ပူလီဆစ္ဆီကေန အမ်ားႀကီးထပ္လာဦးမယ္လုိ႔ ၿပိဳင္ဘက္ေတြကို လမ္းပတ္သတိေပး

Photo Credit

Photo Credit ; Getty Images / AFP

ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔လမ္းပတ္က လီဗာပူးနဲ႔ပဲြမွာ ေျခစြမ္းျပႏုိင္ခဲ့တဲ့ ေတာင္ပံကစားသမားပူလီဆစ္အတြက္ မွန္ကန္တဲ့လားရာေတြအားလုံး ေရာက္ေနၿပီျဖစ္ေၾကာင္းနဲ႔ အဲဒီကစားသမားဆီကေန ဒီထက္ပိုေကာင္းတဲ့အရာေတြ အမ်ားႀကီးလာဦးမယ္လုိ႔ ၿပိဳင္ဘက္ေတြကို သတိေပးလုိက္ပါတယ္။

Photo Credit ; Reuters

အသက္ ၂၀အရြယ္ရွိ အေမရိကန္လက္ေရြးစင္ ပူလီဆစ္ဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ ယူႏုိက္တက္ကို ဂိုးျပတ္အေရးနိမ့္ခဲ့တဲ့ပြဲမွာ ပထမဆုံးပြဲအျဖစ္ လူစား၀င္ကစားခဲ့ၿပီးေနာက္ လီဗာပူးနဲ႔ကစားခဲ့တဲ့ဥေရာပစူပါဖလားပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ ပထမဆုံးအႀကိမ္ပါ၀င္ကစားခြင့္ရရွိခဲ့ပါတယ္။

Photo Credit ; AP

သူဟာ အဲဒီပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး တုိက္စစ္မွဴး ဂ်ီ႐ူး အဖြင့္ဂိုးသြင္းယူေအာင္ လွပတဲ့ဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ခဲ့ကာ ျပင္သစ္လက္ေရြးစင္ တစ္ဦးတည္းလြတ္လြတ္ကၽြတ္ကၽြတ္ျဖစ္ေအာင္ လီဗာပူးခံစစ္ကို ခ်ဲထုတ္ကာ အပိုင္ခင္းေပးလုိက္တာျဖစ္ပါတယ္။

Photo Credit

ၿပီးခဲ့တဲ့ဇန္န၀ါရီလအတြင္း ေဒါ့မြန္အသင္းကေန ေပါင္ ၅၈သန္းနဲ႔ ေခၚယူခဲ့ၿပီး အဲဒီဂ်ာမန္ကလပ္မွာပဲ ၆လအငွားျပန္ကစားခဲ့တဲ့ ပူလီဆစ္ကို ပရိသတ္အမ်ားစုက ေမွ်ာ္လင့္အားကိုးခဲ့ၿပီး ေႏြရာသီအတြင္း ရီးရဲလ္ကို ေရာက္သြားတဲ့ ၾကယ္ပြင့္ကစားသမား ဟာဇက္ရဲ႕ေနရာမွာ အစား၀င္မယ့္သူအျဖစ္ ကၽြမ္းက်င္သူေတြကလည္း သတ္မွတ္ထားပါတယ္။

Photo Credit ; Getty Images

”သူ႕ရဲ႕ေျခစြမ္းအေပၚ ကၽြန္ေတာ္ ေပ်ာ္ရႊင္မိၿပီး ဒီလုိစြမ္းေဆာင္ရည္မ်ိဳးေတြအမ်ားႀကီးလာဦးမယ္လုိ႔ ထင္ပါတယ္။း သူ႕အေပၚ ေမွ်ာ္လင့္အားကုိးတာေတြကလည္း ျဖစ္သင့္ပါတယ္။ ကၽြန္ေတာ္တုိ႔အတြက္ သူက ႀကီးမားတဲ့ေခၚယူမႈျဖစ္လုိ႔ပါ။ ဒါေပမဲ့ သူ႕အသက္ကို သတိရေပးပါဦး။ သူက အခုမွ အသက္ ၂၀ပဲရွိေသးၿပီး တျခားလိဂ္က အခုမွေရာက္လာကာစပဲရွိပါေသးတယ္”

Photo Credit

”အခုလည္း ေဘာလုံးေလာကရဲ႕အားသြန္ခြန္စိုက္ကစားဆုံးအသင္းတစ္သင္းျဖစ္တဲ့ လီဗာပူးနဲ႔ကစားခဲ့တာပါ။ ပြဲအစမွာ သူအထိုင္က်ဖို႔ အခ်ိန္ယူခဲ့ရေပမယ့္ ေနာက္ပို္င္းမွာေတာ့ ေဘာလုံးနဲ႔အတူ ဆြဲေျပးဖုိ႔နဲ႔ ဖန္တီးမႈေတြျပဳလုပ္ေပးဖုိ႔ ယုံၾကည္မႈရသြားပါတယ္။ သူ႕ရဲ႕ေျခစြမ္းနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္ တကယ္ပဲေပ်ာ္ရႊင္မိပါတယ္”

Photo Credit

”သူ႕ရဲ႕သြင္းဂိုးကလည္း တကယ္ေကာင္းပါတယ္။ လူကၽြံေဘာျဖစ္သြားလုိ႔သာ ဂိုးမရခဲ့တာပါ။ အသင္းအတြက္ သူဘာေတြလုပ္ေပးႏိုင္လဲဆိုတာ သက္ေသျပႏုိင္ခဲ့ပါတယ္”လုိ႔ လမ္းပတ္က ေျပာပါတယ္။

