ပေါင်သန်း ၁၀၀၊ ၆နှစ်စာချုပ်နဲ့ မန်စီးတီးရောက် ဂရီးလစ်ရှ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းဟာ အက်စ်တွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ စာရွက်စာတမ်း ကိစ္စရပ်တွေ အားလုံး ပြီးပြတ်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ ဂျက် ဂရီးလစ်ရှ် အတွက် ဗီလာအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ပေးချေခဲ့ရပြီး ဂရီးလစ်ရှ်ကိုတော့ ၆နှစ် သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုမှာလည်း ဖြစ်ပါတယ်။

ဂရီးလစ်ရှ်ရဲ့ ပြောင်းရွှေ့ကြေးမှာ ၂၀၁၆ ခုနှစ်တွင် ပေါ့ဘာကို ဂျူဗင်တပ်စ်အသင်းမှ ယူနိုက်တက် အသင်း ခေါ်ယူခဲ့စဉ် ပေးချေခဲ့ရတဲ့ ပေါင် (၈၉) သန်းကိုကျော်ဖြတ်ကာ ဗြိတိန်စံချိန်သစ် ဖြစ်လာမှာဖြစ်ပြီး

မန်စီးတီးအသင်းအတွက်လည်း ပြီးခဲ့သည့်နှစ်နွေရာသီက ဘင်ဖီကာနောက်ခံလူ ရူဘင်ဒီယက်စ်ကို ခေါ်ယူစဉ်က ကုန်ကျခဲ့တဲ့ ပေါင် (၆၂)သန်းကိုကျော်ဖြတ်ကာ အသင်းစံချိန်သစ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၁၆) ရက်ကမှ ဗီလာအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားပြီး စာချုပ်အရ လက်ရှိတွင် တစ်ပတ်လစာ ပေါင် (၁၂၀၀၀၀) ရရှိနေသူ ဖြစ်ပါတယ်။

သတင်းများတွင်ဖော်ပြချက်အရ ဂရီးလစ်ရှ်ဟာ တစ်ပတ်လစာ ပေါင် (၃၆၀၀၀၀) အထိ ရဖွယ်ရှိနေပါတယ်။

အဲဒီငွေပမာဏမှာ ယူနိုက်တက် ဂိုးသမား ဒီဂီယာ၊ မန်စီး တီးကွင်းလယ်ကစားသမား ဒီဘရိုင်းနားတို့ပြီးနောက် ပရီးမီးယားလိဂ်တွင် တတိယအမြင့်ဆုံးလစာဖြစ်လာမှာဖြစ်ကြောင်း သိရပါတယ်။

ဂရီးလစ်ရှ်ဟာ မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်း၊ ဖိုဒန်တို့နဲ့ ရင်းနှီးသူဖြစ်ပြီး ဂွာဒီယိုလာလက်အောက်မှာ ကစားမယ်ဆိုပါက အဆိုပါကစားသမားတွေနဲ့ ရင်းနှီးနေမှုက သူ့အတွက်တော့ အကျိုးဖြစ်လာမှာဖြစ်ပြီး မြန်မြန်ဆန်ဆန်ပဲ အထိုင်ကျသွားဖွယ်ရာရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေပါင္သန္း ၁၀၀၊ ၆ႏွစ္စာခ်ဳပ္နဲ႔ မန္စီးတီးေရာက္ ဂရီးလစ္ရွ္

မန္စီးတီးအသင္းဟာ အက္စ္တြန္ဗီလာအသင္းရဲ႕ အသင္းေခါင္းေဆာင္ ဂရီးလစ္ရွ္ကို ေခၚယူဖို႔ စာ႐ြက္စာတမ္း ကိစၥရပ္ေတြ အားလုံး ၿပီးျပတ္ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

မန္စီးတီးအသင္းဟာ ဂ်က္ ဂရီးလစ္ရွ္ အတြက္ ဗီလာအသင္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၀သန္း ေပးေခ်ခဲ့ရၿပီး ဂရီးလစ္ရွ္ကိုေတာ့ ၆ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုမွာလည္း ျဖစ္ပါတယ္။

ဂရီးလစ္ရွ္ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးမွာ ၂၀၁၆ ခုႏွစ္တြင္ ေပါ့ဘာကို ဂ်ဴဗင္တပ္စ္အသင္းမွ ယူႏိုက္တက္ အသင္း ေခၚယူခဲ့စဥ္ ေပးေခ်ခဲ့ရတဲ့ ေပါင္ (၈၉) သန္းကိုေက်ာ္ျဖတ္ကာ ၿဗိတိန္စံခ်ိန္သစ္ ျဖစ္လာမွာျဖစ္ၿပီး မန္စီးတီးအသင္းအတြက္လည္း ၿပီးခဲ့သည့္ႏွစ္ေႏြရာသီက ဘင္ဖီကာေနာက္ခံလူ ႐ူဘင္ဒီယက္စ္ကို ေခၚယူစဥ္က ကုန္က်ခဲ့တဲ့ ေပါင္ (၆၂)သန္းကိုေက်ာ္ျဖတ္ကာ အသင္းစံခ်ိန္သစ္ ျဖစ္လာမွာ ျဖစ္ပါတယ္။

ဂရီးလစ္ရွ္ဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ စက္တင္ဘာလ (၁၆) ရက္ကမွ ဗီလာအသင္းႏွင့္ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးထားၿပီး စာခ်ဳပ္အရ လက္ရွိတြင္ တစ္ပတ္လစာ ေပါင္ (၁၂၀၀၀၀) ရရွိေနသူ ျဖစ္ပါတယ္။

သတင္းမ်ားတြင္ေဖာ္ျပခ်က္အရ ဂရီးလစ္ရွ္ဟာ တစ္ပတ္လစာ ေပါင္ (၃၆၀၀၀၀) အထိ ရဖြယ္ရွိေနပါတယ္။ အဲဒီေငြပမာဏမွာ ယူႏိုက္တက္ ဂိုးသမား ဒီဂီယာ၊ မန္စီး တီးကြင္းလယ္ကစားသမား ဒီဘ႐ိုင္းနားတို႔ၿပီးေနာက္ ပရီးမီးယားလိဂ္တြင္ တတိယအျမင့္ဆုံးလစာျဖစ္လာမွာျဖစ္ေၾကာင္း သိရပါတယ္။

ဂရီးလစ္ရွ္ဟာ မန္စီးတီးကစားသမားေတြျဖစ္တဲ့ ဒီဘ႐ိုင္း၊ ဖိုဒန္တို႔နဲ႔ ရင္းႏွီးသူျဖစ္ၿပီး ဂြာဒီယိုလာလက္ေအာက္မွာ ကစားမယ္ဆိုပါက အဆိုပါကစားသမားေတြနဲ႔ ရင္းႏွီးေနမႈက သူ႔အတြက္ေတာ့ အက်ိဳးျဖစ္လာမွာျဖစ္ၿပီး ျမန္ျမန္ဆန္ဆန္ပဲ အထိုင္က်သြားဖြယ္ရာရွိေနပါတယ္။