ပေါ့ဂ်ဘာကို ခေါ်ယူကယ်တင်ဖို့ မန်စီးတီးနဲ့ လီဗာပူးတို့ကို ဒါရင်းဘန့်တောင်းဆို

Photo-Internet
Photo-Internet

ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ မန်ယူအသင်းမှာ လိုတာထက်ပိုပြီးအပြစ်တင်ခံနေရတာကြောင့် သူ့ကိ လီဗာပူးနဲ့ မန်စီတီးတို့က ခေါ်ယူပြီးကယ်တင်ဖို့လိုနေတယ်လို့ တိုက်စစ်မှူ းဟောင်း ဒါရင်းဘန့်ကပြောလိုက်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဘန့်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်တို့မှာ ကလပ် ၉ ခုမှာကစားခဲ့သူဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ဒီရာသီမှာ မန်ယူအတွက်ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ၂၀၁၉ စက်တင်ဘာလကုန်ပိုင်းလောက်ကစပြီး ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပါတယ်။ မန်ယူပရိသတ်တွေဟာလည်း ပေါ့ဂ်ဘာရဲ့အားထုတ်မှုနဲ့ ကြိုးစားလိုစိတ်ကို မေးခွန်းထုတ်နေကြပါတယ်။ဒါကြောင့်လည်း ပေါ့ဂ်ဘာသာပြန်ရောက်လာမယ်ဆိုရင် မန်ယူဲ့အခြေအနေပိုဆိုးသွားနိုင်တယ်လို့  ယူဆနေကြတာပါ။

Photo-Internet

ချာလ်တန်နဲ့စပါးတို့ရဲ့တိုက်စစ်မှူ းဟောင်းဖြစ်သူ ဒါရင်းဘန့်ကတော့ ပေါ့ဘာဟာမန်ယူအသင်းရလဒ်မကောင်းတိုင်း အလွယ်တကူအပြစ်တင်ခံနေရလို့ သူ့ကိုခေါ်ယူပြီးကယ်တင်ပေးဖို့ ဘန့်ကတောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဘန့်က”ပေါ့ဂ်ဘာအတွက် ကျွန်တော်စိတ်မကောင်းပါဘူး။ သူဟာ အရာအရာတိုင်းအတွက် ဓါးစာခံဖြစ်နေရတာပါ။သူမကစားလည်း အလကားနေရင်း အပြစ်တင်ခံနေရပါတယ်။

Photo-Internet

ဆိုရှယ်မီဒီယာတွေကလည်း သူ့အတွက်အကူအညီမဖြစ်စေပါဘူ။ သူနေမကောင်းဘူးလို့ ပြောပြီးနောက် သူ့အစ်ကိုမင်္ဂလာဆောင်မှာ ကနေတာကိုတွေ့ရင်တော့ လူတွေကသူ့ကို မကောင်းတဲ့နည်းလမ်းနဲ့မြင်ဖို့ လမ်းကြောင်းပေးသလိုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အခုလိုဖြစ်နေမယ့်အစား မန်စိးတီးနဲ့ လီဗာပူးတို့ဆိရောက်သွားတာက သူ့အတွက်အရမ်းကိုအဆင်ပြေပါလိမ့်မယ်” လို့ပြောသွားပါတယ်။

Photo-Internet

ပေါ့ဂ်ဘာဟာ ဒဏ်ရာပြဿ     နာကြောင့် မကြာခဏအနားယူခဲ့ရပြီး ဒီရာသီမှာ ၇ ပွဲသာကစားရသေးလို့  သူဒဏ်ရာမကြာခဏရနေမှုကို စိုးရိမ်မူတွေကြီးထွားနေပါတယ်။ ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးနေ့ကလည်း သူပြန်ကစားခဲ့သေးပေမယ့် ဒဏ်ရာထပ်ရပြီး ခွဲစိတ်ကုသခဲ့ရလို့ ထပ်ပြီးအနားယူခဲ့ရသူဖြစ်ပါတယ်။

