ပေါင်သန်း ၂၅၀ အထိသုံးထားလို့ လမ်းပတ်အန္တရာယ်ရှိနေတယ်လို့ ဂါးလက်စ်သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နွေရာသီက အသုံးစရိတ်ပေါင်သန်း ၂၅၀ အထိသုံးစွဲထားတာကြောင့် လမ်းပတ်ရဲ့ ချဲလ်ဆီးနည်ပြရာထူး က အန္တရာယ်ရှိနေပြီလို့ သူ့ကစားဖော်ဟောင်း ဝီလျံဂါးလက်စ်က သတိပေးလိုက်ပါတယ်။ ချဲလ်ဆီးပိုင်ရှင် မိုဗစ် ဟာ ပြီးခဲ့တဲ့နွေရာသီက လမ်းပတ်အတွက် ပြင်ဆင်မှုအကြီးအကျယ်လုပ်ပေးခဲ့ပြီး မန်ဒီ၊ ဟာကင်ဇီယက်ချ်၊ တီမိုဝါနာ၊ ကိုင်ဟာဗက်ဇ်နဲ့ သီယာဂိုဆေးလ်ဗား တို့ကိုခေါ်ယူခဲ့ပြီး အသုံးစရိတ်ကပေါင်သန်း ၂၅၀ အထိရှိခဲ့ ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးဟာ ခြေစွမ်းမမှန်ဘဲဖြစ်နေပြီး ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ မန် ယူနဲ့ ၁၀ မှတ်ကွာဟကာ အဆင့် ၉ ကိုရောက်နေပါတယ်။ လမ်းပတ်ကတော့ ချဲလ်ဆီးပိုမိုတည်ငြိမ်ဖို့နဲ့ ပရီးမီး ယားလိဂ် ချန်ပီယံဖြစ်ဖို့အတွက် ကစားသမားသစ်ပိုပြီးလိုအပ်နေတယ်လို့ ဆိုထားပေမယ့် ဂါးလက်စ်ကတော့ ပြီးခဲ့တဲ့နွေရာသီက ပေါင်သန်း ၂၅၀ အထိသုံးပေးနေတာနဲ့တင် လုံလောက်နေပြီလို့ ပြောပါတယ်။

သူက” လမ်းပတ်ရဲ့အနေအထားက တကယ်အန္တရာယ်ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ချဲလ်ဆီးရဲ့လက် ရှိရပ်တည်မှုက လက်ခံနိုင်စရမရှိပါဘူး။ သူတို့ဟာ ထိပ်ဆုံး ၃ သင်းထဲရောက်နေသင့်တာပါ။ ပြီးခဲ့တဲ့နွေရာသီက ငွေ အများကြီးသုံးထားတဲ့အတွက် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးဗိုလ်စွဲတာကို ဘုတ်အဖွဲ့ကမြင်ချင်မှာဘဲ။ ဒါ ကြောင့် လက်ရှိအခြေအနေကို ဘုတ်အဖွဲ့က ကျေနပ်နေလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။

ဒါကြောင့် လမ်းပတ် အနေနဲ့ အနည်းဆုံးတော့ ထိပ်ဆုံး ၃ သင်းထဲဝင်အောင် လုပ်ပြရပါလိမ့်မယ်။ ပေါင်သန်း ၂၅၀ အထိသုံးပေးခဲ့ တယ်ဆိုကတည်းက သူတို့တွေချန်ပီယံဖြစ်ချင်‌ လို့ဆိုတာထင်ရှားနေတာဘဲ။ အသင်းကြီးတွေနဲ့ထိပ်တိုက်တွေ့ ရာမှာလည်း ချဲလ်ဆီးက စွမ်းဆောင်ရည်ကောင်းမပြနိုင်ခဲ့ပါဘူး။ ဒါကြောင့် သူ့ရာထူးက အန္တရာယ်ရှိနေတာပါ။ ” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် လမ်းပတ်မှာလည်း လုပ်ရကိုင်ရခက်တဲ့ အခြေအနေရှိနေတယ်လို့တော့ ဂါးလက်စ်ကဝန်ခံပါတယ်။ အထူးသဖြင့် တီမိုဝါနာကို ငွေကြေးအများကြီးနဲ့ ဘုတ်အဖွဲ့က ခေါ်ယူပေးထားတာကြောင့် ကစားသမားကခြေ စွမ်း မပြနိုင်တာတောင်မှ လမ်းပတ်က ပွဲတိုင်းမဖြစ်မနေထုတ်သုံးနေရတာကို ဂါးလက်စ်ကထောက်ပြပါတယ်။

