ပီအက်စ်ဂျီနဲ့ပွဲမှာ တစ်ကွင်းလုံးကို ၁၀ စက္ကန့်အတွင်း ပြေးပြခဲ့တဲ့ဟာလန်း

photo-sportbible

photo-gettyimages

ဒေ့ါမန်တိုက်စစ်မှုးဟာလန်းဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ အသင်းအတွက် ၂ ဂိုးစလုံးသွင်းယူနိုင်ခဲ့ရုံတင်မဟုတ်ဘဲ မယုံနိုင်ဖွယ်စွမ်းဆောင်မှုတစ်ခုကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒါဟာ ပွဲချိန်ပထမပိုင်းက အခိုက်အတန့်လေးတစ်ခုမှာပါ။ ပီအက်စ်ဂျီရတဲ့ထောင့်ကန်ဘောကို ခေါင်းတိုက်ရှင်းထုတ်ပြီး တန်ပြန်တိုက်စစ်ဆင်ရာမှာ ဖြစ်ပါတယ်။

photo-gettyimages

အံ့သြစရာက ဒီတန်ပြန်တိုက်စစ်မှာ ဒေါ့မန်ပင်နယ်တီဧရိယာထဲကနေ ပီအက်စ်ဂျီပင်နယ်တီဧရိယာထဲကို ၁၀ စက္ကန့်အတွင်း ပြေးပြခဲ့တာ ဖြစ်ပါတယ်။ ၁၉ နှစ်အရွယ် အဲဒီနော်ဝေသားလေးဟာ ခံစစ်ကစားသမားကနေ တိုက်စစ်ကစားသမားအဖြစ်ကို မယုံနိုင်ဖွယ်အမြန်နှုန်းနဲ့ ချက်ချင်းနီးပါးပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်ရဲ့အဲဒီအခိုက်အတန့်ဗီဒီယိုဖိုင်လေးဟာလည်း ဆိုရှယ်မီဒီထက်မှာ ပရိသတ်တွေကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ်။

https://twitter.com/i/status/1229862437475758086

သူဟာ တကယ့်ကိုစွယ်စုံရကစားသမားတစ်ယောက်လို့တောင် ဆိုရပါမယ်။ သူဟာ ခြေထောက်နှစ်ဖက်စလုံးနဲ့ ဂိုးသွင်းအဆုံးသတ်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ပိတ်သွင်းရုံပဲလုပ်တတ်တဲ့တိုက်စစ်မှုးတစ်ယောက်မဟုတ်ဘူးဆိုတာကို ပီအက်စ်ဂျီနဲ့ပွဲက ဒုတိယဂိုးနဲ့ သက်သေပြခဲ့ပြီးပါပြီ။ ပြီးတော့ သူဟာ မြန်နှုန်းကောင်းတဲ့ တိုက်စစ်မှုးတစ်ယောက်ပါ။ ဟာလန်းဟာ အရပ် ၆ ပေ ၄ လက်မရှိပြီး တောင့်တင်းတဲ့ခန္ဓာကိုယ်အချိုးအစားရှိပေမယ့် ဒီလိုမြန်အောင်ပြေးနိုင်တယ်ဆိုတော့ တကယ့်ကိုအံ့သြစရာပါပဲ။ အဲဒီတန်ပြန်တိုက်စစ်ရဲ့အခိုက်အတန့်လေးမှာ ဟာလန်းဟာ အူစိန်ဘို့သ်(ကမ္ဘာ့အမြန်ဆုံးအပြေးချန်ပီယံ)ဖြစ်သွားတယ်လို့ ပရိသတ်တစ်ယောက်က မှတ်ချက်ပြုခဲ့ပါတယ်။

[Zawgyi]