Photo-Internet

Zawgyi

ကြင္းလယ္လူ ေပါ့ဂ္ဘာဟာ မန္ယူအသင္းမွာ လိုတာထက္ပိုၿပီးအျပစ္တင္ခံေနရတာေၾကာင့္ သူ႔ကိ လီဗာပူးနဲ႔ မန္စီတီးတို႔က ေခၚယူၿပီးကယ္တင္ဖို႔လိုေနတယ္လို႔ တိုက္စစ္မွဴ းေဟာင္း ဒါရင္းဘန္႔ကေျပာလိုက္ပါတယ္။ အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ႔ ဘန္႔ဟာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံရွစ္တို႔မွာ ကလပ္ ၉ ခုမွာကစားခဲ့သူျဖစ္ပါတယ္။

ေပါ့ဂ္ဘာဟာ ဒီရာသီမွာ မန္ယူအတြက္ေျခစြမ္းျပႏိုင္ျခင္းမရွိဘဲ ၂၀၁၉ စက္တင္ဘာလကုန္ပိုင္းေလာက္ကစၿပီး ဒဏ္ရာေၾကာင့္ အနားယူေနရသူျဖစ္ပါတယ္။ မန္ယူပရိသတ္ေတြဟာလည္း ေပါ့ဂ္ဘာရဲ႕အားထုတ္မႈနဲ႔ ႀကိဳးစားလိုစိတ္ကို ေမးခြန္းထုတ္ေနၾကပါတယ္။ဒါေၾကာင့္လည္း ေပါ့ဂ္ဘာသာျပန္ေရာက္လာမယ္ဆိုရင္ မန္ယူဲ႕အေျခအေနပိုဆိုးသြားႏိုင္တယ္လို႔  ယူဆေနၾကတာပါ။

ခ်ာလ္တန္နဲ႔စပါးတို႔ရဲ႕တုိက္စစ္မွဴ းေဟာင္းျဖစ္သူ ဒါရင္းဘန္႔ကေတာ႔ ေပါ့ဘာဟာမန္ယူအသင္းရလဒ္မေကာင္းတိုင္း အလြယ္တကူအျပစ္တင္ခံေနရလို႔ သူ႔ကိုေခၚယူၿပီးကယ္တင္ေပးဖို႔ ဘန္႔ကေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ ဘန္႔က”ေပါ့ဂ္ဘာအတြက္ ကၽြန္ေတာ္စိတ္မေကာင္းပါဘူး။ သူဟာ အရာအရာတိုင္းအတြက္ ဓါးစာခံျဖစ္ေနရတာပါ။သူမကစားလည္း အလကားေနရင္း အျပစ္တင္ခံေနရပါတယ္။

ဆိုရွယ္မီဒီယာေတြကလည္း သူ႔အတြက္အကူအညီမျဖစ္ေစပါဘူ။ သူေနမေကာင္းဘူးလို႔ ေျပာၿပီးေနာက္ သူ႔အစ္ကိုမဂၤလာေဆာင္မွာ ကေနတာကိုေတြ႔ရင္ေတာ႔ လူေတြကသူ႔ကို မေကာင္းတဲ႔နည္းလမ္းနဲ႔ျမင္ဖို႔ လမ္းေၾကာင္းေပးသလိုျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ အခုလိုျဖစ္ေနမယ္႔အစား မန္စိးတီးနဲ႔ လီဗာပူးတို႔ဆိေရာက္သြားတာက သူ႔အတြက္အရမ္းကိုအဆင္ေျပပါလိမ့္မယ္” လို႔ေျပာသြားပါတယ္။

ေပါ့ဂ္ဘာဟာ ဒဏ္ရာျပႆ     နာေၾကာင့္ မၾကာခဏအနားယူခဲ့ရၿပီး ဒီရာသီမွာ ၇ ပြဲသာကစားရေသးလို႔  သူဒဏ္ရာမၾကာခဏရေနမႈကို စိုးရိမ္မူေတြႀကီးထြားေနပါတယ္။ ၿပီးခဲ့တဲ႔့ ေဘာက္ဆင္ေဒးေန႔ကလည္း သူျပန္ကစားခဲ့ေသးေပမယ္႔ ဒဏ္ရာထပ္ရၿပီး ခြဲစိတ္ကုသခဲ့ရလို႔ ထပ္ၿပီးအနားယူခဲ့ရသူျဖစ္ပါတယ္။