
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ရင်းမ်း အသင်းတောင်ပံကစားသမားဗန်ဘာဂန်ဟာ ပီအက်စ်ဂျီအတွက် ပထမဆုံးပွဲစဉ်ကို စတင်ကစားပေးခဲ့တဲ့ မက်ဆီရဲ့ ဂျာစီကို ရရှိဖို့အတွက် ကြိုးစားခဲ့မှုဟာ မအောင်မမြင်နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။
မနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ မက်ဆီက အသင်းအတွက် ဒုတိယပိုင်းမှာ လူစားဝင်ရောက်ကစားပေးခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝသစ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ပြင်သစ်လိဂ်ရဲ့ သမိုင်းဝင်အခိုက်အတန့်လို့လည်း ဆိုရမှာဖြစ်ပြီး မက်ဆီဝင်ရောက်လာချိန်မှာ ပီအက်စ်ဂျီကစားသမားတွေက သူ့နာမည်ကိုဟစ်ကြွေးကာ အားပေးခဲ့ကြပါတယ်။
မက်ဆီဟာ အသင်းအတွက် ဂိုးဖန်တီးမှု၊ သွင်းဂိုးတွေမလုပ်ပေးနိုင်ခဲ့ပေမယ့်လည်း စုစုပေါင်း ၂၁ကြိမ် ပေးပို့မှုလုပ်ခဲ့ရာမှာ အကြိမ် ၂၀ အထိ အောင်မြင်ခဲ့ပြီး ပုံမှန်ခြေစွမ်းကို ပြသနိုင်ဖို့တော့ အနည်းငယ်အချိန်ယူရဦးမှာဖြစ်ပါတယ်။
ရင်းမ်းနဲ့ ပီအက်စ်ဂျီပွဲစဉ်ကို ရုပ်သံကကြည့်ရှူသူပေါင်း ၁၀.၅သန်းအထိရှိခဲ့ပြီး ဒါဟာ ပြင်သစ်လိဂ်သမိုင်းမှာ စံချိန်သစ်တင်ခဲ့တဲ့ အရေအတွက်လို့ သိရပါတယ်။
ပွဲအပြီးမှာ ရင်းမ်း တောင်ပံကစားသမား ဗန်ဘာဂန်က “မက်ဆီက အထင်ကြီးစရာကောင်းတဲ့ကစားသမားပါ။
မနှစ်က သူ ချန်ပီယံလိဂ်ကစားတာကို ကြည့်ခွင့်ရခဲ့ပြီး အခုချိန်မှာ ကျွန်တော်တို့လိဂ်ကို သူရောက်နေတာ၊ သူနဲ့ ရင်ဆိုင်နေရတာ ကျေနပ်စရာပါ။”
“ကျွန်တော့်ညီလေးအတွက် သူ့ရဲ့ဂျာစီကို တောင်းခံခဲ့ပေမယ့် သူကမပေးခဲ့ပါဘူး။ နောက်တစ်ကြိမ်ဆိုရင်တော့ ကျွန်တော်ရပါလိမ့်မယ်။” လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ပီအက္စ္ဂ်ီနဲ႔ ပြဲဦးထြက္ ဝတ္စုံကို တျခားသူကို မေပးဘဲ သိမ္းထားမွာလား မက္ဆီ
ရင္းမ္း အသင္းေတာင္ပံကစားသမားဗန္ဘာဂန္ဟာ ပီအက္စ္ဂ်ီအတြက္ ပထမဆုံးပြဲစဥ္ကို စတင္ကစားေပးခဲ့တဲ့ မက္ဆီရဲ႕ ဂ်ာစီကို ရရွိဖို႔အတြက္ ႀကိဳးစားခဲ့မႈဟာ မေအာင္မျမင္နဲ႔သာ အဆုံးသတ္ခဲ့ရပါတယ္။
မေန႔က ကစားခဲ့တဲ့ပြဲစဥ္မွာ မက္ဆီက အသင္းအတြက္ ဒုတိယပိုင္းမွာ လူစားဝင္ေရာက္ကစားေပးခဲ့ၿပီး သူ႔ရဲ႕ ကစားသမားဘဝသစ္ကို စတင္ဖြင့္လွစ္ခဲ့ပါတယ္။
ျပင္သစ္လိဂ္ရဲ႕ သမိုင္းဝင္အခိုက္အတန႔္လို႔လည္း ဆိုရမွာျဖစ္ၿပီး မက္ဆီဝင္ေရာက္လာခ်ိန္မွာ ပီအက္စ္ဂ်ီကစားသမားေတြက သူ႔နာမည္ကိုဟစ္ေႂကြးကာ အားေပးခဲ့ၾကပါတယ္။
မက္ဆီဟာ အသင္းအတြက္ ဂိုးဖန္တီးမႈ၊ သြင္းဂိုးေတြမလုပ္ေပးႏိုင္ခဲ့ေပမယ့္လည္း စုစုေပါင္း ၂၁ႀကိမ္ ေပးပို႔မႈလုပ္ခဲ့ရာမွာ အႀကိမ္ ၂၀ အထိ ေအာင္ျမင္ခဲ့ၿပီး ပုံမွန္ေျခစြမ္းကို ျပသႏိုင္ဖို႔ေတာ့ အနည္းငယ္အခ်ိန္ယူရဦးမွာျဖစ္ပါတယ္။
ရင္းမ္းနဲ႔ ပီအက္စ္ဂ်ီပြဲစဥ္ကို ႐ုပ္သံကၾကည့္ရႉသူေပါင္း ၁၀.၅သန္းအထိရွိခဲ့ၿပီး ဒါဟာ ျပင္သစ္လိဂ္သမိုင္းမွာ စံခ်ိန္သစ္တင္ခဲ့တဲ့ အေရအတြက္လို႔ သိရပါတယ္။
ပြဲအၿပီးမွာ ရင္းမ္း ေတာင္ပံကစားသမား ဗန္ဘာဂန္က “မက္ဆီက အထင္ႀကီးစရာေကာင္းတဲ့ကစားသမားပါ။ မႏွစ္က သူ ခ်န္ပီယံလိဂ္ကစားတာကို ၾကည့္ခြင့္ရခဲ့ၿပီး အခုခ်ိန္မွာ ကြၽန္ေတာ္တို႔လိဂ္ကို သူေရာက္ေနတာ၊ သူနဲ႔ ရင္ဆိုင္ေနရတာ ေက်နပ္စရာပါ။”
“ကြၽန္ေတာ့္ညီေလးအတြက္ သူ႔ရဲ႕ဂ်ာစီကို ေတာင္းခံခဲ့ေပမယ့္ သူကမေပးခဲ့ပါဘူး။ ေနာက္တစ္ႀကိမ္ဆိုရင္ေတာ့ ကြၽန္ေတာ္ရပါလိမ့္မယ္။” လို႔ ဖြင့္ဟေျပာၾကားခဲ့ပါတယ္။