ပီအက်စ်ဂျီရဲ့ ဂိုးပြတ်နိုင်ပွဲနောက်ကွယ်က အမေ့လျော့ခံ သူရဲကောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ဘာစီလိုနာ နှင့် ပီအက်စ်ဂျီအသင်းတို့ရဲ့ ပွဲစဥ်မှာ လူတိုင်းက ကိုင်လီယမ် အမ်ဘာပေရဲ့ ဟက်ထရစ် သွင်းဂိုးအကြောင်းကိုပဲ ပြောဆိုနေကြပေမယ့် နောက်ထပ် ပီအက်ဂျီ ကစားသမားတစ်ဦးရဲ့ စွမ်းဆောင်ရည်ကိုလည်း အသိအမှတ်ပြုသင့်ပါတယ်။

ပီအက်စ်ဂျီ အသင်းရဲ့ ကွင်းလယ် ဗိုလ်ချုပ် မာကို ဗာရက်တီက မနေ့ညက ပွဲစဥ်မှာ ရာနှုန်းပြည့် စွမ်းဆောင်ရည်ကောင်းပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး အမေ့လျော့ခံကစားသမား တစ်ဦးဆိုတာ သက်သေပြသွားခဲ့ပါတယ်။

အီတလီကွင်းလယ် ကစားသမားဟာ ဘာစီလိုနာအသင်းကို သမိုင်းဝင် ( ၄ -၁ ) အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ လီဂူး-၁ အသင်းအတွက် ကွင်းလယ် အထိုင်နေရာကနေ ကစားပေးခဲ့ပြီး အမ်ဘာပေရဲ့ ပထမသွင်းဂိုးကို ဖန်တီးပေးခဲ့သလို ပွဲစဥ်တစ်လျှောက် တစ်ဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို အကောင်းဆုံးတားဆီးနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုပြန်လည်ရရှိအောင် ကူညီပေးခဲ့ပါတယ်။

အသက် ( ၂၈ ) နှစ်အရွယ် ကစားသမားဟာ အဆိုပါ ပွဲစဥ်မှာ ဘောလုံးပေးပို့မှု ( ၉၀ )ရာခိုင်နှုန်းထိအောင်မြင်ခဲ့ပြီး စုစုပေါင်း ဘောလုံးထိချက် ( ၇၉ )ကြိမ်ထိ ရှိကာ ဘောလုံးပိတ်ဆို့မှု အများဆုံးပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဗာရက်တီရဲ့ အနိမ့်ကစားဟန် နှင့် တိုက်စစ်ပိုင်း ပေးပို့မှုတွေက ဘာစီလိုနာကို ‌ေခါင်းကိုက်စေခဲ့ပါတယ်။

ပီအက်ဂျီနည်းပြ ပိုချက်တီနိုကလည်း ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ အီတလီ ကွင်းလယ်လူကို “ အမှန်တကယ် ကောင်းမွန်တဲ့ ကစားသမား” လို့ ချီးကျူးခဲ့ပါတယ်။ “ သူ ( ဗာရက်တီ ) က ပွဲကို အကောင်းဆုံး ခန့်မှန်းပြီး ကစားနိုင်သူပါ။

သူက ကျွန်တော်တို့ တိုက်စစ်ဆင်နိုင်ဖို့ ကူညီပေးပြီး ဘောလုံးကို အကျဥ်းအကျပ်ထဲကနေ ကောင်းမွန်တဲ့ အခြေအနေ ရောက်ရှိအောင် စွမ်းဆောင်ပေးပါတယ်။” “ တိုက်စစ်ပိုင်းမှာ သူ့ရဲ့ အားစိုက်ထုတ်မှုကို ( ၂ ) ဆ တိုးလေ့ရှိပါတယ်။ သူက အမှန်တကယ် ကောင်းမွန်တဲ့ ကစားသမား တစ်ဦးပါ။”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပီအက္စ္ဂ်ီရဲ႕ ဂိုးျပတ္ႏိုင္ပြဲေနာက္ကြယ္က အေမ့ေလ်ာ့ခံ သူရဲေကာင္း

