ပီအက်စ်ဂျီ အတွက် ဂိုးစသွင်းပေးတဲ့ မက်ဆီကို ချီးကျူးလိုက်တဲ့ အရှူံးရလဒ် ရင်ခွင်ပိုက် ဂွာဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီယွန်နယ် မက်ဆီဟာ ယမန်နေ့ညက မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် ပထမဆုံးဂိုး သွင်းယူခဲ့ပြီး အဲဒါကို ဂွါဒီယိုလာက ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီ – မန်စီးတီး ပွဲမှာ အိမ်ရှင် ပီအက်စ်ဂျီ အသင်းဟာ ကွင်းလယ်လူ အိုင်ဒရီဆာ ဂွီယီ ၊ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ၊ ပြီးခဲ့တဲ့ ရာသီက ရှုံးကြွေးကို ဆပ်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီ ကတော့ ဒီနိုင်ပွဲကြောင့် ဒီရာသီ ပြိုင်ပွဲစုံ ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပေမယ့် ၊ မန်စီးတီး ကတော့ ရာသီအဖွင့်ပွဲ တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၊ ဒုတိယ အကြိမ် ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ ကတော့ ၎င်းတို့ဟာ တစ်ဦးချင်း စွမ်းဆောင်ရည်မှာ ပြိုင်ဖက်ကင်းတဲ့ တပည့်ဟောင်း လီယွန်နယ် မက်ဆီ ကို အချိန်ပြည့် ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ဝန်ခံခဲ့သလို၊

အသင်းသစ် အတွက် ပထမဆုံး ဂိုးရခဲ့တဲ့ မက်ဆီ အတွက်လည်း အနာဂတ် သာယာ ဖြောင့်ဖြူးစေဖို့ အခုလိုပဲပြောပါတယ်။

ဂွါဒီယိုလာက “မက်ဆီရဲ့ဂိုးက အရမ်းကောင်းပါတယ်။

ပွဲချိန်မိနစ်၉၀လုံး မက်ဆီကို ထိန်းဖို့ မဖြစ်နိုင်ဘူဆိုတာ သိပေမယ့် သူ ဘောလုံးသိပ်ထိခဲ့တာ မဟုတ်ပါဘူး။

သူ ပြေးလာပြီး ဧရိယာနား ရောက်လာရင် ထိန်းချုပ်လို့ မရဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။

အဲ့ဒါကို သိပြီးသားဖြစ်ပြီး သူတို့လို အရည်အချင်းနဲ့ ကစားသမားတွေကို မိနစ်၉၀လုံး ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

“ကျွန်တော့်အတွက် တစ်ခုတည်းသော ရွေးချယ်စရာက မိနစ်၉၀လုံး ခံစစ်ကစားပြီး ဘောလုံးလုယူဖို့ပါ။

ကျွန်တော်တို့ အဲ့ဒီလို ကစားနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ တိုက်စစ်ကစားသမားတွေ ပိုရှေ့တက်လိုက်တာနဲ့ ဒီတိုက်စစ်မှူးတွေက ဘယ်လို အရည်အချင်းတွေ ရှိပြီး ဘောလုံးပျက်သွားရင် ဘာဖြစ်မယ်ဆိုတာ တွေးထားကြပါတယ်”

“လီယို အတွက် အစစ အရာရာ အကောင်းဆုံး ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။

ပဲရစ်မှာ သူ့ရဲ့ ဘဝ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်တယ် ဆိုရင် ကျွန်တော်လည်း ပျော်ပါတယ်။

သူဟာ ဒီကို ရောက်လာဖို့ အကြောင်းအရင်း များစွာနဲ့ ဆုံးဖြတ်ချက် ချခဲ့ရတာပါ။ ” လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီအက္စ္ဂ်ီ အတြက္ ဂိုးစသြင္း​ေပးတဲ့ မက္ဆီကို ခ်ီးက်ဴးလိုက္တဲ့ အရႉံးရလဒ္ ရင္ခြင္ပိုက္ ဂြာဒီယိုလာ

