ပေါင်ဒဏ်ရာကို စစ်ဆေးပြီးမှ ချယ်လ်ဆီးနဲ့ ပူးပေါင်းမယ့် လူကာကူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူဟာ အသေးစား ပေါင်ဒဏ်ရာ ရရှိနေတာကြောင့် ကလပ်အသင်းဆီကို မပြန်သွားခင်မှာ သူ့ရဲ့ဒဏ်ရာအခြေအနေကို ဘယ်လ်ဂျီယံနိုင်ငံအတွင်းမှာပဲ တစ်ခါတည်း စစ်ဆေးသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

တိုက်စစ်မှူးလူကာကူဟာ ချက်အသင်းအား (၃-ဝ)ဂိုးနဲ့အနိုင်ရတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်)တွင် ပါဝင်ကစားပြီးနောက် လက်ရွေးစင်အသင်းကစားသမားဘ၀ နိုင်ငံတကာပွဲ (၁၀၀)ပြည့်မြောက်ခဲ့ပါပြီ။

လူကာကူဟာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းသမိုင်းတွင် နိုင်ငံတကာပွဲ (၁၀၀)ပြည့်တဲ့ (၆)ဦးမြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး

သူ့ထက်အရင် ပွဲ(၁၀၀)ပြည့်ခဲ့သူများမှာ ဗာတွန်ဂန် (၁၃၁ ပွဲ)၊ ဗစ်ဆဲလ် (၁၁၅ ပွဲ)၊ အယ်လ်ဒါဝီရယ်လ် (၁၁၄ ပွဲ)၊ အီဒင်ဟာဇက် (၁၁၂ ပွဲ)နှင့် ဒရိုင်းမာတင်စ် (၁၀၂)ပွဲတို့ဖြစ်ပါတယ်။

လူကာကူဟာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာသွင်းဂိုး (၆၇)ဂိုးအထိသွင်းယူထားကာ လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နေသလို အသင်းအတွက်နောက်ဆုံးနိုင်ငံတကာပွဲစဉ် (၅၀)တွင် သွင်းဂိုး (၅၀)အထိရရှိထားသူလည်းဖြစ်ပါတယ်။

ချက်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစစ်ပွဲစဉ်အပြီးမှာ လူကာကူက “ကျွန်တော် ချယ်လ်ဆီးအသင်းဆီကို မပြန်သွားခင်မှာ ကျွန်တော့်ရဲ့ ပေါင်ဒဏ်ရာ အခြေအနေကို အရင်ဆုံး စစ်ဆေးရပါလိမ့်မယ်။

ဒီ အသေးစား ဒဏ်ရာပြဿနာလေးတစ်ခုနဲ့ ရုန်းကန်နေရတာ အချိန်အတိုင်းအတာ တစ်ခုလောက်ကို ရှိနေပါပြီ။

ဒါကြောင့် ဒါကို စစ်ဆေးပြီးမှပဲ ချယ်လ်ဆီးအသင်းဆီကို ပြန်သွားမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

နဂိုကတည်းက တစ်ဝါထိထားခဲ့ရတဲ့ လူကာကူက ချက်နဲ့ပွဲမှာပါ နောက်တစ်ဝါ အပြသခံခဲ့ရလို့ ဘီလာရုစ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ရတော့မှာ ဖြစ်တဲ့အတွက် ချယ်လ်ဆီးအသင်းဆီကို စောစီးစွာ ပြန်သွားနိုင်မှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေပါင္ဒဏ္ရာကို စစ္ေဆးၿပီးမွ ခ်ယ္လ္ဆီးနဲ႔ ပူးေပါင္းမယ့္ လူကာကူ

ဘယ္လ္ဂ်ီယံ တိုက္စစ္ကစားသမား လူကာကူဟာ အေသးစား ေပါင္ဒဏ္ရာ ရရွိေနတာေၾကာင့္ ကလပ္အသင္းဆီကို မျပန္သြားခင္မွာ သူ႔ရဲ႕ဒဏ္ရာအေျခအေနကို ဘယ္လ္ဂ်ီယံႏိုင္ငံအတြင္းမွာပဲ တစ္ခါတည္း စစ္ေဆးသြားဖြယ္ ရွိေနတယ္လို႔ သိရွိရပါတယ္။

တိုက္စစ္မႉးလူကာကူဟာ ခ်က္အသင္းအား (၃-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ (ဥေရာပဇုန္)တြင္ ပါဝင္ကစားၿပီးေနာက္ လက္ေ႐ြးစင္အသင္းကစားသမားဘ၀ ႏိုင္ငံတကာပြဲ (၁၀၀)ျပည့္ေျမာက္ခဲ့ပါၿပီ။

လူကာကူဟာ ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္အသင္းသမိုင္းတြင္ ႏိုင္ငံတကာပြဲ (၁၀၀)ျပည့္တဲ့ (၆)ဦးေျမာက္ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ၿပီး သူ႔ထက္အရင္ ပြဲ(၁၀၀)ျပည့္ခဲ့သူမ်ားမွာ ဗာတြန္ဂန္ (၁၃၁ ပြဲ)၊ ဗစ္ဆဲလ္ (၁၁၅ ပြဲ)၊ အယ္လ္ဒါဝီရယ္လ္ (၁၁၄ ပြဲ)၊ အီဒင္ဟာဇက္ (၁၁၂ ပြဲ)ႏွင့္ ဒ႐ိုင္းမာတင္စ္ (၁၀၂)ပြဲတို႔ျဖစ္ပါတယ္။

လူကာကူဟာ ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္အသင္းအတြက္ ႏိုင္ငံတကာသြင္းဂိုး (၆၇)ဂိုးအထိသြင္းယူထားကာ လက္ေ႐ြးစင္အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနသလို အသင္းအတြက္ေနာက္ဆုံးႏိုင္ငံတကာပြဲစဥ္ (၅၀)တြင္ သြင္းဂိုး (၅၀)အထိရရွိထားသူလည္းျဖစ္ပါတယ္။

ခ်က္အသင္းကို အႏိုင္ရခဲ့တဲ့ ေျခစစ္ပြဲစဥ္အၿပီးမွာ လူကာကူက “ကြၽန္ေတာ္ ခ်ယ္လ္ဆီးအသင္းဆီကို မျပန္သြားခင္မွာ ကြၽန္ေတာ့္ရဲ႕ ေပါင္ဒဏ္ရာ အေျခအေနကို အရင္ဆုံး စစ္ေဆးရပါလိမ့္မယ္။ ဒီ အေသးစား ဒဏ္ရာျပႆနာေလးတစ္ခုနဲ႔ ႐ုန္းကန္ေနရတာ အခ်ိန္အတိုင္းအတာ တစ္ခုေလာက္ကို ရွိေနပါၿပီ။ ဒါေၾကာင့္ ဒါကို စစ္ေဆးၿပီးမွပဲ ခ်ယ္လ္ဆီးအသင္းဆီကို ျပန္သြားမွာပါ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

နဂိုကတည္းက တစ္ဝါထိထားခဲ့ရတဲ့ လူကာကူက ခ်က္နဲ႔ပြဲမွာပါ ေနာက္တစ္ဝါ အျပသခံခဲ့ရလို႔ ဘီလာ႐ုစ္အသင္းနဲ႔ ပြဲစဥ္ကို လြဲေခ်ာ္ရေတာ့မွာ ျဖစ္တဲ့အတြက္ ခ်ယ္လ္ဆီးအသင္းဆီကို ေစာစီးစြာ ျပန္သြားႏိုင္မွာ ျဖစ္ပါတယ္။