Photo Credit
Photo Credit
ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက နောက်ကစားရမယ့်ပွဲဖြစ်တဲ့ လီဗာပူးနဲ့ရင်ဆိုင်ရမယ့်အိမ်ကွင်းပွဲက သူတို့အတွက် Perfect Game ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ သာမန်ပွဲကစားချိန်အတွင်း နောက်ဆုံး ၅ပွဲဆက်နိုင်ပွဲပျောက်မှုအဖြစ် နယူးကာဆယ်ကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရပါတယ်။
Photo Credit
ယူနိုက်တက်ဟာ ဝက်စ်ဟမ်း၊ လိဂ်-၁ ကလပ် ရော့ချ်ဒေး၊ အာဆင်နယ်၊ အယ်လ်ခမာ၊ နယူးကာဆယ်တို့နဲ့ကစားခဲ့တဲ့ အဲဒီ ၅ပွဲမှာ တိုက်စစ်ပိုင်းက ၂ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ယခုအခါ တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာ အမှတ်ပေးဇယားရဲ့အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။
Photo Credit
အခြားဘက်မှာတော့ လီဗာပူးက ပရီးမီးယားလိဂ် ၁၇ပွဲဆက်အနိုင်နဲ့အတူ အမှတ်ပေးဇယားကို သက်သောင့်သက်သာဦးဆောင်ထားပြီး ဒုတိယနေရာက လက်ရှိချန်ပီယံ စီးတီးကို ၈မှတ်အထိ ဖြတ်ထားနိုင်ပါတယ်။ ယူနိုက်တက်ဟာ နိုင်ငံတကာပွဲစဉ်အပြီး ပထမဆုံးပြန်ကစားရမယ့်ပွဲမှာ လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။
Photo Credit
”လီဗာပူးနဲ့ပွဲက ကျွန်တော်တို့အတွက်တော့ ပြီးပြည့်စုံတဲ့ပွဲပါပဲ။ ကံကောင်းတာက ကြားထဲမှာ နိုင်ငံတကာရက်သတ္တပတ်ရှိနေတဲ့အချက်ပါပဲ။ အခုကစားခဲ့တဲ့ ၈ပွဲမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် ပြန်ပြီးဆန်းစစ်သွားမှာပါ။ သေချာဆွေးနွေးသုံးသပ်သွားမှာပါ။ ကစားသမားအများအပြားလည်း ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်”
Photo Credit
”လူငယ်ကစားသမားတွေကလည်း ယုံကြည်မှုပျောက်ဆုံးနေပြီး သူတု့ိအနေနဲ့ အတွေ့အကြုံရင့်ကစားသမားတွေ၊ ဝန်ထမ်းတွေရဲ့အကူအညီ လိုအပ်နေပါတယ်။ သူတု့ိလည်း လူသားတွေပဲဖြစ်ပြီး အကောင်းဆုံးလုပ်ဆောင်ချင်ကြတာပါပဲ။ သူတို့ရဲ့ပြင်းထန်တဲ့အလုပ်ကြိုးစားမှုတွေအတွက် ရောင်ပြန်ဟပ်မှုလိုအပ်နေပြီး အခုရလဒ်တွေမဟုတ်လို့ အဲဒီအချက်က သူတို့ကို ရိုက်ခတ်နေပါတယ်”
Photo Credit
”ကျွန်တော်တို့အနေနဲ့ ထိပ်ဆုံး ၄သင်းစာရင်းဝင်ဖို့ ကြီးမားတဲ့စိန်ခေါ်မှုကို ကျော်ဖြတ်ရမှာဖြစ်ပြီး ခက်ခဲကြမ်းတမ်းမှာသေချာပေမယ့် ကျွန်တော်တို့ဘက်က အတူတကွသွားဖို့ လိုအပ်နေပါတယ်။ အခုသွားနေတဲ့လမ်းကြောင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က သာယာတဲ့နေ့တွေမှာပဲ အလုပ်လုပ်မယ်ဆိုရင် ရည်မှန်းချက်ပန်းတိုင်ကို ဘယ်တော့မှရောက်နိုင်မှာမဟုတ်ပါဘူး”လို့ ဆိုးလ်ရှားက ပြောပါတယ်။
Photo Credit
Zawgyi
ပုံမှန်ခြေစွမ်းအောက်ရောက် ယူနိုက်တက်အတွက် လီဗာပူးနဲ့ပွဲကို Perfect Game အဖြစ် ဆိုးလ်ရှား သတ်မှတ်လိုက်ပြီ
ယူနိုက်တက်ဟာ ၀က်စ်ဟမ်း၊ လိဂ်-၁ ကလပ် ရော့ခ်ျဒေး၊ အာဆင်နယ်၊ အယ်လ်ခမာ၊ နယူးကာဆယ်တို့နဲ့ကစားခဲ့တဲ့ အဲဒီ ၅ပွဲမှာ တိုက်စစ်ပိုင်းက ၂ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ယခုအခါ တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာ အမှတ်ပေးဇယားရဲ့အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။