Photo Credit

ပူလီဆစ္ဟာ ပြဲခ်ိန္ ၇၄မိနစ္မွာ ေနာက္ထပ္လူငယ္ကြင္းလယ္လူ ေမဆင္ေမာင့္နဲ႔လူစားလဲျခင္းခံခဲ့ရၿပီး ေမဆင္ေမာင့္ရဲ႕ကန္သြင္းခ်က္ကလည္း ဂိုးသြားေပမယ့္ ေနာက္တစ္ခါ လူကံၽြေဘာထပ္ျဖစ္ေနလုိ႔ လမ္းပတ္က ဥေရာပစူပါဖလားပြဲမွာ မိမိတုိ႔အသင္း ကံဆုိးလြန္းခဲ့တယ္လုိ႔ ဆုိပါတယ္။

Photo Credit

Unicode

ပူလီဆစ်ဆီကနေ အများကြီးထပ်လာဦးမယ်လို့ ပြိုင်ဘက်တွေကို လမ်းပတ်သတိပေး

ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က လီဗာပူးနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ တောင်ပံကစားသမားပူလီဆစ်အတွက် မှန်ကန်တဲ့လားရာတွေအားလုံး ရောက်နေပြီဖြစ်ကြောင်းနဲ့ အဲဒီကစားသမားဆီကနေ ဒီထက်ပိုကောင်းတဲ့အရာတွေ အများကြီးလာဦးမယ်လို့ ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။
အသက် ၂၀အရွယ်ရှိ အမေရိကန်လက်ရွေးစင် ပူလီဆစ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ယူနိုက်တက်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပထမဆုံးပွဲအဖြစ် လူစားဝင်ကစားခဲ့ပြီးနောက် လီဗာပူးနဲ့ကစားခဲ့တဲ့ဥရောပစူပါဖလားပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးအကြိမ်ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။
သူဟာ အဲဒီပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး တိုက်စစ်မှူး ဂျီရူး အဖွင့်ဂိုးသွင်းယူအောင် လှပတဲ့ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ကာ ပြင်သစ်လက်ရွေးစင် တစ်ဦးတည်းလွတ်လွတ်ကျွတ်ကျွတ်ဖြစ်အောင် လီဗာပူးခံစစ်ကို ချဲထုတ်ကာ အပိုင်ခင်းပေးလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ဒေါ့မွန်အသင်းကနေ ပေါင် ၅၈သန်းနဲ့ ခေါ်ယူခဲ့ပြီး အဲဒီဂျာမန်ကလပ်မှာပဲ ၆လအငှားပြန်ကစားခဲ့တဲ့ ပူလီဆစ်ကို ပရိသတ်အများစုက မျှော်လင့်အားကိုးခဲ့ပြီး နွေရာသီအတွင်း ရီးရဲလ်ကို ရောက်သွားတဲ့ ကြယ်ပွင့်ကစားသမား ဟာဇက်ရဲ့နေရာမှာ အစားဝင်မယ့်သူအဖြစ် ကျွမ်းကျင်သူတွေကလည်း သတ်မှတ်ထားပါတယ်။
”သူ့ရဲ့ခြေစွမ်းအပေါ် ကျွန်တော် ပျော်ရွှင်မိပြီး ဒီလိုစွမ်းဆောင်ရည်မျိုးတွေအများကြီးလာဦးမယ်လို့ ထင်ပါတယ်။း သူ့အပေါ် မျှော်လင့်အားကိုးတာတွေကလည်း ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့အတွက် သူက ကြီးမားတဲ့ခေါ်ယူမှုဖြစ်လို့ပါ။ ဒါပေမဲ့ သူ့အသက်ကို သတိရပေးပါဦး။ သူက အခုမှ အသက် ၂၀ပဲရှိသေးပြီး တခြားလိဂ်က အခုမှရောက်လာကာစပဲရှိပါသေးတယ်”
”အခုလည်း ဘောလုံးလောကရဲ့အားသွန်ခွန်စိုက်ကစားဆုံးအသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ကစားခဲ့တာပါ။ ပွဲအစမှာ သူအထိုင်ကျဖို့ အချိန်ယူခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ဘောလုံးနဲ့အတူ ဆွဲပြေးဖို့နဲ့ ဖန်တီးမှုတွေပြုလုပ်ပေးဖို့ ယုံကြည်မှုရသွားပါတယ်။ သူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ ကျွန်တော် တကယ်ပဲပျော်ရွှင်မိပါတယ်”
”သူ့ရဲ့သွင်းဂိုးကလည်း တကယ်ကောင်းပါတယ်။ လူကျွံဘောဖြစ်သွားလို့သာ ဂိုးမရခဲ့တာပါ။ အသင်းအတွက် သူဘာတွေလုပ်ပေးနိုင်လဲဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်”လို့ လမ်းပတ်က ပြောပါတယ်။
ပူလီဆစ်ဟာ ပွဲချိန် ၇၄မိနစ်မှာ နောက်ထပ်လူငယ်ကွင်းလယ်လူ မေဆင်မောင့်နဲ့လူစားလဲခြင်းခံခဲ့ရပြီး မေဆင်မောင့်ရဲ့ကန်သွင်းချက်ကလည်း ဂိုးသွားပေမယ့် နောက်တစ်ခါ လူကံျွဘောထပ်ဖြစ်နေလို့ လမ်းပတ်က ဥရောပစူပါဖလားပွဲမှာ မိမိတို့အသင်း ကံဆိုးလွန်းခဲ့တယ်လို့ ဆိုပါတယ်။