M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လန်ဒန်မြို့ခံကလပ် အာဆင်နယ် က လာမယ့်ရာသီအတွက် တိုက်စစ်မှူးတယောက်ကို စျေးကွက်ထဲမှာ ရှာဖွေနေပါတယ်။
နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ အာဆင်နယ် က လက်ရှိစီးရီးအေ ချန်ပီယံ အင်တာမီလန် ရဲ့ အာဂျင်တီးနား တိုက်စစ်မှူး လော်တာရို မာတီနက်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူ့ရဲ့အခြေအနေကို စုံစမ်းခဲ့တယ်လို့ သိရပါတယ်။
မာတီနက်စ် ဟာ မနှစ်ကရာသီတုန်းက အင်တာမီလန် ကို စီးရီးအေမှာ ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေထဲက တယောက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အတွက် ပြိုင်ပွဲစုံ ၄၈ ပွဲပါဝင်ကစားပေးခဲ့ပြီး ၁၉ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
မကြာသေးခင်က ကျင်းပသွားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာလည်း အာဂျင်တီးနား နဲ့ အတူ ဆုဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။
ဒါကြောင့်မို့ ဥရောပအသင်းကြီးအချို့က မာတီနက်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အင်တာ ကတော့ သူတို့ရဲ့ တိုက်စစ်မှူးကို ပေါင် ၇၇ သန်း ( ယူရို သန်း ၉၀ ) လောက်ရမှသာ လက်လွှတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။
အာဆင်နယ် က မာတီနက်စ် ရဲ့ အခြေအနေကို စုံစမ်းခဲ့ပေမဲ့ သူတို့ရဲ့ အဓိကပစ်မှတ်မှာ ချဲလ်ဆီး တိုက်စစ်မှူး အေဘရာဟမ် သာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။
အေဘရာဟမ် ဟာ ချဲလ်ဆီးမှာ နေရာမရတာကြောင့် ထွက်ခွါချင်နေတာဖြစ်ပြီး အာဆင်နယ် ကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်းအတော်လေးများပါတယ်။
The Athletic သတင်းစာရဲ့ ဖော်ပြချက်အရ အာဆင်နယ် က အေဘရာဟမ် ကို တရာသီအဌားနဲ့အရင်ခေါ်ယူပြီး သဘောကျပါက ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်တဲ့ အချက်ကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုမယ်လို့ သိရပါတယ်။
အာဆင်နယ် က တာဗာရက်စ် ၊ လိုကွန်ဂါ တို့ကို တရားဝင်ခေါ်ယူပြီးသလို ဘရိုက်တန် ခံစစ်မှူး ဘန်ဝှိုက် ကိုလည်း ပေါင်သန်း ၅၀ နဲ့ မကြာခင်ခေါ်ယူနိုင်တော့မှာဖြစ်တာကြောင့် နောက်ထပ် ကစားသမားအသစ်ထပ်ခေါ်ဖို့အတွက် အသင်းမှာရှိတဲ့ ကစားသမားအချို့ကို ရောင်းထုတ်ဖို့ပြင်ဆင်နေပါတယ်။
ခြေစွမ်းပြသဖို့ရုန်းကန်နေရတဲ့ ပြင်သစ်တိုက်စစ်မှူး လာကာဇက် ကို အရင်ဆုံးရောင်းချဖို့ ကြိုးစားနေပြီး လာကာဇက် ရဲ့အပြောင်းအရွှေ့ကနေ ရလာမယ့် ငွေကြေးကို တိုက်စစ်မှူးအသစ်ခေါ်ယူဖို့ အသုံးပြုသွားဖွယ်ရှိနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ပေါင် ၇၇ သန်းတန်ကြေးရှိတဲ့ အင်တာမီလန် တိုက်စစ်မှူးရဲ့ အခြေအနေကို စုံစမ်းနေတဲ့ အာဆင်နယ်