ပေါ့ဂ်ဘာကို လီဗာပူးဂန္ထဝင်ဂျရတ်နဲ့နှိုင်းယှဉ်လိုက်တဲ့ ပေါလ်စခိုး

photo-daily mail

photo-PA

ကွင်းလယ်လူပေါ့ဂ်ဘာဟာ လီဗာပူးအသင်းခေါင်းဆောင်ဟောင်းစတီဗင်ဂျရတ်နဲ့ ပုံစံဆင်တူတဲ့ကစားသမားတစ်ယောက်ဖြစ်ကြောင်း မန်ယူဂန္ထဝင်ဟောင်းပေါလ်စခိုးက ပြောကြားလိုက်ပါတယ်။ အဲဒီပြင်သစ်ကွင်းလယ်လူဟာ ဒီရာသီမှာ မကြာခဏဆိုသလို အနုတ်လက္ခဏာဆောင်တဲ့သတင်းတွေသာ ထွက်ခဲ့သူဖြစ်ပြီး ဒဏ်ရာကြောင့်လည်း မန်ယူအတွက် သိပ်ကစားခွင့်မရခဲ့ပါဘူး။ မကြာသေးခင်ကလည်း ပေါ့ဂ်ဘာဟာ လီဗာပူးဂန္ထဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ဂရေမီဆောင်းနက်စ်နဲ့ စကားများခဲ့ပေမယ့် ပေါလ်စခိုးကတော့ အဲဒီကမ္ဘာ့ဖလားချန်ပီယံရဲ့အရည်အချင်းအကြောင်းကိုသာ ပြောခဲ့တာပါ။

photo-gettyimages

”ကျွန်တော် ပေါ့ဂ်ဘာနဲ့ နည်းနည်းကစားဖူးပြီး အားလုံးကလည်း သူ့မှာရှိတဲ့အရည်အသွေးကို သိကြပါတယ်။ သူဟာ ဂျူဗင်တပ်မှာ အလွန်ကောင်းခဲ့သလို ကမ္ဘာ့ဖလားက ပြင်သစ်အသင်းမှာလည်း အလွန်ကောင်းခဲ့ပြီး မန်ယူမှာလည်း သူတကယ်ကောင်းခဲ့တဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ကွင်းလယ်လူတစ်ယောက်အနေနဲ့ သူဟာ အရာအားလုံးကို လုပ်နိုင်ပါတယ်။ မြန်နှုန်း၊ပါဝါနဲ့စကေးတို့မှာ စတီဗင်ဂျရတ်နဲ့ တူညီကောင်း တူညီနိုင်ပါတယ်။ သူဟာ လုံးဝကို အရာအားလုံးလုပ်နိုင်တာပါ”လို့ ပေါလ်စခိုးက ပြောခဲ့တာပါ။

photo-gettyimages

ပေါလ်စခိုးဟာ မန်ယူမှာ ပေါ့ဂ်ဘာနဲ့ရော အင်္ဂလန်အသင်းမှာ ဂျရတ်နဲ့ပါ အတူတွဲကစားဖူးသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ပေါ့ဂ်ဘာရဲ့လက်ရှိရာသီအနေအထားနဲ့ ဂျရတ်လိုကစားသမားမျိုးနဲ့နှိုင်းယှဉ်တာကတော့ အနည်းငယ်အံ့သြစရာဖြစ်ပါလိမ့်မယ်။ ပေါ့ဂ်ဘာဟာ ဒူးဒဏ်ရာရခဲ့တဲ့ ရာသီစကတည်းက မန်ယူအတွက် ပုံမှန်ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

[Zawgyi]

ေပါ့ဂ္ဘာကို လီဗာပူးဂႏၳ၀င္ဂ်ရတ္နဲ႔ႏိႈင္းယွဥ္လုိက္တဲ့ ေပါလ္စခိုး

ကြင္းလယ္လူေပါ့ဂ္ဘာဟာ လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္းစတီဗင္ဂ်ရတ္နဲ႔ ပုံစံဆင္တူတဲ့ကစားသမားတစ္ေယာက္ျဖစ္ေၾကာင္း မန္ယူဂႏၳ၀င္ေဟာင္းေပါလ္စခိုးက ေျပာၾကားလိုက္ပါတယ္။ အဲဒီျပင္သစ္ကြင္းလယ္လူဟာ ဒီရာသီမွာ မၾကာခဏဆုိသလို အႏုတ္လကၡဏာေဆာင္တဲ့သတင္းေတြသာ ထြက္ခဲ့သူျဖစ္ၿပီး ဒဏ္ရာေၾကာင့္လည္း မန္ယူအတြက္ သိပ္ကစားခြင့္မရခဲ့ပါဘူး။ မၾကာေသးခင္ကလည္း ေပါ့ဂ္ဘာဟာ လီဗာပူးဂႏၳ၀င္ေဟာင္းတစ္ေယာက္ျဖစ္တဲ့ဂေရမီေဆာင္းနက္စ္နဲ႔ စကားမ်ားခဲ့ေပမယ့္ ေပါလ္စခုိးကေတာ့ အဲဒီကမာၻ႔ဖလားခ်န္ပီယံရဲ႕အရည္အခ်င္းအေၾကာင္းကိုသာ ေျပာခဲ့တာပါ။

”ကၽြန္ေတာ္ ေပါ့ဂ္ဘာနဲ႔ နည္းနည္းကစားဖူးၿပီး အားလုံးကလည္း သူ႔မွာရွိတဲ့အရည္အေသြးကို သိၾကပါတယ္။ သူဟာ ဂ်ဴဗင္တပ္မွာ အလြန္ေကာင္းခဲ့သလို ကမာၻ႔ဖလားက ျပင္သစ္အသင္းမွာလညး္ အလြန္ေကာင္းခဲ့ၿပီး မန္ယူမွာလည္း သူတကယ္ေကာင္းခဲ့တဲ့အခ်ိန္ေတြ ရွိခဲ့ပါတယ္။ ကြင္းလယ္လူတစ္ေယာက္အေနနဲ႔ သူဟာ အရာအားလုံးကို လုပ္ႏိုင္ပါတယ္။ ျမန္ႏႈန္း၊ပါ၀ါနဲ႔စေကးတို႔မွာ စတီဗင္ဂ်ရတ္နဲ႔ တူညီေကာင္း တူညီႏိုင္ပါတယ္။ သူဟာ လုံး၀ကို အရာအားလုံးလုပ္ႏိုင္တာပါ”လို႔ ေပါလ္စခုိးက ေျပာခဲ့တာပါ။

ေပါလ္စခုိးဟာ မန္ယူမွာ ေပါ့ဂ္ဘာနဲ႔ေရာ အဂၤလန္အသင္းမွာ ဂ်ရတ္နဲ႔ပါ အတူတြဲကစားဖူးသူ ျဖစ္ပါတယ္။ ဒါေပမဲ့ ေပါ့ဂ္ဘာရဲ႕လက္ရွိရာသီအေနအထားနဲ႔ ဂ်ရတ္လုိကစားသမားမ်ိဳးနဲ႔ႏိႈင္းယွဥ္တာကေတာ့ အနည္းငယ္အံ့ၾသစရာျဖစ္ပါလိမ့္မယ္။ ေပါ့ဂ္ဘာဟာ ဒူးဒဏ္ရာရခဲ့တဲ့ ရာသီစကတည္းက မန္ယူအတြက္ ပုံမွန္ကစားေပးႏိုင္ျခင္း မရွိခဲ့ပါဘူး။