ပုံမှန်ပွဲထွက်ခွင့်မရလို့ မန်စီးတီးအသင်းကနေထွက်ခွာဖို့ရှိနေတဲ့ နောက်ခံလူလာပေ့ါတ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်စီးတီးအသင်းရဲ့ စပိန်လက်ရွေးစင်နောက်ခံလူလာပေ့ါတ်ဟာ အသင်းမှာ ရူဘင်ဒီယက်စ်၊ ဂျွန်စတုန်းစ်တို့ရဲ့နောက် တတိယဦးစားအဖြစ်သာပါဝင်ကစားနေရတဲ့အတွက် စိတ်ပျက်နေပြီး အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း အသင်းနဲ့လမ်းခွဲဖို့စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။
လာပေါ့တ်ကို လာလီဂါထိပ်သီးဘာစီလိုနာအသင်းက ခေါ်ယူဖို့စိတ်ဝင်စားခဲ့ဖူးပေမယ့် အခုအချိန်မှာ ဘာစီလိုနာအသင်းဟာ ကြွေးမြီပြဿနာတွေနဲ့ရုန်းကန်နေရတာကြောင့် မြင့်မားတဲ့ပြောင်းရွှေ့ကြေးသုံးစွဲနိုင်မယ့် အနေအထားမရှိပါဘူး။
အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူလာပေ့ါတ်ဟာ ၂၀၁၈၊ ဇန်နဝါရီလတုန်းက ဘီလ်ဘာအိုအသင်းကနေ မန်စီးတီးအသင်းဆီ ပေါင်(၆၅)သန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝနေချိန်မှာ အသင်းအတွက်ပုံမှန်ကစားခွင့်ရခဲ့ပေမယ့်
ပြီးခဲ့တဲ့နှစ်၊နွေရာသီမှာ မန်စီးတီးအသင်းက ဘင်ဖီကာနောက်ခံလူဒီယက်စ်ကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း ပွဲထွက်ခွင့်ရဖို့ရုန်းကန်လာရသလို ဒီယက်စ်နဲ့ဂျွန်စတုန်းစ်အတွဲက ပြီးခဲ့တဲ့ရာသီတစ်လျှောက် ခြေစွမ်းပြကစားခဲ့တာကြောင့် လာပေ့ါတ်ဟာ တတိယဦးစားပေးအဖြစ်သာ ပါဝင်ကစားခဲ့ရတာပါ။
လာပေ့ါတ်ဟာ ၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ်မှာ (၁၄)ပွဲသာပွဲထွက်ကစားခွင့်ရခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ (၃)ပွဲသာကစားခဲ့ရပါတယ်။
လာပေ့ါတ်အနေနဲ့ တကယ်လို့ မန်စီးတီးအသင်းကနေထွက်ခွာဖြစ်ခဲ့ရင် တစ်ချိန်က သူကစားခဲ့တဲ့ဖူးတဲ့ လာလီဂါပြိုင်ပွဲမှာ ပြန်လည်ပြောင်းရွှေ့ကစားဖို့ရှိနေပါပြီ။
ဘီလ်ဘာအိုအကယ်ဒမီကနေထွက်ပေါ်ခဲ့သူ လာပေ့ါတ်ဟာ ဘီလ်ဘာအိုအသင်းအတွက် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိကစားခဲ့သလို အသင်းနဲ့အတူ ၂၀၁၅ စပိန်စူပါဖလားရယူနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ မန်စီးတီးအသင်းဆီရောက်ရှိခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းကစားသမားဘဝအစပိုင်းတုန်းက အဓိကနောက်ခံလူတစ်ဦးဖြစ်ခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်(၃)ကြိမ်၊ FA ဖလား(၁)ကြိမ်၊ လိဂ်ဖလား(၃)ကြိမ်ရရှိခဲ့ပေမယ့်
လာပေ့ါတ်ဟာ နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရလို့ ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့သလို ပြီးခဲ့တဲ့နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ(၄၇)ပွဲသာကစားခဲ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ပုံမှန်ပွဲထွက်ခွင့်မရလို့ မန်စီးတီးအသင်းကနေထွက်ခွာဖို့ရှိနေတဲ့ နောက်ခံလူလာပေါ့တ်
အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူလာပေါ့တ်ဟာ ၂၀၁၈၊ ဇန်နဝါရီလတုန်းက ဘီလ်ဘာအိုအသင်းကနေ မန်စီးတီးအသင်းဆီ ပေါင်(၆၅)သန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝနေချိန်မှာ အသင်းအတွက်ပုံမှန်ကစားခွင့်ရခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်၊နွေရာသီမှာ မန်စီးတီးအသင်းက ဘင်ဖီကာနောက်ခံလူဒီယက်စ်ကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း ပွဲထွက်ခွင့်ရဖို့ရုန်းကန်လာရသလို ဒီယက်စ်နဲ့ဂျွန်စတုန်းစ်အတွဲက ပြီးခဲ့တဲ့ရာသီတစ်လျှောက် ခြေစွမ်းပြကစားခဲ့တာကြောင့် လာပေါ့တ်ဟာ တတိယဦးစားပေးအဖြစ်သာ ပါဝင်ကစားခဲ့ရတာပါ။
လာပေါ့တ်ဟာ ၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ်မှာ (၁၄)ပွဲသာပွဲထွက်ကစားခွင့်ရခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ (၃)ပွဲသာကစားခဲ့ရပါတယ်။ လာပေါ့တ်အနေနဲ့ တကယ်လို့ မန်စီးတီးအသင်းကနေထွက်ခွာဖြစ်ခဲ့ရင် တစ်ချိန်က သူကစားခဲ့တဲ့ဖူးတဲ့ လာလီဂါပြိုင်ပွဲမှာ ပြန်လည်ပြောင်းရွှေ့ကစားဖို့ရှိနေပါပြီ။ ဘီလ်ဘာအိုအကယ်ဒမီကနေထွက်ပေါ်ခဲ့သူ လာပေါ့တ်ဟာ ဘီလ်ဘာအိုအသင်းအတွက် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိကစားခဲ့သလို အသင်းနဲ့အတူ ၂၀၁၅ စပိန်စူပါဖလားရယူနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ မန်စီးတီးအသင်းဆီရောက်ရှိခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းကစားသမားဘဝအစပိုင်းတုန်းက အဓိကနောက်ခံလူတစ်ဦးဖြစ်ခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်(၃)ကြိမ်၊ FA ဖလား(၁)ကြိမ်၊ လိဂ်ဖလား(၃)ကြိမ်ရရှိခဲ့ပေမယ့် လာပေါ့တ်ဟာ နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရလို့ ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့သလို ပြီးခဲ့တဲ့နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ(၄၇)ပွဲသာကစားခဲ့ရပါတယ်။