ပူလီဆစ်ဟာ တိုက်စစ်သမားတစ်ယောက်ရဲ့ အရည်အသွေးပြည့်ဝမှုကို ပြသသွားနိုင်ခဲ့တာပါလို့ လမ်းပတ်ချီးကျူး

PC ; Internet

ဘန်လေကို ၄-၂ဂိုးနဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပူလီဆစ်ဟာ ဟက်ထရစ်သွင်းယူပြီး သူ့ရဲ့တိုက်စစ်သမားတစ်ယောက်အရည်အချင်းပြည့်ဝမှုကိုပြသသွားနိုင်ခဲ့တယ်လို့ ချဲလ်ဆီးနည်းပြလမ်းပတ်က ချီးကျူးပြောဆိုလိုက်ပါတယ်။အမေရိကန်လက်ရွေးစင်ဟာ အဲဒီပွဲစဉ်မှာ ဘယ်ခြေ၊ညာခြေနဲ့ခေါင်းတိုက်ချက်ကနေ မတူညီတဲ့ ဂိုး ၃ဂိုးသွင်းယူပေးပြီး ချဲလ်ဆီးကို ၃ဂိုးပြတ်ဦးဆောင်စေခဲ့သူပါ။

PC ; Internet

ဒီနိုင်ပွဲဟာ အပြာရောင်တွေအတွက် ပြိုင်ပွဲစုံနောက်ဆုံး ၇ပွဲဆက်အနိုင်ရခြင်းဖြစ်ခဲ့ပြီး ပူလီဆစ်အနေနဲ့လည်း အင်္ဂလိပ်ဘောလုံးလောကမှာ ပထမဆုံးသွင်းဂိုးရခဲ့တာကြောင့် ယုံကြည်မှုပိုမိုပြည့်ဝသွားလိမ့်မယ်လို့ လမ်းပတ်ကယုံကြည်ထားပါတယ်။

PC ; Internet

” လေ့ကျင့်ကွင်းမှာပဲဖြစ်ဖြစ် ပွဲကစားနေစဉ်မှာပဲဖြစ်ဖြစ် ဟေး..ငါဒီမှာ လို့ ကစားဖော်တိုင်းကိုအော်ပြောပြီး ကြိုးစားခဲ့တဲ့ အကျိုးတွေပါပဲ။တစ်နည်းအားဖြင့် သူ့မှာရှိတဲ့ အရည်အသွေးပါပဲ။ဒီနေ့ သူ့ရဲ့ခြေစွမ်းအတွက် ကျွန်တော် တကယ့်ကိုကျေနပ်ပါတယ်။ဒါဟာ ကျွန်တော်တို့ရဲ့တိုက်စစ်သမားအားလုံးဆီက လိုအပ်နေတဲ့အရာပါ။ခြိမ်းခြောက်နိုင်စွမ်းရှိဖို့၊ ဒီလိုကစားနိုင်စွမ်းရှိဖို့၊အဆုံးသတ်မှာမညှာတာဖို့လိုပါတယ်။အဲဒီအရည်အသွေးတွေအားလုံးကို ဒီနေ့မှာ သူ ပြသသွားခဲ့ပါတယ်” လို့ လမ်းပတ်က ပြောဆိုလိုက်ပါတယ်။

PC ; Internet

အသက် ၂၁နှစ်အရွယ် ပူလီဆစ်ဟာ ချဲလ်ဆီးရဲ့လိုင်လီနဲ့ချန်ပီယံလိဂ်ပွဲမှာ ကစားခွင့်မရခဲ့သလို သြဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပေမယ့် ခြေစွမ်းပြသွားနိုင်ခဲ့တာပါ။ဇွန်ကတုန်းက ကျင်းပခဲ့တဲ့ ကွန်ကာကက်ဖ်ရွှေဖလားပြိုင်ပွဲမှာ အမေရိကန်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ပူလီဆစ်ကိုပိုကောင်းလာအောင် ပံ့ပိုးပေးသွားမယ်လို့လည်း လမ်းပတ်ကဖွင့်ဟသွားပါတယ်။

PC ; Internet

ဒေါ့တ်မန်ကနေ ပေါင် ၅၈သန်းနဲ့ရောက်လာခဲ့တဲ့ အမေရိကန်ကြယ်ပွင့်လေးဟာလည်း ဘန်လေနဲ့ပွဲမှာ ချဲလ်ဆီးအတွက် အသက်အငယ်ဆုံးဟက်ထရစ်ရှင်၊ ၂၀၁၀ခုနှစ်ကဒရော့ဘာနောက်ပိုင်း တစ်ပွဲတည်းမှာ Perfect Hat-trick (ဘယ်ခြေ၊ညာခြေနဲ့ခေါင်းတိုက်ဂိုးတွေ)သွင်းနိုင်တဲ့ ပထမဆုံးကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းတွေ ရေးထိုးနိုင်ခဲ့တာပါ။

(zawgyi)