ၿပီးခဲ့တဲ့ အဂၤါေန႔ညက ဘာစီလိုနာ ႏွင့္ ပီအက္စ္ဂ်ီအသင္းတို႔ရဲ႕ ပြဲစဥ္မွာ လူတိုင္းက ကိုင္လီယမ္ အမ္ဘာေပရဲ႕ ဟက္ထရစ္ သြင္းဂိုးအေၾကာင္းကိုပဲ ေျပာဆိုေနၾကေပမယ့္ ေနာက္ထပ္ ပီအက္ဂ်ီ ကစားသမားတစ္ဦးရဲ႕ စြမ္းေဆာင္ရည္ကိုလည္း အသိအမွတ္ျပဳသင့္ပါတယ္။ ပီအက္စ္ဂ်ီ အသင္းရဲ႕ ကြင္းလယ္ ဗိုလ္ခ်ဳပ္ မာကို ဗာရက္တီက မေန႔ညက ပြဲစဥ္မွာ ရာႏႈန္းျပည့္ စြမ္းေဆာင္ရည္ေကာင္းပိုင္ဆိုင္ခဲ့ၿပီး ကမာၻ႔အေကာင္းဆုံး အေမ့ေလ်ာ့ခံကစားသမား တစ္ဦးဆိုတာ သက္ေသျပသြားခဲ့ပါတယ္။

အီတလီကြင္းလယ္ ကစားသမားဟာ ဘာစီလိုနာအသင္းကို သမိုင္းဝင္ ( ၄ -၁ ) အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ လီဂူး-၁ အသင္းအတြက္ ကြင္းလယ္ အထိုင္ေနရာကေန ကစားေပးခဲ့ၿပီး အမ္ဘာေပရဲ႕ ပထမသြင္းဂိုးကို ဖန္တီးေပးခဲ့သလို ပြဲစဥ္တစ္ေလွ်ာက္ တစ္ဖက္အသင္းရဲ႕ တိုက္စစ္ဆင္မႈေတြကို အေကာင္းဆုံးတားဆီးႏိုင္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈျပန္လည္ရရွိေအာင္ ကူညီေပးခဲ့ပါတယ္။

အသက္ ( ၂၈ ) ႏွစ္အ႐ြယ္ ကစားသမားဟာ အဆိုပါ ပြဲစဥ္မွာ ေဘာလုံးေပးပို႔မႈ ( ၉၀ )ရာခိုင္ႏႈန္းထိေအာင္ျမင္ခဲ့ၿပီး စုစုေပါင္း ေဘာလုံးထိခ်က္ ( ၇၉ )ႀကိမ္ထိ ရွိကာ ေဘာလုံးပိတ္ဆို႔မႈ အမ်ားဆုံးျပဳလုပ္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဗာရက္တီရဲ႕ အနိမ့္ကစားဟန္ ႏွင့္ တိုက္စစ္ပိုင္း ေပးပို႔မႈေတြက ဘာစီလိုနာကို ‌ေခါင္းကိုက္ေစခဲ့ပါတယ္။

ပီအက္ဂ်ီနည္းျပ ပိုခ်က္တီႏိုကလည္း ပြဲၿပီး သတင္းစာ ရွင္းလင္းပြဲမွာ အီတလီ ကြင္းလယ္လူကို “ အမွန္တကယ္ ေကာင္းမြန္တဲ့ ကစားသမား” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ “ သူ ( ဗာရက္တီ ) က ပြဲကို အေကာင္းဆုံး ခန္႔မွန္းၿပီး ကစားႏိုင္သူပါ။ သူက ကြၽန္ေတာ္တို႔ တိုက္စစ္ဆင္ႏိုင္ဖို႔ ကူညီေပးၿပီး ေဘာလုံးကို အက်ဥ္းအက်ပ္ထဲကေန ေကာင္းမြန္တဲ့ အေျခအေန ေရာက္ရွိေအာင္ စြမ္းေဆာင္ေပးပါတယ္။” “ တိုက္စစ္ပိုင္းမွာ သူ႔ရဲ႕ အားစိုက္ထုတ္မႈကို ( ၂ ) ဆ တိုးေလ့ရွိပါတယ္။ သူက အမွန္တကယ္ ေကာင္းမြန္တဲ့ ကစားသမား တစ္ဦးပါ။”