ပူလီဆစ်ရဲ့ဒဏ်ရာကို ချဲလ်ဆီးတာဝန်ရှိသူတွေ စိုးရိမ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဟွန်ဒူးရပ်စ်နဲ့ အမေရိကန်တို့ပွဲမှာ ဒဏ်ရာရသွားတဲ့ ကွင်းလယ်လူ ပူလီဆစ်ရဲ့ အခြေအနေကို ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေ စိုးရိမ်နေပါတယ်။

အဲဒီပွဲစဉ်မှာ အမေရိကန်အသင်းက ၄-၁ဂိုးနဲ့အနိုင်ရခဲ့ပြီး အမေရိကန်အသင်းခေါင်းဆောင် ပူလီဆစ်ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ပွဲချိန် ၆၂မိနစ်မှာ လူစားလဲခဲ့ရပါတယ်။

သူ့ဒဏ်ရာဆေးစစ်ချက်ရလဒ်ကို မသိရသေးတာကြောင့် ခြေချင်းဝတ်အရွတ်နဲ့ အရိုးတို့ကို ထိခိုက်သွားခြင်းရှိ၊မရှိကို မထုတ်ပြန်နိုင်သေးပါဘူး။

အမေရိကန်နည်းပြ ဘာဟယ်တာကတော့ အသေးစားဒဏ်ရာတစ်ရပ်သာဖြစ်တယ်လို့ ဟွန်ဒူးရပ်စ်နဲ့ပွဲအပြီးမှာ ပြောပါတယ်။

“ပူလီဆစ်ဟာ ခြေချင်းဝတ်ဒဏ်ရာလေး တစ်ရပ်ရသွားပါတယ်၊

လန်ဒန်ကို သူ ပြန်ရောက်ရင်တော့ ဒဏ်ရာအတိမ်အနက်ကို သေချာပိုသိရပါမယ်”လို့ ပြောပါတယ်။

အသက် ၂၂နှစ်အရွယ်ရှိ ပူလီဆစ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁မှာ ချဲလ်ဆီးအသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းပေးခဲ့ပေမယ့် သြဂုတ်လလယ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာကြောင့် ၂ပတ်နီးပါး နားခဲ့ရပါတယ်။

တကယ်တော့ ချဲလ်ဆီးအသင်းမှာ ပူလီဆစ်သာမက တခြားသော အဓိက ကစားသမားအချို့လည်း ဒဏ်ရာပြဿနာရှိနေပါတယ်။

တိုက်စစ်မှူး လူကာကူဟာ ဘယ်လ်ဂျီယံအသင်းအတွက် ကစားပေးရင်း ပေါင်ကြွက်သားဒဏ်ရာ ပြန်ပေါ်လာသလို ကန်တီလည်း ဒဏ်ရာကြောင့် ပြင်သစ်အသင်းကနေ စောစောစီးစီး နုတ်ထွက်ခဲ့ရပါတယ်။

ပိုဆိုးတာက လီဗာပူးနဲ့ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ ရီဆီဂျိမ်းစ်နဲ့ ဖီဖာကြောင့် ပွဲကစားခွင့်ပိတ်ခံထားရတဲ့ သီယာဂိုဆေးလ်ဗားတို့ကိုလည်း အက်စတွန်ဗီလာနဲ့ပွဲမှာ ချဲလ်ဆီး သုံးခွင့်ရမှာမဟုတ်ပါဘူး။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာကို ၂ကျော့စလုံး မနိုင်ခဲ့ဘဲ တစ်ပွဲသရေ၊ တစ်ပွဲရှုံးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပူလီဆစ္ရဲ႕ဒဏ္ရာကို ခ်ဲလ္ဆီးတာဝန္ရွိသူေတြ စိုးရိမ္ေန

ဟြန္ဒူးရပ္စ္နဲ႔ အေမရိကန္တို႔ပြဲမွာ ဒဏ္ရာရသြားတဲ့ ကြင္းလယ္လူ ပူလီဆစ္ရဲ႕ အေျခအေနကို ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြ စိုးရိမ္ေနပါတယ္။ အဲဒီပြဲစဥ္မွာ အေမရိကန္အသင္းက ၄-၁ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အေမရိကန္အသင္းေခါင္းေဆာင္ ပူလီဆစ္ဟာ ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ ပြဲခ်ိန္ ၆၂မိနစ္မွာ လူစားလဲခဲ့ရပါတယ္။

သူ႔ဒဏ္ရာေဆးစစ္ခ်က္ရလဒ္ကို မသိရေသးတာေၾကာင့္ ေျခခ်င္းဝတ္အ႐ြတ္နဲ႔ အ႐ိုးတို႔ကို ထိခိုက္သြားျခင္းရွိ၊မရွိကို မထုတ္ျပန္ႏိုင္ေသးပါဘူး။ အေမရိကန္နည္းျပ ဘာဟယ္တာကေတာ့ အေသးစားဒဏ္ရာတစ္ရပ္သာျဖစ္တယ္လို႔ ဟြန္ဒူးရပ္စ္နဲ႔ပြဲအၿပီးမွာ ေျပာပါတယ္။ “ပူလီဆစ္ဟာ ေျခခ်င္းဝတ္ဒဏ္ရာေလး တစ္ရပ္ရသြားပါတယ္၊ လန္ဒန္ကို သူ ျပန္ေရာက္ရင္ေတာ့ ဒဏ္ရာအတိမ္အနက္ကို ေသခ်ာပိုသိရပါမယ္”လို႔ ေျပာပါတယ္။

အသက္ ၂၂ႏွစ္အ႐ြယ္ရွိ ပူလီဆစ္ဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁မွာ ခ်ဲလ္ဆီးအသင္းအတြက္ အႏိုင္ဂိုးတစ္ဂိုးသြင္းေပးခဲ့ေပမယ့္ ၾသဂုတ္လလယ္က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံခဲ့ရတာေၾကာင့္ ၂ပတ္နီးပါး နားခဲ့ရပါတယ္။ တကယ္ေတာ့ ခ်ဲလ္ဆီးအသင္းမွာ ပူလီဆစ္သာမက တျခားေသာ အဓိက ကစားသမားအခ်ိဳ႕လည္း ဒဏ္ရာျပႆနာရွိေနပါတယ္။

တိုက္စစ္မႉး လူကာကူဟာ ဘယ္လ္ဂ်ီယံအသင္းအတြက္ ကစားေပးရင္း ေပါင္ႂကြက္သားဒဏ္ရာ ျပန္ေပၚလာသလို ကန္တီလည္း ဒဏ္ရာေၾကာင့္ ျပင္သစ္အသင္းကေန ေစာေစာစီးစီး ႏုတ္ထြက္ခဲ့ရပါတယ္။ ပိုဆိုးတာက လီဗာပူးနဲ႔ပြဲမွာ အနီကတ္ျပခံခဲ့ရတဲ့ ရီဆီဂ်ိမ္းစ္နဲ႔ ဖီဖာေၾကာင့္ ပြဲကစားခြင့္ပိတ္ခံထားရတဲ့ သီယာဂိုေဆးလ္ဗားတို႔ကိုလည္း အက္စတြန္ဗီလာနဲ႔ပြဲမွာ ခ်ဲလ္ဆီး သုံးခြင့္ရမွာမဟုတ္ပါဘူး။ ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ရာသီက အက္စတြန္ဗီလာကို ၂ေက်ာ့စလုံး မႏိုင္ခဲ့ဘဲ တစ္ပြဲသေရ၊ တစ္ပြဲရႈံးခဲ့ပါတယ္။