ပေါ့ဂ်ဘာကို ခေါ်ယူရေးအတွက် ဂျူဗင်တပ်စ်၏ကြိုးစားမှုကို ရော်နယ်ဒို ထောက်ခံ

Photo Credit

Photo Credit

ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုသည် မိမိတို့အသင်းအနေဖြင့် ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို လိုအပ်နေသည်ဟု အသင်းတာဝန်ရှိသူများကို တိုက်တွန်းပြောဆိုလိုက်သည်။ ဂျူဗင်တပ်စ်သည် ပြီးခဲ့သည့်နွေရာသီကတည်းက ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူရန် ရီးရဲလ်နှင့်အပြိုင် ကြိုးစားနေခဲ့သည်။

Photo Credit

ဂျူဗင်တပ်စ်၏အဓိကစပွန်ဆာရှင်များကလည်း အသင်း၏အသုံးစရိတ်အဖြစ် ပေါင်သန်း ၂၀၀ ထုတ်ပေးမည်ဖြစ်ရာ တူရင်အခြေစိုက်အသင်းကလည်း လာမည့်ဇန်နဝါရီလအတွင်း ၎င်းတို့၏ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ငွေကြေးအမြောက်အများသုံးစွဲရန် အသင့်ရှိနေသည်။

Photo Credit

အသက် ၂၆နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာသည် ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၂လကြာအနားယူခဲ့ရပြီးနောက် ယခုအခါ ပြန်ကစားနိုင်ရန် နီးစပ်နေပြီဖြစ်သည်။ ယခုအခါ ဂျူဗင်တပ်စ်ကြယ်ပွင့် ရော်နယ်ဒိုကလည်း ပေါ့ဂ်ဘာအား ခေါ်ယူရန် ကြိုးစားနေသည့်အသင်း၏လုပ်ဆောင်ချက်များကို ထောက်ခံခဲ့ကြောင်း သိရသည်။

Photo Credit

ရော်နယ်ဒိုသည် ယခုရာသီတွင် ကလပ်နှင့်ပေါ်တူဂီအသင်းတို့အတွက် ၁၉ပွဲကစား ၁၆ဂိုးသွင်းယူထားသော်လည်း ပေါ့ဂ်ဘာ၏အကွက်မြင်စွာပေးပို့နိုင်မှုများက ၎င်းအတွက် ဂိုးများပိုမိုသွင်းယူနိုင်ရန် အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်နေသည်။

Photo Credit

ရီးရဲလ်က ပေါ့ဂ်ဘာကို ခေါ်ယူရန် ပိုမိုရေပန်းစားနေဆဲဖြစ်ပြီး အသင်းတာဝန်ရှိသူများက ပေါင်သန်း ၁၃၀ဖြင့် ခေါ်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ ယူနိုက်တက်အသင်းကမူ ၂၀၁၆ နွေရာသီက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က) ပေါင် ၈၉သန်းဖြင့် ပြန်လည်ခေါ်ယူခဲ့သော ပေါ့ဂ်ဘာကို ပေါင်သန်း ၁၈၀ ရမှ လက်လွှတ်ခံဖွယ်ရှိနေသည်။

Photo Credit

သို့သော် ပေါ့ဂ်ဘာအနေဖြင့် အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် တစ်ပတ်လုပ်ခ ပေါင် ၆သိန်းအထိ တောင်းဆိုထားပြီး ယခုအထိလည်း စာချုပ်သစ်မချုပ်ဆိုနိုင်သေး၍ နွေရာသီအရောက်တွင် သက်တမ်းကုန်ဆုံးရန် ၁နှစ်သာကျန်ရှိတော့မည်ဖြစ်ရာ ပြောင်းရွှေ့ကြေးလည်း နည်းပါးသွားဖွယ်ရှိနေသည်။

