ပုဂၢိဳလ္ေရးလိုအပ္ခ်က္ေတြေဘးခ်ိတ္ၿပီး ႀကိဳးစားၾကဖို႔ ဟယ္ရီကိန္းတိုက္တြန္း

PC ; PA

အသင္းကေနထြက္ခြာခ်င္ခဲ့ၾကတဲ့ကစားသမားေတြအေနနဲ႔  သူတို႔ရဲ႕ပုဂၢလိကလိုအပ္ခ်က္ေတြကို ေဘးခ်ိတ္ၿပီး ေျခစြမ္းျပႏိုင္ေအာင္ႀကိဳးစားၾကဖို႔ စပါးတိုက္စစ္မွဴးဟယ္ရီကိန္းက တိုက္တြန္းလိုက္ပါတယ္။ပိုခ်က္တီႏိုရဲ႕အသင္းဟာ ပရီးမီးယားလိဂ္ ၈ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲ ၂ပြဲသာရၿပီး ဆိုးရြားတဲ့အေျခအေနနဲ႔ရင္ဆိုင္ေနရပါတယ္။ဒါဟာ အနာဂတ္မေသခ်ာတဲ့ ကစားသမားအခ်ိဳ႔ရဲ႕အေျခအေနေၾကာင့္ အသင္းအေပၚရိုက္ခတ္မႈရွိခဲ့တာလို႔ ဟယ္ရီကိန္းက ယူဆထားပါတယ္။ၿပီးခဲ့တဲ့ေႏြေစ်းကြက္မွာ အဲရစ္ဆင္၊အဲလ္ဒါ၀ီရက္နဲ႔ဒန္နီရို႔စ္တို႔လို ပထမအသင္းသားအခ်ိဳ႔ဟာ အသင္းကေနထြက္ခြာၾကမယ္လို႔ သတင္းေတြထြက္ခဲ့ပါတယ္။

PC ; REX

စာခ်ဳပ္ေနာက္ဆံုးႏွစ္ေရာက္ေနတဲ့ ဗာတြန္ဂန္ကိုလည္း နည္းျပပိုခ်က္တီႏိုက ရာသီအစပိုင္းမွာ မ်က္ႏွာသာမေပးခဲ့ပါဘူး။ဒီလို အေျခအေနေတြရဲ႕ရိုက္ခတ္မႈကို အသင္းခံခဲ့ရတာပါလို႔ အဂၤလန္တိုက္စစ္မွဴးက စိတ္ပ်က္စြာဖြင့္ဟလိုက္တာပါ။“ အသင္းကေနထြက္ခြာခ်င္တဲ့ ကစားသမားေတြ၊ဒီကိစၥနဲ႔ပတ္သက္ၿပီး လူသိရွင္ၾကားျဖစ္ခဲ့သူေတြဟာ ဒီမွာဆက္ရွိေနၾကပါတယ္။ဒီအေျခအေနမ်ိဳးကိုရင္ဆိုင္ရတာဟာ ဘယ္ေတာ့မွလြယ္ကူမွာ မဟုတ္ပါဘူး။ဒါေပမဲ့ ေစ်းကြက္က ပိတ္သြားပါၿပီ။ပံုမွန္လမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔ပဲ ကၽြန္ေတာ္တို႔အားလံုး လိုခ်င္ေနၾကပါတယ္။ကြင္းထဲေရာက္လာခ်ိန္မွာ ဘယ္သူပဲျဖစ္ျဖစ္ အသင္းအတြက္ ေပးဆပ္ရမယ္။အဲဒီအတြက္လည္း ဒီေနရာကေန ေျပာခ်င္ပါတယ္။ကိုယ့္ရဲ႕ပုဂၢိဳလ္ေရးလိုအပ္ခ်က္ေတြကို တစ္ျခားမွာထားၿပီး အျမင့္ဆံုးေျခစြမ္းေရာက္ဖို႔သာ လုပ္ၾကစမ္းပါ။ဒါဟာ အဲဒီကစားသမားရဲ႕ တစ္ကိုယ္ရည္စြမ္းေဆာင္မႈမွတ္တမ္းကိုလည္း ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ အေထာက္အကူျဖစ္ေစပါတယ္ ”လို႔ ဟယ္ရီကိန္း ဖြင့္ဟလိုက္ပါတယ္။

