
photo-sky sports
photo-sport bible
မန်ယူကွင်းလယ်လူဟောင်းပေါလ်စခိုးလ်ဟာ လီဗာပူးကွင်းလယ်လူဟောင်းစတီဗင်ဂျရတ်ထက် ပိုကောင်းတယ်လို့ အာဆင်နယ်တိုက်စစ်မှုးဟောင်းသီယာရီဟင်နရီက ယုံကြည်နေပါတယ်။ Sky Sports ရဲ့ Monday Night Football အစီအစဉ်မှာ အဲဒီအာဆင်နယ်ဂန္ထဝင်ဟောင်းဟာ လက်ရှိကစားနေသူတွေထဲကပဲ ဖြစ်ဖြစ်၊ ကစားသမားဟောင်းတွေထဲကပဲ ဖြစ်ဖြစ် ဘယ်သူနဲ့တွဲကစားချင်လဲလို့ ပရိသတ်တစ်ယောက်ရဲ့မေးမြန်းခြင်းကို ခံခဲ့ရတာပါ။ Sky Sports စတူဒီယိုထဲမှာ ဂယ်ရီနဗီးလ်၊ကာရေဂါတိုနဲ့ အတူရှိနေတဲ့ဟင်နရီက တစ်ချက်စဉ်းစားပြီးတဲ့နောက် ပေါလ်စခိုးလ်လို့ ပြောလိုက်ပါတယ်။
photo-gettyimages
အဲဒါဟာ ဘာကြောင့်ဆိုတာကိုလည်း ရှင်းပြလိုက်ပါတယ်။ ”ပေါလ်စခိုးလ်ပါ။ သူနဲ့သိပ်မကွာတဲ့နောက်တစ်ယောက်ကတော့ စတီဗင်ဂျရတ်ပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ပေါလ်စခိုးလ်ကိုပဲ ရွေးရမယ်။ သူက ခေါင်းထဲမှာ ကြိုမြင်တတ်ပါတယ်။ သူဟာ မန်ယူကို အလုပ်ဖြစ်စေခဲ့တယ်။ ကျွန်တော်တို့ မန်ယူနဲ့ရင်ဆိုင်ရတိုင်း သူ့ကိုတားဆီးနိုင်မယ့်နည်းလမ်း ရှာဖွေဖို့ လိုအပ်ခဲ့ပါတယ်။ အဲဒါအမှန်ပါပဲ။ အရည်အသွေးအရ ဂျရတ်ကလည်း ပေါလ်စခိုးလ်နဲ့ အရမ်းကို နီးနီးကပ်ကပ်ရှိပါတယ်။ ဒါပေမဲ့ ပေါလ်စခိုးလ်က ပိုကောင်းပါတယ်”လို့ ဟင်နရီက ပြောခဲ့တာပါ။
photo-gettyimages
အရင်က အင်္ဂလန်ကွင်းလယ်ဟာ စာရွက်ပေါ်က လူစာရင်းအရ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ပေါလ်စခိုးလ်၊ဂျျရတ်၊လမ်းပတ်တို့နဲ့အင်္ဂလန်ကွင်းလယ်မှာ ဘယ်သူက အကောင်းဆုံဆိုတာနဲ့ပတ်သက်လို့လည်း အငြင်းပွားမှုတွေ ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဇာဗီနဲ့အင်နီယေစတာတို့လို စပိန်ကွင်းလယ်ဂန္ထဝင်တွေကတော့ ပေါလ်စခိုးလ်ကို ကွင်းလယ်မာစတာတစ်ယောက်အဖြစ် အသိအမှတ်ပြုလေးစားခဲ့ကြပါတယ်။