Photo Credit

Zawgyi

ေပါ့ဂ္ဘာကို ေခၚယူေရးအတြက္ ဂ်ဴဗင္တပ္စ္၏ႀကိဳးစားမႈကို ေရာ္နယ္ဒို ေထာက္ခံ

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴးေရာ္နယ္ဒိုသည္ မိမိတို႔အသင္းအေနျဖင့္ ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာကို လုိအပ္ေနသည္ဟု အသင္းတာ၀န္ရွိသူမ်ားကို တိုက္တြန္းေျပာဆိုလုိက္သည္။ ဂ်ဴဗင္တပ္စ္သည္ ၿပီးခဲ့သည့္ေႏြရာသီကတည္းက ေပါ့ဂ္ဘာကို ျပန္လည္ေခၚယူရန္ ရီးရဲလ္ႏွင့္အၿပိဳင္ ႀကိဳးစားေနခဲ့သည္။
ဂ်ဴဗင္တပ္စ္၏အဓိကစပြန္ဆာရွင္မ်ားကလည္း အသင္း၏အသုံးစရိတ္အျဖစ္ ေပါင္သန္း ၂၀၀ ထုတ္ေပးမည္ျဖစ္ရာ တူရင္အေျခစုိက္အသင္းကလည္း လာမည့္ဇန္န၀ါရီလအတြင္း ၎တုိ႔၏ကစားသမားေဟာင္းကို ျပန္လည္ေခၚယူႏုိင္ေရးအတြက္ ေငြေၾကးအေျမာက္အမ်ားသုံးစြဲရန္ အသင့္ရွိေနသည္။
အသက္ ၂၆ႏွစ္အရြယ္ရွိ ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာသည္ ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ ၂လၾကာအနားယူခဲ့ရၿပီးေနာက္ ယခုအခါ ျပန္ကစားႏုိင္ရန္ နီးစပ္ေနၿပီျဖစ္သည္။ ယခုအခါ ဂ်ဴဗင္တပ္စ္ၾကယ္ပြင့္ ေရာ္နယ္ဒိုကလည္း ေပါ့ဂ္ဘာအား ေခၚယူရန္ ႀကိဳးစားေနသည့္အသင္း၏လုပ္ေဆာင္ခ်က္မ်ားကို ေထာက္ခံခဲ့ေၾကာင္း သိရသည္။
ေရာ္နယ္ဒိုသည္ ယခုရာသီတြင္ ကလပ္ႏွင့္ေပၚတူဂီအသင္းတုိ႔အတြက္ ၁၉ပဲြကစား ၁၆ဂိုးသြင္းယူထားေသာ္လည္း ေပါ့ဂ္ဘာ၏အကြက္ျမင္စြာေပးပို႔ႏိုင္မႈမ်ားက ၎အတြက္ ဂိုးမ်ားပုိမိုသြင္းယူႏုိင္ရန္ အေထာက္အကူျဖစ္လိမ့္မည္ဟု ယုံၾကည္ေနသည္။
ရီးရဲလ္က ေပါ့ဂ္ဘာကို ေခၚယူရန္ ပိုမိုေရပန္းစားေနဆဲျဖစ္ၿပီး အသင္းတာ၀န္ရွိသူမ်ားက ေပါင္သန္း ၁၃၀ျဖင့္ ေခၚယူႏိုင္လိမ့္မည္ဟု ယုံၾကည္ေနသည္။ ယူႏိုက္တက္အသင္းကမူ ၂၀၁၆ ေႏြရာသီက ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထိုစဥ္က) ေပါင္ ၈၉သန္းျဖင့္ ျပန္လည္ေခၚယူခဲ့ေသာ ေပါ့ဂ္ဘာကို ေပါင္သန္း ၁၈၀ ရမွ လက္လႊတ္ခံဖြယ္ရွိေနသည္။
သို႔ေသာ္ ေပါ့ဂ္ဘာအေနျဖင့္ အသင္းႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆုိရန္ တစ္ပတ္လုပ္ခ ေပါင္ ၆သိန္းအထိ ေတာင္းဆိုထားၿပီး ယခုအထိလည္း စာခ်ဳပ္သစ္မခ်ဳပ္ဆုိႏုိင္ေသး၍ ေႏြရာသီအေရာက္တြင္ သက္တမ္းကုန္ဆုံးရန္ ၁ႏွစ္သာက်န္ရွိေတာ့မည္ျဖစ္ရာ ေျပာင္းေရႊ႕ေၾကးလည္း နည္းပါးသြားဖြယ္ရွိေနသည္။