ပီအက်စ်ဂျီ နစ်နာအောင် ပညာဝိုင်းပေးမယ့် ဘာပေနှင့် ရီးရဲလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘာပေကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အကြိုသဘောတူညီမှုရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီ နဲ့ စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိတော့ပြီး လက်ရှိနွေရာသီမှာတင် ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ ဆန္ဒပြင်းပြခဲ့တာပါ။

ဒါပေမယ့် ပီအက်စ်ဂျီ အသင်းက အမ်ဘာပေကို လုံးဝလက်လွှတ်မခံခဲ့ဘဲ နောက်ဆုံးအချိန်အထိ အသင်းမှာဆက်ထိန်းထားခဲ့ပါတယ်။

အမ်ဘာပေအတွက် ရီးရဲလ်မက်ဒရစ်က ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၇၀) + အပိုဆုကြေး ယူရို (၁၀) သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီကပယ်ချခဲ့တာကြောင့် ယမန်နေ့က အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ယူရိုသန်း (၂၂၀) အထိ တိုးမြှင့်ပေးပြီး ထပ်မံကမ်းလှမ်းခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဘာပေဟာ အသင်းရဲ့ မက်မောလောက်စရာ စာချုပ်သစ် ကမ်းလှမ်းမှုတစ်ရပ်အဖြစ် တစ်နှစ်လုပ်ခ ယူရို(၄၅)သန်းနဲ့ ပီအက်စ်ဂျီဘက်ကနေ ကမ်းလှမ်းခဲ့ပေမယ့်လည်း

ကစားသမားဘက်ကတော့ အဲဒီကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချသွားခဲ့ပြီး အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လာမယ့်နွေမှသာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

အသက်(၂၂)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ကြယ်ပွင့်ကစားသမား ဘာပေဟာ ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာကတည်းက ပီအက်စ်ဂျီကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ချင်ခဲ့တာဖြစ်ပြီး ရီးရဲလ်ဘက်ကလည်း ဘာပေကို ခေါ်ယူနိုင်ဖို့အတွက် တတ်နိုင်သမျှကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

အခုတော့ ဘာပေတစ်ယောက် ရာသီအကုန်မှသာ ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှ မပါဝင်ဘဲ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ ရီးရဲလ်ကလည်း အဲဒီအစီအစဉ်ကို အကြိုက်တွေ့ပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီအက္စ္ဂ်ီ နစ္နာေအာင္ ပညာဝိုင္းေပးမယ့္ ဘာေပႏွင့္ ရီးရဲလ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ သူတို႔ရဲ႕ကာလရွည္ပစ္မွတ္ျဖစ္တဲ့ ပီအက္စ္ဂ်ီ ၾကယ္ပြင့္ အမ္ဘာေပကို လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ အႀကိဳသေဘာတူညီမႈရယူႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔ သိရပါတယ္။ အမ္ဘာေပဟာ ပီအက္စ္ဂ်ီ နဲ႔ စာခ်ဳပ္သက္တမ္း (၁) ႏွစ္သာ က်န္ရွိေတာ့ၿပီး လက္ရွိေႏြရာသီမွာတင္ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းဖို႔ ဆႏၵျပင္းျပခဲ့တာပါ။

ဒါေပမယ့္ ပီအက္စ္ဂ်ီ အသင္းက အမ္ဘာေပကို လုံးဝလက္လႊတ္မခံခဲ့ဘဲ ေနာက္ဆုံးအခ်ိန္အထိ အသင္းမွာဆက္ထိန္းထားခဲ့ပါတယ္။ အမ္ဘာေပအတြက္ ရီးရဲလ္မက္ဒရစ္က ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း (၁၇၀) + အပိုဆုေၾကး ယူ႐ို (၁၀) သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ပီအက္စ္ဂ်ီကပယ္ခ်ခဲ့တာေၾကာင့္ ယမန္ေန႔က အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ယူ႐ိုသန္း (၂၂၀) အထိ တိုးျမႇင့္ေပးၿပီး ထပ္မံကမ္းလွမ္းခဲ့ပါတယ္။

တစ္ဖက္မွာလည္း ဘာေပဟာ အသင္းရဲ႕ မက္ေမာေလာက္စရာ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈတစ္ရပ္အျဖစ္ တစ္ႏွစ္လုပ္ခ ယူ႐ို(၄၅)သန္းနဲ႔ ပီအက္စ္ဂ်ီဘက္ကေန ကမ္းလွမ္းခဲ့ေပမယ့္လည္း ကစားသမားဘက္ကေတာ့ အဲဒီကမ္းလွမ္းခ်က္ကို ျငင္းဆန္ပယ္ခ်သြားခဲ့ၿပီး အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ လာမယ့္ေႏြမွသာ အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာသြားမွာ ျဖစ္ပါတယ္။

အသက္(၂၂)ႏွစ္အ႐ြယ္ရွိ ျပင္သစ္လက္ေ႐ြးစင္ ၾကယ္ပြင့္ကစားသမား ဘာေပဟာ ၿပီးခဲ့တဲ့ ေႏြေဈးကြက္အတြင္းမွာကတည္းက ပီအက္စ္ဂ်ီကေန ရီးရဲလ္မက္ဒရစ္အသင္းဆီကို ေျပာင္းေ႐ႊ႕ခ်င္ခဲ့တာျဖစ္ၿပီး ရီးရဲလ္ဘက္ကလည္း ဘာေပကို ေခၚယူႏိုင္ဖို႔အတြက္ တတ္ႏိုင္သမွ်ႀကိဳးစားခဲ့​ေပမယ့္ အရာမထင္ခဲ့ပါဘူး။

အခု​ေတာ့ ဘာ​ေပတစ္​ေယာက္ ရာသီအကုန္မွသာ ရီးရဲလ္အသင္းဆီကို ေျပာင္းေ႐ႊ႕ေၾကး တစ္ျပားတစ္ခ်ပ္မွ မပါဝင္ဘဲ ေျပာင္းေ႐ႊ႕ဖြယ္ ရွိေနပါတယ္။ ရီးရဲလ္ကလည္း အဲဒီအစီအစဥ္ကို အႀကိဳက္​ေတြ႕ပါလိမ့္မယ္။