[Zawgyi]
ေပါလ္စခုိးလ္က ဂ်ရက္ထက္ ပိုေကာင္းတာ ဘာေၾကာင့္ဆုိတာ ရွင္းျပလုိက္တဲ့ ဟင္နရီ
မန္ယူကြင္းလယ္လူေဟာင္းေပါလ္စခုိးလ္ဟာ လီဗာပူးကြင္းလယ္လူေဟာင္းစတီဗင္ဂ်ရတ္ထက္ ပိုေကာင္းတယ္လုိ႔ အာဆင္နယ္တိုက္စစ္မႈးေဟာင္းသီယာရီဟင္နရီက ယုံၾကည္ေနပါတယ္။ Sky Sports ရဲ႕ Monday Night Football အစီအစဥ္မွာ အဲဒီအာဆင္နယ္ဂႏၳ၀င္ေဟာင္းဟာ လက္ရွိကစားေနသူေတြထဲကပဲ ျဖစ္ျဖစ္၊ ကစားသမားေဟာင္းေတြထဲကပဲ ျဖစ္ျဖစ္ ဘယ္သူနဲ႔တြဲကစားခ်င္လဲလို႔ ပရိသတ္တစ္ေယာက္ရဲ႕ေမးျမန္းျခငး္ကို ခံခဲ့ရတာပါ။ Sky Sports စတူဒီယုိထဲမွာ ဂယ္ရီနဗီးလ္၊ကာေရဂါတိုနဲ႔ အတူရွိေနတဲ့ဟင္နရီက တစ္ခ်က္စဥ္းစားၿပီးတဲ့ေနာက္ ေပါလ္စခိုးလ္လုိ႔ ေျပာလိုက္ပါတယ္။
အဲဒါဟာ ဘာေၾကာင့္ဆုိတာကိုလည္း ရွင္းျပလိုက္ပါတယ္။ ”ေပါလ္စခုိးလ္ပါ။ သူနဲ႔သိပ္မကြာတဲ့ေနာက္တစ္ေယာက္ကေတာ့ စတီဗင္ဂ်ရတ္ပါ။ ဒါေပမဲ့ ကၽြန္ေတာ္ကေတာ့ ေပါလ္စခုိးလ္ကိုပဲ ေရြးရမယ္။ သူက ေခါင္းထဲမွာ ႀကိဳျမင္တတ္ပါတယ္။ သူဟာ မန္ယူကို အလုပ္ျဖစ္ေစခဲ့တယ္။ ကၽြန္ေတာ္တို႔ မန္ယူနဲ႔ရင္ဆိုင္ရတုိင္း သူ႔ကိုတားဆီးႏိုင္မယ့္နည္းလမ္း ရွာေဖြဖို႔ လိုအပ္ခဲ့ပါတယ္။ အဲဒါအမွန္ပါပဲ။ အရည္အေသြးအရ ဂ်ရတ္ကလည္း ေပါလ္စခုိးလ္နဲ႔ အရမ္းကို နီးနီးကပ္ကပ္ရွိပါတယ္။ ဒါေပမဲ့ ေပါလ္စခုိးလ္က ပိုေကာင္းပါတယ္”လို႔ ဟင္နရီက ေျပာခဲ့တာပါ။
အရင္က အဂၤလန္ကြင္းလယ္ဟာ စာရြက္ေပၚက လူစာရင္းအရ အေကာင္းဆုံးျဖစ္ခဲ့ပါတယ္။ ေပါလ္စခုိးလ္၊ဂ််ရတ္၊လမ္းပတ္တို႔နဲ႔အဂၤလန္ကြင္းလယ္မွာ ဘယ္သူက အေကာင္းဆုံဆုိတာနဲ႔ပတ္သက္လုိ႔လည္း အျငင္းပြားမႈေတြ ရွိခဲ့ၾကပါတယ္။ ဒါေပမဲ့ ဇာဗီနဲ႔အင္နီေယစတာတုိ႔လုိ စပိန္ကြင္းလယ္ဂႏၳ၀င္ေတြကေတာ့ ေပါလ္စခုိးလ္ကို ကြင္းလယ္မာစတာတစ္ေယာက္အျဖစ္ အသိအမွတ္ျပဳေလးစားခဲ့ၾကပါတယ္။