ဝါနာဟာ အက်ဖ်အေဖလားပွဲမှာ လိဂ် ၂ ကလပ် မိုးကမ်ဘီနဲ့တွေ့တော့ ဂိုးသွင်းနိုင်ခဲ့ပေမယ့် အဲဒီပွဲမတိုင်ခင်မှာ ၁၂ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း လမ်းပတ်အနေနဲ့ ဒီအခက်အခဲကိုမကြာခင် မှာဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဆက်လက်ပြောကြားသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ၿပီးခဲ့တဲ့ေႏြရာသီက အသုံးစရိတ္ေပါင္သန္း ၂၅၀ အထိသုံးစြဲထားတာေၾကာင့္ လမ္းပတ္ရဲ႕ ခ်ဲလ္ဆီးနည္ျပရာထူး က အႏၲရာယ္ရွိေနၿပီလို႔ သူ႔ကစားေဖာ္ေဟာင္း ဝီလ်ံဂါးလက္စ္က သတိေပးလိုက္ပါတယ္။ ခ်ဲလ္ဆီးပိုင္ရွင္ မိုဗစ္ ဟာ ၿပီးခဲ့တဲ့ေႏြရာသီက လမ္းပတ္အတြက္ ျပင္ဆင္မႈအႀကီးအက်ယ္လုပ္ေပးခဲ့ၿပီး မန္ဒီ၊ ဟာကင္ဇီယက္ခ်္၊ တီမိုဝါနာ၊ ကိုင္ဟာဗက္ဇ္နဲ႔ သီယာဂိုေဆးလ္ဗား တို႔ကိုေခၚယူခဲ့ၿပီး အသုံးစရိတ္ကေပါင္သန္း ၂၅၀ အထိရွိခဲ့ ပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးဟာ ေျခစြမ္းမမွန္ဘဲျဖစ္ေနၿပီး ပရီးမီးယားလိဂ္မွာ ထိပ္ဆုံးကဦးေဆာင္ေနတဲ့ မန္ ယူနဲ႔ ၁၀ မွတ္ကြာဟကာ အဆင့္ ၉ ကိုေရာက္ေနပါတယ္။

လမ္းပတ္ကေတာ့ ခ်ဲလ္ဆီးပိုမိုတည္ၿငိမ္ဖို႔နဲ႔ ပရီးမီး ယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔အတြက္ ကစားသမားသစ္ပိုၿပီးလိုအပ္ေနတယ္လို႔ ဆိုထားေပမယ့္ ဂါးလက္စ္ကေတာ့ ၿပီးခဲ့တဲ့ေႏြရာသီက ေပါင္သန္း ၂၅၀ အထိသုံးေပးေနတာနဲ႔တင္ လုံေလာက္ေနၿပီလို႔ ေျပာပါတယ္။ သူက” လမ္းပတ္ရဲ႕အေနအထားက တကယ္အႏၲရာယ္ရွိေနတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ခ်ဲလ္ဆီးရဲ႕လက္ ရွိရပ္တည္မႈက လက္ခံႏိုင္စရမရွိပါဘူး။ သူတို႔ဟာ ထိပ္ဆုံး ၃ သင္းထဲေရာက္ေနသင့္တာပါ။ ၿပီးခဲ့တဲ့ေႏြရာသီက ေငြ အမ်ားႀကီးသုံးထားတဲ့အတြက္ ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးဗိုလ္စြဲတာကို ဘုတ္အဖြဲ႕ကျမင္ခ်င္မွာဘဲ။ ဒါ ေၾကာင့္ လက္ရွိအေျခအေနကို ဘုတ္အဖြဲ႕က ေက်နပ္ေနလိမ့္မယ္လို႔ ကြၽန္ေတာ္မထင္ဘူး။ ဒါေၾကာင့္ လမ္းပတ္ အေနနဲ႔ အနည္းဆုံးေတာ့ ထိပ္ဆုံး ၃ သင္းထဲဝင္ေအာင္ လုပ္ျပရပါလိမ့္မယ္။ ေပါင္သန္း ၂၅၀ အထိသုံးေပးခဲ့ တယ္ဆိုကတည္းက သူတို႔ေတြခ်န္ပီယံျဖစ္ခ်င္‌ လို႔ဆိုတာထင္ရွားေနတာဘဲ။ အသင္းႀကီးေတြနဲ႔ထိပ္တိုက္ေတြ႕ ရာမွာလည္း ခ်ဲလ္ဆီးက စြမ္းေဆာင္ရည္ေကာင္းမျပႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ သူ႔ရာထူးက အႏၲရာယ္ရွိေနတာပါ။ ” လို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္ လမ္းပတ္မွာလည္း လုပ္ရကိုင္ရခက္တဲ့ အေျခအေနရွိေနတယ္လို႔ေတာ့ ဂါးလက္စ္ကဝန္ခံပါတယ္။ အထူးသျဖင့္ တီမိုဝါနာကို ေငြေၾကးအမ်ားႀကီးနဲ႔ ဘုတ္အဖြဲ႕က ေခၚယူေပးထားတာေၾကာင့္ ကစားသမားကေျခ စြမ္း မျပႏိုင္တာေတာင္မွ လမ္းပတ္က ပြဲတိုင္းမျဖစ္မေနထုတ္သုံးေနရတာကို ဂါးလက္စ္ကေထာက္ျပပါတယ္။ ဝါနာဟာ အက္ဖ္ေအဖလားပြဲမွာ လိဂ္ ၂ ကလပ္ မိုးကမ္ဘီနဲ႔ေတြ႕ေတာ့ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ အဲဒီပြဲမတိုင္ခင္မွာ ၁၂ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္လည္း လမ္းပတ္အေနနဲ႔ ဒီအခက္အခဲကိုမၾကာခင္ မွာေျဖရွင္းႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္းလည္း ဆက္လက္ေျပာၾကားသြားပါတယ္။