ပုခုံးပေါ်က တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်မယ့် ဂွာဒီယိုလာ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်စီးတီးအသင်းကို ပထမဆုံးစတင်ရောက်ရှိချိန်မှာ တောင်းဆိုခံရဖူးတဲ့စကားကို မေ့ပျောက်ပစ်မှာမဟုတ်ကြောင်း နည်းပြဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုထားပါတယ်။ ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းအတွက် ချန်ပီယံလိဂ်ဆုဖလားရယူပေးနိုင်ဖို့ တောင်းဆိုခံရတာမျိုးတွေ့ကြုံခဲ့ရပါတယ်။
စီးတီးအသင်းကို စတင်ရောက်ရှိစဉ်က “မင်းအနေနဲ့ချန်ပီယံလိဂ်မရယူနိုင်ဘူးဆိုရင် မင်းရဲ့နည်းပြဘဝ အောင်မြင်တယ်မဆိုနိုင်ဘူး”လို့ ပက်ပ်တစ်ယောက် အပြောခံခဲ့ရပါတယ်။ နည်းပြဂွာဒီယိုလာက ’‘အဲဒီတာဝန်ကြီးက ကျွန်တော်တို့ပုခုံးပေါ်မှာရှိပေမယ့် ကျွန်တော်တို့စိတ်မပူပါဘူး။ ဘောလုံးမှာ ကိုယ်နဲ့ထိုက်တန်ရင်ရမှာပါ။ မထိုက်တန်ရင်တော့ မရဘူးပေါ့’‘
“ကျွန်တော်တို့ ဆီမီးဖိုင်နယ်အကြောင်း မစဉ်းစားသေးပါဘူး။ ကျွန်တော်တို့မှာ ကျော်ဖြတ်စရာပထမပွဲစဉ်နဲ့ ဒုတိယပွဲစဉ်တစ်ပွဲကျန်ရှိနေပါသေးတယ်။ လောလောဆယ်မှာ ပြိုင်ဘက်ကိုရော၊ ကိုယ့်ရဲ့ပုံစံတွေကိုယ်ရေ ာဘယ်လိုကစားရမလဲဆိုတာကိုပဲ စိတ်ပူတာပါ”လို့ပြောပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာမိုချန်ဂလာဘတ်ကို အနိုင်ရပြီးချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနည်းပြအဖြစ် တာဝန်မယူခင် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကို ချန်ပီယံလိဂ်ချန်ပီယံဆု ရယူနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi