ပေါင်ကြားထဲအသွင်းခံခဲ့ရတဲ့ ရော်နယ်ဒို မပျော်မရွှင်ဖြစ်

Photo Credit

Photo Credit

ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုတစ်ယောက် ယခုတစ်ပတ်အတွင်း ပြုလုပ်တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ နောက်ခံလူ ဘိုနူချီက သူ့ကို ပေါင်ကြားထဲကနေ ထည့်သွားပြီးနောက် သူ့ပုံစံလည်း မပျော်မရွှင်ဖြစ်သွားပုံရပြီး တစ်ချိန်တည်းမှာပဲ ရော်နယ်ဒိုရဲ့အနောက်မှာရှိနေတဲ့တိုက်စစ်မှူး ဒီဘားလားကလည်း ပျော်ရွှင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

Photo Credit

ရော်နယ်ဒိုဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းနဲ့ပတ်သက်လို့ရော နည်းပြဆာရီနဲ့ပတ်သက်လို့ရော မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေပိုမိုထွက်ပေါ်နေပြီး ယခုလည်း အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ဝါရင့်နောက်ခံလူ ဘိုနူချီရဲ့ Nutmeg လုပ်တာ ခံခဲ့ရလို့ မအီမသာဖြစ်သွားတဲ့ဗီဒီယိုဖိုင်လည်း အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

https://twitter.com/brfootball/status/1199282352830197760

Video Credit ; B/R

အဲဒီဗီဒီယိုဖိုင်ထဲမှာ ဂျူဗင်တပ်စ်အသင်းသားတွေက ကျွန်တော်တို့အရပ်အခေါ် ခွေးရူးလုပ်တန်းကစားနေပြီး ရော်နယ်ဒိုက ဘောလုံးလိုက်လုရတာဖြစ်ပါတယ်။ အဲဒီလို ဘောလုံးလိုက်လုနေတုန်း ဘိုနူချီက သူ့ဆီ ဘောလုံးလုယူဖို့ ပြေးလာတဲ့ ရော်နယ်ဒိုကို ပေါင်ကြားထဲ ဘောလုံးထည့်လိုက်တာဖြစ်ပါတယ်။

Photo Credit

ရော်နယ်ဒိုလည်း တစ်အောင့်နေတော့ ဘောလုံးလိုက်မလုတော့ဘဲ ပခုံးနှစ်ဘက်တွန့်ပြကာ အဆင်ပြေတယ်ဆိုတဲ့သဘောမျိုး လက်မနှစ်ဘက် ထောင်ပြခဲ့ပါတယ်။

Photo Credit

ရော်နယ်ဒိုဦးဆောင်လာမယ့် ဂျူဗင်တပ်စ်အသင်းဟာ ယနေ့ညမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အက်သလက်တီကိုအသင်းကို ဧည့်ခံကစားရမှာဖြစ်ပြီး ရော်နယ်ဒိုကလည်း အတ္တလန္တာနဲ့ပွဲကို လွဲချော်ခဲ့ရပြီးနောက် ယနေ့ညမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်လာနိုင်ပါတယ်။

Photo Credit

Zawgyi

ေပါင္ၾကားထဲအသြင္းခံခဲ့ရတဲ့ ေရာ္နယ္ဒို မေပ်ာ္မရႊင္ျဖစ္

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴးေရာ္နယ္ဒိုတစ္ေယာက္ ယခုတစ္ပတ္အတြင္း ျပဳလုပ္တဲ့ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ေနာက္ခံလူ ဘိုႏူခ်ီက သူ႕ကို ေပါင္ၾကားထဲကေန ထည့္သြားၿပီးေနာက္ သူ႕ပုံစံလည္း မေပ်ာ္မရႊင္ျဖစ္သြားပုံရၿပီး တစ္ခ်ိန္တည္းမွာပဲ ေရာ္နယ္ဒိုရဲ႕အေနာက္မွာရွိေနတဲ့တုိက္စစ္မွဴး ဒီဘားလားကလည္း ေပ်ာ္ရႊင္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။
ေရာ္နယ္ဒိုဟာ ဒီရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ပတ္သက္လုိ႔ေရာ နည္းျပဆာရီနဲ႔ပတ္သက္လုိ႔ေရာ မေပ်ာ္မရႊင္ျဖစ္ေနတယ္လုိ႔ သတင္းေတြပိုမိုထြက္ေပၚေနၿပီး ယခုလည္း အသင္းရဲ႕ေလ့က်င့္ေရးကြင္းမွာ ၀ါရင့္ေနာက္ခံလူ ဘိုႏူခ်ီရဲ႕ Nutmeg လုပ္တာ ခံခဲ့ရလုိ႔ မအီမသာျဖစ္သြားတဲ့ဗီဒီယိုဖုိင္လည္း အြန္လုိင္းမွာ ပ်ံ႕ႏွံ႔ေနပါတယ္။
အဲဒီဗီဒီယိုဖိုင္ထဲမွာ ဂ်ဴဗင္တပ္စ္အသင္းသားေတြက ကၽြန္ေတာ္တို႔အရပ္အေခၚ ေခြး႐ူးလုပ္တန္းကစားေနၿပီး ေရာ္နယ္ဒိုက ေဘာလုံးလုိက္လုရတာျဖစ္ပါတယ္။ အဲဒီလုိ ေဘာလုံးလိုက္လုေနတုန္း ဘုိႏူခ်ီက သူ႕ဆီ ေဘာလံုးလုယူဖုိ႔ ေျပးလာတဲ့ ေရာ္နယ္ဒိုကို ေပါင္ၾကားထဲ ေဘာလုံးထည့္လုိက္တာျဖစ္ပါတယ္။
ေရာ္နယ္ဒိုလည္း တစ္ေအာင့္ေနေတာ့ ေဘာလုံးလုိက္မလုေတာ့ဘဲ ပခုံးႏွစ္ဘက္တြန္႔ျပကာ အဆင္ေျပတယ္ဆုိတ့ဲသေဘာမ်ိဳး လက္မႏွစ္ဘက္ ေထာင္ျပခဲ့ပါတယ္။
ေရာ္နယ္ဒိုဦးေဆာင္လာမယ့္ ဂ်ဴဗင္တပ္စ္အသင္းဟာ ယေန႔ညမွာ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ အက္သလက္တီကိုအသင္းကို ဧည့္ခံကစားရမွာျဖစ္ၿပီး ေရာ္နယ္ဒိုကလည္း အတၱလႏၱာနဲ႔ပြဲကို လြဲေခ်ာ္ခဲ့ရၿပီးေနာက္ ယေန႔ညမွာ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္လာႏုိင္ပါတယ္။