ပေါင်သန်း ၁၇၀ အထိဆုံးရှုံးရမယ့်အပြင် ဂွာဒီယိုလာကိုပါလက်လွှတ်ရနိုင်တဲ့ မန်စီးတီး

Photo- Internet
Photo- Internet

မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရလို့ ဒီကာလအတွင်းမှာပေါင်သန်း ၁၇၀ အထိဆုံးရှုံးရမယ့်အပြင် နည်းပြဂွာဒီယိုလာကိုပါလက်လွှတ်ရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒီပြစ်ဒဏ်ကို မနေ့ညက ချမှတ်ခံခဲ့ရတာဖြစ်ပြီး ဒဏ်ငွေပေါင် ၂၅ သန်းလည်းပေးဆောင်ရမှာဖြစ်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ကနေပေါင် ၈၆ သန်းရရှိခဲ့တာဖြစ်ပြီး ၂ နှစ်မပါဝင်ရဘူးဆိုရင် ပေါင်သန်း ၁၇၀ အထိဆုံးရှုံးရမှာဖြစ်ပါတယ်။ ဒီလိုဝင်ငွေများခဲ့ပေမယ့် မန်စီးတီးဟာပြီးခဲ့တဲ့ရာသီတုန်းကပေါင် ၁၀ သန်းသာအမြတ်ရခဲ့လို့ ချန်ပီယံလိဂ်ဝင်ငွေဆုံးရှုံးမှုဟာသူတို့ကိုထိခိုက်မှုကြီးမား စေမှာဖြစ်ပါတယ်။

Photo- Internet

လက်ရှိမှာမန်စီးတီးဟာ ဒီပြစ်ဒဏ်အတွက်ဆွစ်ဇာလန်မှာရှိတဲ့ အားကစားခုံသမာဓိရုံးဆီ အယူခံဝင်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့်လည်းအယူခံမအောင်မြင်ခဲ့ရင် နည်းပြဂွာဒီယိုလာဟာလည်း အသင်းကိုစွန့်ခွာဖွယ်ရှိနေပါတယ်။ ဂွာဒီယိုလာဟာ သူ့နည်းပြဘဝမှာ နှစ်တိုင်းချန်ပီယံလိဂ်ယှဉ်ပြိုင်ခဲ့ရသူဖြစ်လို့ မန်စီးတီးအယူခံမအောင်မြင်ရင် အသင်းနဲ့လမ်းခွဲဖို့သေချာသလောက်ရှိနေပါတယ်။

Photo- Internet

ဒါကြောင့်လည်း ဘွတ်ကီတွေက ဂွာဒီယိုလာတစ်ယောက်ရာသီကုန်ရင် မန်စီးတီးနဲ့လမ်းခွဲမယ်ဆိုတဲ့ကြေးကိုလည်းစတင်ဖွင့်လှစ်နေတာဖြစ်ပါတယ်။ လက်ရှိ Ladbrokes ရဲ့ဖွင့်လှစ်မှုအရ ၁/၂ ဖြစ်တယ်လို့လည်းသိရပါတယ်။ မန်စီးတီးဟာ လက်ရှိပြစ်ဒဏ်ချမှတ်မှုအတိုင်းဆိုရင် ၂၀၁၀-၂၁ နဲ့ ၂၀၂၁-၂၂ ဘောလုံးရာသီတို့မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာ မဟုတ်ပါဘူး။

Photo- Internet

ဂွာဒီယိုလာဟာ ၂၀၁၆ ကမန်စီးတီးကိုစတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး သူ့လက်ရှိစာချုပ်က ၂၀၂၁ နွေရာသီမှာသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ သူဟာမန်စီးတီးကို ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့နှစ်ကြိမ်ဆက်ရယူပေးခဲ့တဲ့အပြင် လိဂ်ဖလား ၂ ကြိမ်နဲ့ အက်ဖ်အေဖလားတစ်ကြိမ်တို့ကိုလည်း ဆွတ်ခူးပေးခဲ့ပါတယ်။

