“ပေါဂ်ဘာတောင် ယူနိုက်တက်မှာ ရုန်းနေရရင် မက်ဒီဆင်လာလည်း မထုူးပါဘူး”

လီဗာပူး ကစားသမားဟောင်း စတိဗ် နစ်ကိုးလ်က လက်စတာ ကွင်းလယ်လူ မက်ဒီဆင်အား ယူနိုက်တက်ကို မရွေးချယ်သင့်ကြောင်းနဲ့ မန်စီးတီးနဲ့ လီဗာပူးတို့ရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းသင့်ကြောင်း အကြံပေး ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ မက်ဒီဆင်ကို ကာလရှည်ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ချိတ်ဆက်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားဟာလည်း ကွင်းလယ်မှာ ဖန်တီးမှု စွမ်းရည်ကောင်းတဲ့ ကွင်းလယ်လူတစ်ဦး ရှာဖွေလျက် ရှိနေပါတယ်။ ယူနိုက်တက်ဟာ ယခင်ကလည်း နာမည်ကျော် ကစားသမားတွေကို ခေါ်ယူခဲ့ပေမဲ့ အဆိုပါ ကစားသမားတွေက ခြေစွမ်းပြသနိုင်ခြင်း မရှိတာကို စတိဗ်နစ်ကိုးလ်က ထောက်ပြခဲ့တာ ဖြစ်ပါတယ်။ နစ်ကိုးလ်ကတော့ ယူနိုက်တက်ကို ပြောင်းမယ့်အစား လီဗာပူးနဲ့ မန်စီးတီးတို့ကို ပြောင်းရွှေ့ခွင့်ရနိုင်မယ့် အခွင့်အရေးကို စောင့်ဆိုင်းသင့်ကြောင်း သတိပေးခဲ့ပါတယ်။

နစ်ကိုးလ်က “ပုံမှန်အားဖြင့်ဆိုရင် သူ့လို ကစားသမားမျိုးက လက်စတာကနေ ထွက်ခွာသင့်ပါတယ်။ ယူနိုက်တက်လို အသင်းကြီးတွေကလည်း စိတ်ဝင်စာေးနပေမဲ့ ငွေကြေးအရ အဆင်ပြေနိုင်မလားဆိုတာ အရေးကြီးပါတယ်။ လက်စတာမှာ အံဝင်နေတာက လီဗာပူးနဲ့ မန်စီးတီးတို့မှာ အံဝင်ဖို့လည်း သေချာပေမဲ့ ယူနိုက်တက်လို အသင်းမျိုးကတော့ အံဝင်ဖို့ ခက်ပါတယ်”

“ကျွန်တော်ကတော့ သူ လီဗာပူးနဲ့ စီးတီးတို့ရဲ့ ကမ်းလှမ်းမှုကို သူစောင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတာ အခုလို အချိန်မျိုးမှာ ယူနိုက်တက်ကို ပြောင်းမယ်ဆိုရင် သူ ဘာအကူအညီမှ ရမှာမဟုတ်ပါဘူး။ ပေါ့ဂ်ဘာတောင် အဲ့ဒီမှာ ရုန်းနေရရင် မက်ဒီဆင်ကရော ဘာထူးမှာလဲ”လို့ ပြောခဲ့ပါတယ်။

မက်ဒီဆင်ဟာ ၂၀၁၈ခုနှစ်က လက်စတာကို ရောက်လာခဲ့ပြီး ယခုနှစ်ရာသီမှာ ၉ဂိုး သွင်းယူကာ ၃ဂိုးဖန်တီးပေးထားခဲ့ပါတယ်။