္ရဲ႕ေအာင္ျမင္မႈေတြကို ေဆာင္ၾကဥ္းေပးႏိုင္မယ္လို႔ ယူဆေနတာပါ။

ေပါ့ဂ္ဘာအေနနဲ႔ မန္ယူမွာထက္စာရင္ ရီးရဲလ္မွာ ဆုဖလားေတြရယူႏိုင္ဖို႔ ပိုမိုဆႏၵရွိေနၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္သာ အဓိကပစ္မွတ္ထားေနတဲ့ မန္ယူ ကေန ထြက္ခြာလိုေနတာလည္း ျဖစ္ပါတယ္။

မန္ယူအေနနဲ႔ ေပါ့ဂ္ဘာကို ကြင္း အတြင္းအတြက္ မလိုအပ္ရင္ေတာင္ စပြန္ဆာစာခ်ဳပ္ကိစၥအတြက္ လိုအပ္ေနၿပီး အက္ဒီဒက္စ္နဲ႔စာခ်ဳပ္ခ်ဳပ္ထားတဲ့ ေပါ့ဂ္ဘာဟာ ရီးရဲလ္ကိုေရာက္ရွိသြားရင္ေတာင္ ထိခိုက္မႈမရွိႏိုင္ေပမယ့္ မန္ယူအတြက္ကေတာ့ ဂ်ာစီေရာင္းအားနဲ႔ ေၾကာ္ျငာဝင္ေငြ က်ဆင္းသြားတာမ်ိဳးႀကဳံရႏိုင္ၿပီး ကမာၻ႔အဆင့္ကစားသမားေတြကို ေခၚယူတဲ့ေနရာ မွာ ဆြဲေဆာင္မႈက်ဆင္းသြားတဲ့ျပႆနာနဲ႔လည္း ႀကဳံေတြ႕ရႏိုင္ပါတယ္။