PC ; Getty

စပါးဟာ ပရီးမီးယားလိဂ္မွာ ရလဒ္ေတြဆိုးရြားေနရံုသာမက ၿပီးခဲ့တဲ့ လိဂ္ဖလားပြဲစဥ္မွာလည္း လိဂ္-၂ကလပ္ေလး ကိုလ္ခ်က္စတာကို ပင္နယ္တီအဆံုးအျဖတ္နဲ႔ရံႈးနိမ့္ၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရပါတယ္။လက္ရွိအေနအထားနဲ႔ပတ္သက္ၿပီး သူအပါအ၀င္ ဘယ္ကစားသမားမွ ဆင္ေျခေပးစရာအေၾကာင္းမရွိဘဲ လာမယ့္ ေဆာက္သမ္တန္နဲ႔ပြဲမွာ ႏိုင္ပြဲရယူျခင္းနဲ႔ လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္ဖို႔လိုတယ္လို႔လည္း  ဟယ္ရီကိန္းကေျပာသြားခဲ့ပါတယ္။

(unicode)

အသင်းကနေထွက်ခွာချင်ခဲ့ကြတဲ့ကစားသမားတွေအနေနဲ့ သူတို့ရဲ့ပုဂ္ဂလိကလိုအပ်ချက်တွေကို ဘေးချိတ်ပြီး ခြေစွမ်းပြနိုင်အောင်ကြိုးစားကြဖို့ စပါးတိုက်စစ်မှူးဟယ်ရီကိန်းက တိုက်တွန်းလိုက်ပါတယ်။ပိုချက်တီနိုရဲ့အသင်းဟာ ပရီးမီးယားလိဂ် ၈ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ၂ပွဲသာရပြီး ဆိုးရွားတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ဒါဟာ အနာဂတ်မသေချာတဲ့ ကစားသမားအချို့ရဲ့အခြေအနေကြောင့် အသင်းအပေါ်ရိုက်ခတ်မှုရှိခဲ့တာလို့ ဟယ်ရီကိန်းက ယူဆထားပါတယ်။ပြီးခဲ့တဲ့နွေဈေးကွက်မှာ အဲရစ်ဆင်၊အဲလ်ဒါဝီရက်နဲ့ဒန်နီရို့စ်တို့လို ပထမအသင်းသားအချို့ဟာ အသင်းကနေထွက်ခွာကြမယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။စာချုပ်နောက်ဆုံးနှစ်ရောက်နေတဲ့ ဗာတွန်ဂန်ကိုလည်း နည်းပြပိုချက်တီနိုက ရာသီအစပိုင်းမှာ မျက်နှာသာမပေးခဲ့ပါဘူး။ဒီလို အခြေအနေတွေရဲ့ရိုက်ခတ်မှုကို အသင်းခံခဲ့ရတာပါလို့ အင်္ဂလန်တိုက်စစ်မှူးက စိတ်ပျက်စွာဖွင့်ဟလိုက်တာပါ။“ အသင်းကနေထွက်ခွာချင်တဲ့ ကစားသမားတွေ၊ဒီကိစ္စနဲ့ပတ်သက်ပြီး လူသိရှင်ကြားဖြစ်ခဲ့သူတွေဟာ ဒီမှာဆက်ရှိနေကြပါတယ်။ဒီအခြေအနေမျိုးကိုရင်ဆိုင်ရတာဟာ ဘယ်တော့မှလွယ်ကူမှာ မဟုတ်ပါဘူး။ဒါပေမဲ့ ဈေးကွက်က ပိတ်သွားပါပြီ။ပုံမှန်လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ပဲ ကျွန်တော်တို့အားလုံး လိုချင်နေကြပါတယ်။ကွင်းထဲရောက်လာချိန်မှာ ဘယ်သူပဲဖြစ်ဖြစ် အသင်းအတွက် ပေးဆပ်ရမယ်။အဲဒီအတွက်လည်း ဒီနေရာကနေ ပြောချင်ပါတယ်။ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးလိုအပ်ချက်တွေကို တစ်ခြားမှာထားပြီး အမြင့်ဆုံးခြေစွမ်းရောက်ဖို့သာ လုပ်ကြစမ်းပါ။ဒါဟာ အဲဒီကစားသမားရဲ့ တစ်ကိုယ်ရည်စွမ်းဆောင်မှုမှတ်တမ်းကိုလည်း ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အထောက်အကူဖြစ်စေပါတယ် ”လို့ ဟယ်ရီကိန်း ဖွင့်ဟလိုက်ပါတယ်။စပါးဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးရွားနေရုံသာမက ပြီးခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာလည်း လိဂ်-၂ကလပ်လေး ကိုလ်ချက်စတာကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။လက်ရှိအနေအထားနဲ့ပတ်သက်ပြီး သူအပါအဝင် ဘယ်ကစားသမားမှ ဆင်ခြေပေးစရာအကြောင်းမရှိဘဲ လာမယ့် ဆောက်သမ်တန်နဲ့ပွဲမှာ နိုင်ပွဲရယူခြင်းနဲ့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့လိုတယ်လို့လည်း ဟယ်ရီကိန်းကပြောသွားခဲ့ပါတယ်။