Photo- Internet

Zawgyi

ေပါင္သန္း ၁၇၀ အထိဆုံးရႈံးရမယ္႔အျပင္ ဂြာဒီယိုလာကိုပါလက္လႊတ္ရႏိုင္တဲ႔ မန္စီးတီး

မန္စီးတီးအသင္းဟာ ဘ႑ာေရးစည္းမ်ဥ္းခ်ဳိးေဖာက္မႈေၾကာင့္ ခ်န္ပီယံလိဂ္၀င္ခြင့္ ၂ ႏွစ္ပိတ္ပင္ခံခဲ့ရလို႔ ဒီကာလအတြင္းမွာေပါင္သန္း ၁၇၀ အထိဆုံးရႈံးရမယ္႔အျပင္ နည္းျပဂြာဒီယိုလာကိုပါလက္လႊတ္ရမယ္႔အေျခအေနနဲ႔ ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။ ဒီျပစ္ဒဏ္ကို မေန႔ညက ခ်မွတ္ခံခဲ့ရတာျဖစ္ၿပီး ဒဏ္ေငြေပါင္ ၂၅ သန္းလည္းေပးေဆာင္ရမွာျဖစ္ပါတယ္။

မန္စီးတီးဟာ ၿပီးခဲ့တဲ႔ရာသီတုန္းက ခ်န္ပီယံလိဂ္ကေနေပါင္ ၈၆ သန္းရရွိခဲ့တာျဖစ္ၿပီး ၂ ႏွစ္မပါ၀င္ရဘူးဆိုရင္ ေပါင္သန္း ၁၇၀ အထိဆုံးရႈံးရမွာျဖစ္ပါတယ္။ ဒီလို၀င္ေငြမ်ားခဲ႔ေပမယ္႔ မန္စီးတီးဟာၿပီးခဲ႔တဲ႔ရာသီတုနး္ကေပါင္ ၁၀ သန္းသာအျမတ္ရခဲ့လို႔ ခ်န္ပီယံလိဂ္၀င္ေငြဆုံးရႈံးမႈဟာသူတို႔ကိုထိခိုက္မႈႀကီးမား ေစမွာျဖစ္ပါတယ္။

လက္ရွိမွာမန္စီးတီးဟာ ဒီျပစ္ဒဏ္အတြက္ဆြစ္ဇာလန္မွာရွိတဲ႔ အားကစားခုံသမာဓိရုံးဆီ အယူခံ၀င္ဖို႔ စီစဥ္ထားပါတယ္။ ဒါေပမယ္႔လည္းအယူခံမေအာင္ျမင္ခဲ႔ရင္ နည္းျပဂြာဒီယိုလာဟာလည္း အသင္းကိုစြန္႔ခြာဖြယ္ရွိေနပါတယ္။ ဂြာဒီယိုလာဟာ သူ႔နည္းျပဘ၀မွာ ႏွစ္တိုင္းခ်န္ပီယံလိဂ္ယွဥ္ၿပိဳင္ခဲ႔ရသူျဖစ္လို႔ မန္စီးတီးအယူခံမေအာင္ျမင္ရင္ အသင္းနဲ႔လမ္းခြဲဖို႔ေသခ်ာသေလာက္ရွိေနပါတယ္။

ဒါေၾကာင့္လည္း ဘြတ္ကီေတြက ဂြာဒီိယိုလာတစ္ေယာက္ရာသီကုန္ရင္ မန္စီးတီးနဲ႔လမ္းခြဲမယ္ဆိုတဲ႔ေၾကးကိုလည္းစတင္ဖြင့္လွစ္ေနတာျဖစ္ပါတယ္။ လက္ရွိ Ladbrokes ရဲ႕ဖြင္႔လွစ္မႈအရ ၁/၂ ျဖစ္တယ္လို႔လည္းသိရပါတယ္။ မန္စီးတီးဟာ လက္ရွိျပစ္ဒဏ္ခ်မွတ္မႈအတိုင္းဆိုရင္ ၂၀၁၀-၂၁ နဲ႔ ၂၀၂၁-၂၂ ေဘာလုံးရာသီတို႔မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိမွာ မဟုတ္ပါဘူး။

ဂြာဒီယိုလာဟာ ၂၀၁၆ ကမန္စီးတီးကိုစတင္ကိုင္တြယ္ခဲ႔သူျဖစ္ၿပီး သူ႔လက္ရွိစာခ်ဳပ္က ၂၀၂၁ ေႏြရာသီမွာသက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။ သူဟာမန္စီးတီးကို ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႔ႏွစ္ႀကိမ္ဆက္ရယူေပးခဲ့တဲ႔အျပင္ လိဂ္ဖလား ၂ ႀကိမ္နဲ႔ အက္ဖ္ေအဖလားတစ္ႀကိမ္တို႔ကိုလည္း ဆြတ္ခူးေပးခဲ့ပါတယ္။