ပုံမှန်ခြေစွမ်းအောက်ရောက်နေတဲ့ ဒီဘရိုင်းနား မန်ချက်စတာဒါဘီပွဲမှာ ပွဲထွက်ခွင့်ရဖို့မသေချာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုနောက်ပိုင်းပွဲတွေမှာ ပုံမှန်ခြေစွမ်းအောက်ရောက်နေတဲ့ မန်စီးတီးအသင်းရဲ့အဓိကကွင်းလယ်လူဒီဘရိုင်းနား လာမယ့်တစ်ပတ်စနေနေ့ကျရင်

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားမယ့် မန်ချက်စတာဒါဘီပွဲမှာ ပွဲထွက်ကစားခွင့်ရဖို့မသေမချာဖြစ်နေပါပြီ။

အသက်(၃၀)နှစ်အရွယ်ရှိပြီဖြစ်သူ ဘယ်လ်ဂျီယံနာမည်ကျော်ကစားသမားဒီဘရိုင်းနားဟာ မန်စီးတီးအသင်းမှာသာမက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးကွင်းလယ်လူတစ်ဦးအဖြစ်

သတ်မှတ်ခံထားရပေမယ့် နောက်ပိုင်း မန်စီးတီးအသင်းကစားခဲ့တဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ပြီးခဲ့တဲ့ခရစ္စပဲလေ့စ်နဲ့ပွဲမှာလည်း ဒီဘရိုင်းနား ပုံမှန်စွမ်းဆောင်ရည်မရှိတာကြောင့် ဒုတိယပိုင်းမှာ ဂွါဒီယိုလာက သူ့ကို ဂျွန်စတုန်းစ်နဲ့လူစားလဲခဲ့ပါတယ်။

ဂွါဒီယိုလာဆိုတာက အရင်ကစွမ်းဆောင်ရည်တွေထက် လက်ရှိစွမ်းဆောင်ရည်ကိုသာ ဦးစားပေးလေ့ရှိတဲ့နည်းပြမျိုးဖြစ်ပြီး

ကစားသမားတစ်ဦး ခြေစွမ်းမပြနိုင်တာနဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ဖို့မသေချာဘဲ စတာလင်၊ မာရက်ဇ်တို့ရဲ့အဖြစ်အပျက်က အကောင်းဆုံးသက်သေပါပဲ။

အဲဒါကြောင့် အခု ဒီဘရိုင်းနားလည်း စတာလင်၊ မာရက်ဇ်တို့လိုအဖြစ်မျိုးနဲ့ရင်ဆိုင်ရမယ့်အခြေအနေဖြစ်နေပြီး မန်ချက်စတာဒါဘီပွဲကျရင် ပွဲထွက်စာရင်းမှာပါဝင်ဖို့ မသေမချာဖြစ်နေတာပါ။

ပဲလေ့စ်နဲ့ပွဲမတိုင်ခင် ဘရိုက်တန်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဒီဘရိုင်းနားဟာ ပွဲထွက်စာရင်းမှာမပါဝင်ခဲ့ပေမယ့်

မန်စီးတီးအသင်း အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဂွါဒီယိုလာက ဒီဘရိုင်းနားကို ဒုတိယပိုင်း(၇၇)မိနစ်မှ လူစားဝင်အဖြစ်အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် ဒီဘရိုင်းနားဟာ ဝက်စ်ဟမ်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့တဲ့ လိဂ်ဖလားပွဲမှာလည်း ပွဲချိန်ပြည့်ကစားခွင့်မရခဲ့ဘဲ (၈၃)မိနစ်မှာ ဂရီးလစ်ရှ်နဲ့လူစားလဲခံခဲ့ရပါတယ်။

ဒီဘရိုင်းနားအနေနဲ့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ယူရို-၂၀၂ဝပြိုင်ပွဲတွေမှာ ဒဏ်ရာတွေရရှိခဲ့ပြီး နွေရာသီကာလတစ်လျှောက်မှာလည်း

အနားယူချိန်အပြည့်အဝမရခဲ့တာကြောင့် အခုလိုပုံမှန်ခြေစွမ်းမပြနိုင်ရတဲ့အကြောင်းရင်းတွေထဲမှာ တစ်ချက်အပါအဝင်ဖြစ်ပါတယ်။

ပဲလေ့စ်နဲ့ပွဲအပြီးမှာ သတင်းထောက်တွေက ဒီဘရိုင်းနားကို အနားပေးဖို့ရှိလားလို့ မေးမြန်းခဲ့တော့ ဂွါဒီယိုလာက

“ကစားသမားတွေကို ပွဲထွက်သုံးမလား၊ အနားပေးမလားဆိုတာက ကျွန်တော်ချမှတ်ရမယ့်ဆုံးဖြတ်ချက်ဖြစ်ပြီး သူတို့နဲ့ပတ်သက်တဲ့အချက်အလက်တွေအားလုံး ကျွန်တော် သိရှိထားပြီးဖြစ်ပါတယ်။

ဒီဘရိုင်းနားဟာ အသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ထိပ်တန်းအဆင့်ရှိတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်”လို့ဖြေကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနတဲ့ ဒီဘ႐ိုင္းနား မန္ခ်က္စတာဒါဘီပြဲမွာ ပြဲထြက္ခြင့္ရဖို႔မေသခ်ာ