ဘန္ေလကို ၄-၂ဂိုးနဲ႔အႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ပူလီဆစ္ဟာ ဟက္ထရစ္သြင္းယူၿပီး သူ႔ရဲ႕တိုက္စစ္သမားတစ္ေယာက္အရည္အခ်င္းျပည့္၀မႈကိုျပသသြားႏိုင္ခဲ့တယ္လို႔ ခ်ဲလ္ဆီးနည္းျပလမ္းပတ္က ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။အေမရိကန္လက္ေရြးစင္ဟာ အဲဒီပြဲစဥ္မွာ ဘယ္ေျခ၊ညာေျခနဲ႔ေခါင္းတိုက္ခ်က္ကေန မတူညီတဲ့ ဂိုး ၃ဂိုးသြင္းယူေပးၿပီး ခ်ဲလ္ဆီးကို ၃ဂိုးျပတ္ဦးေဆာင္ေစခဲ့သူပါ။ဒီႏိုင္ပြဲဟာ အျပာေရာင္ေတြအတြက္ ၿပိဳင္ပြဲစံုေနာက္ဆံုး ၇ပြဲဆက္အႏိုင္ရျခင္းျဖစ္ခဲ့ၿပီး ပူလီဆစ္အေနနဲ႔လည္း အဂၤလိပ္ေဘာလံုးေလာကမွာ ပထမဆံုးသြင္းဂိုးရခဲ့တာေၾကာင့္ ယံုၾကည္မႈပိုမိုျပည့္၀သြားလိမ့္မယ္လို႔ လမ္းပတ္ကယံုၾကည္ထားပါတယ္။” ေလ့က်င့္ကြင္းမွာပဲျဖစ္ျဖစ္ ပြဲကစားေနစဥ္မွာပဲျဖစ္ျဖစ္ ေဟး..ငါဒီမွာ လို႔ ကစားေဖာ္တိုင္းကိုေအာ္ေျပာၿပီး ႀကိဳးစားခဲ့တဲ့ အက်ိဳးေတြပါပဲ။တစ္နည္းအားျဖင့္ သူ႔မွာရွိတဲ့ အရည္အေသြးပါပဲ။ဒီေန႔ သူ႔ရဲ႕ေျခစြမ္းအတြက္ ကၽြန္ေတာ္ တကယ့္ကိုေက်နပ္ပါတယ္။ဒါဟာ ကၽြန္ေတာ္တို႔ရဲ႕တိုက္စစ္သမားအားလံုးဆီက လိုအပ္ေနတဲ့အရာပါ။ၿခိမ္းေျခာက္ႏိုင္စြမ္းရွိဖို႔၊ ဒီလိုကစားႏိုင္စြမ္းရွိဖို႔၊အဆံုးသတ္မွာမညွာတာဖို႔လိုပါတယ္။အဲဒီအရည္အေသြးေတြအားလံုးကို ဒီေန႔မွာ သူ ျပသသြားခဲ့ပါတယ္” လို႔ လမ္းပတ္က ေျပာဆိုလိုက္ပါတယ္။အသက္ ၂၁ႏွစ္အရြယ္ ပူလီဆစ္ဟာ ခ်ဲလ္ဆီးရဲ႕လိုင္လီနဲ႔ခ်န္ပီယံလိဂ္ပြဲမွာ ကစားခြင့္မရခဲ့သလို ၾသဂုတ္လေနာက္ပိုင္း ပထမဆံုးအႀကိမ္ပြဲထြက္ခြင့္ရခဲ့တာျဖစ္ေပမယ့္ ေျခစြမ္းျပသြားႏိုင္ခဲ့တာပါ။ဇြန္ကတုန္းက က်င္းပခဲ့တဲ့ ကြန္ကာကက္ဖ္ေရႊဖလားၿပိဳင္ပြဲမွာ အေမရိကန္အသင္းအတြက္ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ပူလီဆစ္ကိုပိုေကာင္းလာေအာင္ ပ့ံပိုးေပးသြားမယ္လို႔လည္း လမ္းပတ္ကဖြင့္ဟသြားပါတယ္။ေဒါ့တ္မန္ကေန ေပါင္ ၅၈သန္းနဲ႔ေရာက္လာခဲ့တဲ့ အေမရိကန္ၾကယ္ပြင့္ေလးဟာလည္း ဘန္ေလနဲ႔ပြဲမွာ ခ်ဲလ္ဆီးအတြက္ အသက္အငယ္ဆံုးဟက္ထရစ္ရွင္၊ ၂၀၁၀ခုႏွစ္ကဒေရာ့ဘာေနာက္ပိုင္း တစ္ပြဲတည္းမွာ Perfect Hat-trick (ဘယ္ေျခ၊ညာေျခနဲ႔ေခါင္းတိုက္ဂိုးေတြ)သြင္းႏိုင္တဲ့ ပထမဆံုးကစားသမားဆိုတဲ့ စံခ်ိန္မွတ္တမ္းေတြ ေရးထိုးႏိုင္ခဲ့တာပါ။