ပီအက္စ္ဂ်ီနဲ႔ပြဲမွာ တစ္ကြင္းလုံးကို ၁၀ စကၠန္႔အတြင္း ေျပးျပခဲ့တ့ဲဟာလန္း

ေဒ့ါမန္တိုက္စစ္မႈးဟာလန္းဟာ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ အသင္းအတြက္ ၂ ဂိုးစလုံးသြင္းယူႏုိင္ခဲ့ရုံတင္မဟုတ္ဘဲ မယုံႏိုင္ဖြယ္စြမ္းေဆာင္မႈတစ္ခုကိုလည္း ျပဳလုပ္ႏိုိင္ခဲ့ပါတယ္။ အဲဒါဟာ ပြဲခ်ိန္ပထမပိုင္းက အခုိက္အတန္႔ေလးတစ္ခုမွာပါ။ ပီအက္စ္ဂ်ီရတဲ့ေထာင့္ကန္ေဘာကို ေခါင္းတုိက္ရွင္းထုတ္ၿပီး တန္ျပန္တိုက္စစ္ဆင္ရာမွာ ျဖစ္ပါတယ္။

အံ့ၾသစရာက ဒီတန္ျပန္တိုက္စစ္မွာ ေဒါ့မန္ပင္နယ္တီဧရိယာထဲကေန ပီအက္စ္ဂ်ီပင္နယ္တီဧရိယာထဲကို ၁၀ စကၠန္႔အတြင္း ေျပးျပခဲ့တာ ျဖစ္ပါတယ္။ ၁၉ ႏွစ္အရြယ္ အဲဒီေနာ္ေ၀သားေလးဟာ ခံစစ္ကစားသမားကေန တိုက္စစ္ကစားသမားအျဖစ္ကို မယုံႏိုင္ဖြယ္အျမန္ႏႈန္းနဲ႔ ခ်က္ခ်င္းနီးပါးေျပာင္းလဲႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဟာလန္ရဲ႕အဲဒီအခိုက္အတန္႔ဗီဒီယိုဖိုင္ေလးဟာလည္း ဆိုရွယ္မီဒီထက္မွာ ပရိသတ္ေတြကို ပါးစပ္အေဟာင္းသား ျဖစ္သြားေစခဲ့ပါတယ္။

သူဟာ တကယ့္ကိုစြယ္စံုရကစားသမားတစ္ေယာက္လုိ႔ေတာင္ ဆုိရပါမယ္။ သူဟာ ေျခေထာက္ႏွစ္ဖက္စလုံးနဲ႔ ဂုိးသြင္းအဆုံးသတ္ႏိုင္စြမ္းရွိပါတယ္။ ဒါ့အျပင္ ပိတ္သြင္းရုံပဲလုပ္တတ္တဲ့တိုက္စစ္မႈးတစ္ေယာက္မဟုတ္ဘူးဆုိတာကို ပီအက္စ္ဂ်ီနဲ႔ပြဲက ဒုတိယဂိုးနဲ႔ သက္ေသျပခဲ့ၿပီးပါၿပီ။ ၿပီးေတာ့ သူဟာ ျမန္ႏႈန္းေကာင္းတဲ့ တုိက္စစ္မႈးတစ္ေယာက္ပါ။ ဟာလန္းဟာ အရပ္ ၆ ေပ ၄ လက္မရွိၿပီး ေတာင့္တင္းတဲ့ခႏၶာကိုယ္အခ်ိဳးအစားရွိေပမယ့္ ဒီလိုျမန္ေအာင္ေျပးႏိုင္တယ္ဆုိေတာ့ တကယ့္ကိုအံ့ၾသစရာပါပဲ။ အဲဒီတန္ျပန္တိုက္စစ္ရဲ႕အခိုက္အတန္႔ေလးမွာ ဟာလန္းဟာ အူစိန္ဘုိ႔သ္(ကမာၻ႔အျမန္ဆုံးအေျပးခ်န္ပီယံ)ျဖစ္သြားတယ္လို႔ ပရိသတ္တစ္ေယာက္က မွတ္ခ်က္ျပဳခဲ့ပါတယ္။