
photo-daily mail
photo-gettyimages
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အာဆင်နယ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှုးအူဘာမီယန်ကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်လာပါတယ်။ အဲဒီဂါဘွန်ကြယ်ပွင့်ရဲ့စာချုပ်သက်တမ်းက ၂၀၂၁ နွေရာသီမှာ ကုန်ဆုံးမှာဆိုတော့ အာဆင်နယ်ဘက်က သူတို့ရဲ့အဓိကကစားသမားအတွက် ငွေရှာနိုင်တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။
photo-gettyimages
အသက် ၃၀ အရွယ်အူဘာမီယန်တစ်ယောက် စာချုပ်သစ်မချုပ်တော့မှာကို အာဆင်နယ်တာဝန်ရှိသူတွေဘက်က လက်ခံလိုက်ရပြီဖြစ်လို့ မန်ယူနည်းပြဆိုးလ်ရှားက အခွင့်အရေးယူဖို့ အသင့်ဖြစ်နေတာပါ။ အာဆင်နယ်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရသလို လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၉ နေရာကိုရောက်နေလို့ အသင်းကနေ အူဘာမီယန်ထွက်တော့မယ့်ဆိုတဲ့သတင်းတွေက အဆက်မပြတ်ထွက်ပေါ်နေတာပါ။ အာဆင်နယ်ဟာ အူဘာမီယန်ကို ၂၀၁၈ ဇန်နဝါရီတုန်းက ဒေ့ါမန်ကနေ အသင်းစံချိန်တင်ကြေး ပေါင် ၅၆ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ ဘာစီလိုနာနဲ့ပီအက်စ်ဂျီတို့ကလည်း အဲဒီဂါဘွန်သားကို စိတ်ဝင်စားနေကြပါတယ်။
photo-gettyimages
မန်ယူဟာ ပြီးခဲ့တဲ့ဇန်နဝါရီမှာ အစ်ဟာလိုကို တရုတ်ကလပ်ရှန်ဟိုင်းရှင်ဟွာကနေ အငှားခေါ်ယူခဲ့သလို အဲဒီနိုင်ဂျီးရီးယားသားကလည်း အိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းပြနေပေမယ့် အသင်းမှာ သူဘယ်လောက်ကြာကြာ ဆက်ရှိနေမလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ မန်ယူအနေနဲ့ လူကာကူနေရာ ရေရှည်အစားထိုးမှုမလုပ်ရသေးဘဲ ရက်ရှ်ဖို့ဒ်နဲ့မာရှယ်တို့ကလည်း ဒီရာသီမှာ ဒဏ်ရာပြသနာတွေရှိခဲ့ကြတာပါ။ အခု မန်ယူခြေဦးလှည့်လာတဲ့အူဘာမီယန်ဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ် ဂိုး ၂၀ သွင်းထားပြီး ပြီးခဲ့တဲ့ရာသီက ၃၁ ဂိုးသွင်းထားတာပါ။
[Zawgyi]
ေပါင္သန္း ၅၀ နဲ႔ အူဘာမီယန္ဘက္ကိုေျခဦးလွည့္လာတဲ့ မန္ယူ
မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္အာဆင္နယ္အသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္မႈးအူဘာမီယန္ကို ေပါင္သန္း ၅၀ နဲ႔ ကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြထြက္လာပါတယ္။ အဲဒီဂါဘြန္ၾကယ္ပြင့္ရဲ႕စာခ်ဳပ္သက္တမး္က ၂၀၂၁ ေႏြရာသီမွာ ကုန္ဆုံးမွာဆုိေတာ့ အာဆင္နယ္ဘက္က သူတုိ႔ရဲ႕အဓိကကစားသမားအတြက္ ေငြရွာႏိုင္တယ္လုိ႔ The Sun သတင္းစာက ေဖာ္ျပခဲ့ပါတယ္။
အသက္ ၃၀ အရြယ္အူဘာမီယန္တစ္ေယာက္ စာခ်ဳပ္သစ္မခ်ဳပ္ေတာ့မွာကို အာဆင္နယ္တာ၀န္ရွိသူေတြဘက္က လက္ခံလုိက္ရၿပီျဖစ္လို႔ မန္ယူနည္းျပဆုိးလ္ရွားက အခြင့္အေရးယူဖို႔ အသင့္ျဖစ္ေနတာပါ။ အာဆင္နယ္ဟာ ယူရိုပါလိဂ္ၿပိဳင္ပြဲက ထြက္ခဲ့ရသလို လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာလည္း အဆင့္ ၉ ေနရာကိုေရာက္ေနလုိ႔ အသင္းကေန အူဘာမီယန္ထြက္ေတာ့မယ့္ဆုိတဲ့သတင္းေတြက အဆက္မျပတ္ထြက္ေပၚေနတာပါ။ အာဆင္နယ္ဟာ အူဘာမီယန္ကို ၂၀၁၈ ဇန္န၀ါရီတုနး္က ေဒ့ါမန္ကေန အသင္းစံခ်ိန္တင္ေၾကး ေပါင္ ၅၆ သန္းနဲ႔ ေခၚယူခဲ့တာပါ။ ဘာစီလိုနာနဲ႔ပီအက္စ္ဂ်ီတို႔ကလည္း အဲဒီဂါဘြန္သားကို စိတ္၀င္စားေနၾကပါတယ္။
မန္ယူဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီမွာ အစ္ဟာလိုကို တရုတ္ကလပ္ရွန္ဟုိင္းရွင္ဟြာကေန အငွားေခၚယူခဲ့သလုိ အဲဒီႏုိင္ဂ်ီးရီးယားသားကလည္း အိုးလ္ထရက္ဖုိ႔ဒ္မွာ ေျခစြမ္းျပေနေပမယ့္ အသင္းမွာ သူဘယ္ေလာက္ၾကာၾကာ ဆက္ရွိေနမလဲဆိုတာ ရွင္းရွင္းလင္းလင္းမရွိေသးပါဘူး။ မန္ယူအေနနဲ႔ လူကာကူေနရာ ေရရွည္အစားထုိးမႈမလုပ္ရေသးဘဲ ရက္ရွ္ဖုိ႔ဒ္နဲ႔မာရွယ္တုိ႔ကလည္း ဒီရာသီမွာ ဒဏ္ရာျပသနာေတြရွိခဲ့ၾကတာပါ။ အခု မန္ယူေျခဦးလွည့္လာတဲ့အူဘာမီယန္ဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္ ဂိုး ၂၀ သြင္းထားၿပီး ၿပီးခဲ့တဲ့ရာသီက ၃၁ ဂိုးသြင္းထားတာပါ။