အခုေနာက္ပိုင္းပြဲေတြမွာ ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနတဲ့ မန္စီးတီးအသင္းရဲ႕အဓိကကြင္းလယ္လူဒီဘ႐ိုင္းနား လာမယ့္တစ္ပတ္စေနေန႔က်ရင္ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ကစားမယ့္ မန္ခ်က္စတာဒါဘီပြဲမွာ ပြဲထြက္ကစားခြင့္ရဖို႔မေသမခ်ာျဖစ္ေနပါၿပီ။

အသက္(၃၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘယ္လ္ဂ်ီယံနာမည္ေက်ာ္ကစားသမားဒီဘ႐ိုင္းနားဟာ မန္စီးတီးအသင္းမွာသာမက ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကြင္းလယ္လူတစ္ဦးအျဖစ္ သတ္မွတ္ခံထားရေပမယ့္ ေနာက္ပိုင္း မန္စီးတီးအသင္းကစားခဲ့တဲ့ပြဲမွာ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ ၿပီးခဲ့တဲ့ခရစၥပဲေလ့စ္နဲ႔ပြဲမွာလည္း ဒီဘ႐ိုင္းနား ပုံမွန္စြမ္းေဆာင္ရည္မရွိတာေၾကာင့္ ဒုတိယပိုင္းမွာ ဂြါဒီယိုလာက သူ႔ကို ဂြၽန္စတုန္းစ္နဲ႔လူစားလဲခဲ့ပါတယ္။

ဂြါဒီယိုလာဆိုတာက အရင္ကစြမ္းေဆာင္ရည္ေတြထက္ လက္ရွိစြမ္းေဆာင္ရည္ကိုသာ ဦးစားေပးေလ့ရွိတဲ့နည္းျပမ်ိဳးျဖစ္ၿပီး ကစားသမားတစ္ဦး ေျခစြမ္းမျပႏိုင္တာနဲ႔ ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္ဖို႔မေသခ်ာဘဲ စတာလင္၊ မာရက္ဇ္တို႔ရဲ႕အျဖစ္အပ်က္က အေကာင္းဆုံးသက္ေသပါပဲ။ အဲဒါေၾကာင့္ အခု ဒီဘ႐ိုင္းနားလည္း စတာလင္၊ မာရက္ဇ္တို႔လိုအျဖစ္မ်ိဳးနဲ႔ရင္ဆိုင္ရမယ့္အေျခအေနျဖစ္ေနၿပီး မန္ခ်က္စတာဒါဘီပြဲက်ရင္ ပြဲထြက္စာရင္းမွာပါဝင္ဖို႔ မေသမခ်ာျဖစ္ေနတာပါ။

ပဲေလ့စ္နဲ႔ပြဲမတိုင္ခင္ ဘ႐ိုက္တန္ကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ ဒီဘ႐ိုင္းနားဟာ ပြဲထြက္စာရင္းမွာမပါဝင္ခဲ့ေပမယ့္ မန္စီးတီးအသင္း အေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး ဂြါဒီယိုလာက ဒီဘ႐ိုင္းနားကို ဒုတိယပိုင္း(၇၇)မိနစ္မွ လူစားဝင္အျဖစ္အသုံးျပဳခဲ့တာျဖစ္ပါတယ္။ ဒ့ါအျပင္ ဒီဘ႐ိုင္းနားဟာ ဝက္စ္ဟမ္းအသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔အေရးနိမ့္ခဲ့တဲ့ လိဂ္ဖလားပြဲမွာလည္း ပြဲခ်ိန္ျပည့္ကစားခြင့္မရခဲ့ဘဲ (၈၃)မိနစ္မွာ ဂရီးလစ္ရွ္နဲ႔လူစားလဲခံခဲ့ရပါတယ္။

ဒီဘ႐ိုင္းနားအေနနဲ႔ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲနဲ႔ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲေတြမွာ ဒဏ္ရာေတြရရွိခဲ့ၿပီး ေႏြရာသီကာလတစ္ေလွ်ာက္မွာလည္း အနားယူခ်ိန္အျပည့္အဝမရခဲ့တာေၾကာင့္ အခုလိုပုံမွန္ေျခစြမ္းမျပႏိုင္ရတဲ့အေၾကာင္းရင္းေတြထဲမွာ တစ္ခ်က္အပါအဝင္ျဖစ္ပါတယ္။

ပဲေလ့စ္နဲ႔ပြဲအၿပီးမွာ သတင္းေထာက္ေတြက ဒီဘ႐ိုင္းနားကို အနားေပးဖို႔ရွိလားလို႔ ေမးျမန္းခဲ့ေတာ့ ဂြါဒီယိုလာက “ကစားသမားေတြကို ပြဲထြက္သုံးမလား၊ အနားေပးမလားဆိုတာက ကြၽန္ေတာ္ခ်မွတ္ရမယ့္ဆုံးျဖတ္ခ်က္ျဖစ္ၿပီး သူတို႔နဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြအားလုံး ကြၽန္ေတာ္ သိရွိထားၿပီးျဖစ္ပါတယ္။ ဒီဘ႐ိုင္းနားဟာ အသင္းအတြက္အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ၿပီး ထိပ္တန္းအဆင့္ရွိတဲ့ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္”လို႔ေျဖၾကားခဲ့ပါတယ္။