လီယြန္နယ္ မက္ဆီဟာ ယမန္ေန႔ညက မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပီအက္စ္ဂ်ီအတြက္ ပထမဆုံးဂိုး သြင္းယူခဲ့ၿပီး အဲဒါကို ဂြါဒီယိုလာက ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီ – မန္စီးတီး ပြဲမွာ အိမ္ရွင္ ပီအက္စ္ဂ်ီ အသင္း ဟာ ကြင္းလယ္လူ အိုင္ဒရီဆာ ဂြီယီ ၊ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီ တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အတူ ၂ – ၀ ရလဒ္နဲ႔ အႏိုင္ရခဲ့ၿပီး ၊ ၿပီးခဲ့တဲ့ ရာသီက ရႈံးေႂကြးကို ဆပ္ႏိုင္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီ ကေတာ့ ဒီႏိုင္ပြဲေၾကာင့္ ဒီရာသီ ၿပိဳင္ပြဲစုံ ရႈံးပြဲ မရွိေသးတဲ့ မွတ္တမ္းကို ဆက္လက္ ထိန္းသိမ္းႏိုင္ခဲ့ေပမယ့္ ၊ မန္စီးတီး ကေတာ့ ရာသီအဖြင့္ပြဲ ေတာ့တင္ဟမ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၊ ဒုတိယ အႀကိမ္ ရႈံးပြဲ ႀကဳံေတြ႕ခဲ့ရၿပီ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ မန္စီးတီး နည္းျပ ပက္ဂြာဒီယိုလာ ကေတာ့ ၎တို႔ဟာ တစ္ဦးခ်င္း စြမ္းေဆာင္ရည္မွာ ၿပိဳင္ဖက္ကင္းတဲ့ တပည့္ေဟာင္း လီယြန္နယ္ မက္ဆီ ကို အခ်ိန္ျပည့္ ထိန္းသိမ္းႏိုင္ခဲ့ျခင္း မရွိခဲ့ေၾကာင္း ဝန္ခံခဲ့သလို ၊ အသင္းသစ္ အတြက္ ပထမဆုံး ဂိုးရခဲ့တဲ့ မက္ဆီ အတြက္လည္း အနာဂတ္ သာယာ ေျဖာင့္ျဖဴးေစဖို႔ အခုလိုပဲ​ေျပာပါတယ္။

ဂြါဒီယိုလာက “မက္ဆီရဲ႕ဂိုးက အရမ္းေကာင္းပါတယ္။ ပြဲခ်ိန္မိနစ္၉၀လုံး မက္ဆီကို ထိန္းဖို႔ မျဖစ္ႏိုင္ဘူဆိုတာ သိေပမယ့္ သူ ေဘာလုံးသိပ္ထိခဲ့တာ မဟုတ္ပါဘူး။ သူ ေျပးလာၿပီး ဧရိယာနား ေရာက္လာရင္ ထိန္းခ်ဳပ္လို႔ မရဘူးဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ အဲ့ဒါကို သိၿပီးသားျဖစ္ၿပီး သူတို႔လို အရည္အခ်င္းနဲ႔ ကစားသမားေတြကို မိနစ္၉၀လုံး ထိန္းခ်ဳပ္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး”

“ကြၽန္ေတာ့္အတြက္ တစ္ခုတည္းေသာ ေ႐ြးခ်ယ္စရာက မိနစ္၉၀လုံး ခံစစ္ကစားၿပီး ေဘာလုံးလုယူဖို႔ပါ။ ကြၽန္ေတာ္တို႔ အဲ့ဒီလို ကစားႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ တိုက္စစ္ကစားသမားေတြ ပိုေရွ႕တက္လိုက္တာနဲ႔ ဒီတိုက္စစ္မႉးေတြက ဘယ္လို အရည္အခ်င္းေတြ ရွိၿပီး ေဘာလုံးပ်က္သြားရင္ ဘာျဖစ္မယ္ဆိုတာ ေတြးထားၾကပါတယ္”

“လီယို အတြက္ အစစ အရာရာ အေကာင္းဆုံး ျဖစ္ပါေစလို႔ ကြၽန္ေတာ္ ဆုေတာင္းပါတယ္ ။ ပဲရစ္မွာ သူ႔ရဲ႕ ဘဝ ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းႏိုင္တယ္ ဆိုရင္ ကြၽန္ေတာ္လည္း ေပ်ာ္ပါတယ္ ။ သူဟာ ဒီကို ေရာက္လာဖို႔ အေၾကာင္းအရင္း မ်ားစြာနဲ႔ ဆုံးျဖတ္ခ်က္ ခ်ခဲ့ရတာပါ ။ ” လို႔ ေျပာၾကားခဲ့ပါတယ္ ။