ပူလီဆစ္နဲ႔ပတ္သက္လုိ႔ စိတ္ရွည္သည္းခံေပးဖုိ႔ ပရိသတ္ေတြကို လမ္းပတ္ ေတာင္းဆို

Photo Credit

Photo Credit

ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔လမ္းပတ္က ခ်ဲလ္ဆီးကစားသမားဘ၀အေစာပိုင္းကာလေတြမွာ ပုံမွန္ေျခစြမ္းျပသႏိုင္ဖုိ႔ ႐ုန္းကန္ေနရတဲ့ေတာင္ပံကစားသမား ပူလီဆစ္နဲ႔ပတ္သက္လုိ႔ စိတ္ရွည္သည္းခံၿပီး ေစာင့္ၾကည့္ေပးဖို႔ ပရိသတ္ေတြကို ေတာင္းဆုိလုိက္ပါတယ္။

Photo Credit

အသက္ ၂၁ႏွစ္အရြယ္ရွိ အေမရိကန္လက္ေရြးစင္ ပူလီဆစ္ဟာ ရာသီအစမွာ စြမ္းေဆာင္ရည္ေကာင္းေတြျပသႏုိင္ခဲ့ၿပီးေနာက္ ရီးရဲလ္ကို ေရာက္သြားတဲ့ ဟာဇက္ရဲ႕ေနရာမွာ အစား၀င္ႏုိင္မယ့္သူအျဖစ္ ပရိသတ္ေတြရဲ႕ယုံၾကည္အားကိုးျခင္းခံခဲ့ရပါတယ္။

Photo Credit

ဒါေပမဲ့ ပူလီဆစ္ဟာ ခ်ဲလ္ဆီးအသင္းအတြက္ ၿပိဳင္ပြဲအသြင္ပထမဆုံးဂိုးသြင္းယူႏုိင္ဖုိ႔ ႀကိဳးစားေနရဆဲျဖစ္ၿပီး နည္းျပလမ္းပတ္လက္ထက္ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၆ပြဲကစားထားေပမယ့္ လီဗာပူးကို ၁-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပရီးမီးယားလိဂ္ပဲြမွာေတာ့ လူစား၀င္အျဖစ္ေတာင္ ကစားခြင့္မရခဲ့ပါဘူး။

Photo Credit

ခ်ဲလ္ဆီးဟာ ပူလီဆစ္ကို ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလက ေျပာင္းေရႊ႕ေၾကးျမင့္မားစြာနဲ႔ ေခၚယူခဲ့တာျဖစ္ေပမယ့္ ရာသီကုန္ဆုံးခ်ိန္အထိ ေဒါ့မြန္အသင္းထံ အငွားျပန္ခ်ခဲ့ပါတယ္။

Photo Credit

”ဒီလုိပတ္၀န္းက်င္အသစ္မွာ အထိုင္က်ဖို႔ အခ်ိန္ယူရတာ ပုံမွန္ပါပဲ။ ပူလီဆစ္က အံ့အားသင့္စရာေကာင္းတဲ့ျဖစ္ရပ္ေတြေတာင္ ျပသခဲ့ပါတယ္။ သူ႕ရဲ႕ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးေၾကာင့္ သူ႕အသက္ ၂၁ႏွစ္ဆုိတာ ကၽြန္ေတာ္တုိ႔ေမ့ေနခ့ဲပါတယ္”

Photo Credit

”သူ႕အသက္က ငယ္ေသးသလို လိဂ္အေျပာင္းအလဲ၊ ပတ္၀န္းက်င္အေျပာင္းအလဲမွာ အထုိင္က်ဖို႔အတြက္ အခ်ိန္ေပးရပါမယ္။ အခုဆုိရင္ ကၽြန္ေတာ့္ဆီမွာ ႀကံ့ခုိင္မႈျပည့္၀ေနၿပီျဖစ္တဲ့ ေတာင္ပံကစားသမား ၄ဦးအထိရွိေနပါၿပီ။ ေနာက္ၿပီး သူတုိ႔အားလုံးက ကစားပုံကြဲျပားျခားနားပါတယ္”လုိ႔ လမ္းပတ္က ေျပာပါတယ္။

Photo Credit

Unicode

ပူလီဆစ်နဲ့ပတ်သက်လို့ စိတ်ရှည်သည်းခံပေးဖို့ ပရိသတ်တွေကို လမ်းပတ် တောင်းဆို

ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က ချဲလ်ဆီးကစားသမားဘဝအစောပိုင်းကာလတွေမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့တောင်ပံကစားသမား ပူလီဆစ်နဲ့ပတ်သက်လို့ စိတ်ရှည်သည်းခံပြီး စောင့်ကြည့်ပေးဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။
အသက် ၂၁နှစ်အရွယ်ရှိ အမေရိကန်လက်ရွေးစင် ပူလီဆစ်ဟာ ရာသီအစမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် ရီးရဲလ်ကို ရောက်သွားတဲ့ ဟာဇက်ရဲ့နေရာမှာ အစားဝင်နိုင်မယ့်သူအဖြစ် ပရိသတ်တွေရဲ့ယုံကြည်အားကိုးခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့ ပူလီဆစ်ဟာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲအသွင်ပထမဆုံးဂိုးသွင်းယူနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပြီး နည်းပြလမ်းပတ်လက်ထက် အသင်းအတွက် ပြိုင်ပွဲစုံ ၆ပွဲကစားထားပေမယ့် လီဗာပူးကို ၁-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာတော့ လူစားဝင်အဖြစ်တောင် ကစားခွင့်မရခဲ့ပါဘူး။
ချဲလ်ဆီးဟာ ပူလီဆစ်ကို ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလက ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် ရာသီကုန်ဆုံးချိန်အထိ ဒေါ့မွန်အသင်းထံ အငှားပြန်ချခဲ့ပါတယ်။
”ဒီလိုပတ်ဝန်းကျင်အသစ်မှာ အထိုင်ကျဖို့ အချိန်ယူရတာ ပုံမှန်ပါပဲ။ ပူလီဆစ်က အံ့အားသင့်စရာကောင်းတဲ့ဖြစ်ရပ်တွေတောင် ပြသခဲ့ပါတယ်။ သူ့ရဲ့မြင့်မားတဲ့ပြောင်းရွှေ့ကြေးကြောင့် သူ့အသက် ၂၁နှစ်ဆိုတာ ကျွန်တော်တို့မေ့နေခဲ့ပါတယ်”
”သူ့အသက်က ငယ်သေးသလို လိဂ်အပြောင်းအလဲ၊ ပတ်ဝန်းကျင်အပြောင်းအလဲမှာ အထိုင်ကျဖို့အတွက် အချိန်ပေးရပါမယ်။ အခုဆိုရင် ကျွန်တော့်ဆီမှာ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်တဲ့ တောင်ပံကစားသမား ၄ဦးအထိရှိနေပါပြီ။ နောက်ပြီး သူတို့အားလုံးက ကစားပုံကွဲပြားခြားနားပါတယ်”လို့ လမ်းပတ်က ပြောပါတယ်။