ပီအက်စ်ဂျီနဲ့ပွဲက သွင်းဂိုးတွေကြောင့် အတောမသတ်တော့တဲ့ ဟာလန်းရဲ့စံချိန်မှတ်တမ်းတွေ

photo-gettyimages

photo-gettyimages

ဟာလန်းအတွက်တော့ ဒီအချိန်မှာ ပွဲတိုင်းဟာ စံချိန်မှတ်တမ်းတွေဖြစ်လို့နေပါတယ်။ အဲဒီဒေါ့မန်ကြယ်ပွင့်ဟာ ပီအက်စ်ဂျီကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ အိမ်ကွင်းပွဲမှာ ဒေ့ါမန်ရခဲ့တဲ့ ၂ ဂိုးစလုံးကို သွင်းပေးခဲ့တာပါ။ ပိတ်သွင်းဂိုးတစ်ဂိုးနဲ့ အပြင်းကန်သွင်းယူမှုတစ်ဂိုးတို့ ဖြစ်ပါတယ်။

photo-gettyimages

ပီအက်စ်ဂျီနဲ့ပွဲက အဲဒီသွင်းဂိုး ၂ ဂိုးကြောင့်လည်း အခုဆိုရင် ဟာလန်းဟာ ချန်ပီယံလိဂ်မှာ ၇ ပွဲတည်းကစားထားရသေးပေမယ့် သွင်းဂိုးအရေအတွက်က ၁၀ ဂိုးရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ပြိုင်ပွဲသမိုင်းမှာ ဘယ်ကစားသမားထက်ကိုမဆို ၄ ပွဲပိုမြန်ခဲ့တာပါ။ ဒါ့အပြင် ဟာလန်းဟာ ချန်ပီယံလိဂ်က ပွဲဦးထွက်ရာသီမှာ ၁၀ ဂိုးသွင်းနိုင်ခဲ့တဲ့ ၅ ယောက်မြောက်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုစွမ်းဆောင်နိုင်သူတွေထဲ လီဗာပူးက မာနီနဲ့ဖာမီနိုတု့ိလိုကစားသမားတွေလည်း ပါဝင်တာပါ။

photo-gettyimages

နောက်ပြီးဟာလန်းဟာ အင်္ဂါညက သူ့ရဲ့ပြိုင်ဘက်အမ်ဘက်ပီပြီးရင် ချန်ပီယံလိဂ်မှာ ၁၀ ဂိုးသွင်းနိုင်ခဲ့တဲ့ ဒုတိယဆယ်ကျော်သက်ကစားသမားဖြစ်လာပြီး ဥရောပဘောလုံးရာသီတစ်ခုတည်းမှာတင် အဲဒီလိုသွင်းနိုင်တဲ့ ပထမဆုံးဆယ်ကျော်သက်လည်း ဖြစ်ပါတယ်။ သူဟ ဇန်နဝါရီကနေ ရောက်လာပြီးကတည်းက ဒေ့ါမန်အတွက် ၇ ပွဲသာကစားထားရသေးပေမယ့် အခုဆိုရင် ၁၀ ဂိုးရှိသွားခဲ့ပြီဖြစ်ပြီး ဒီကြားထဲမှာ ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲက ဘယ်ကစားသမားထက်မဆို ဂိုးပိုသွင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဘွန်ဒက်စ်လီဂါ၊ ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်တွေမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးဒေါ့မန်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

[Zawgyi]

ပီအက္စ္ဂ်ီနဲ႔ပြဲက သြင္းဂိုးေတြေၾကာင့္ အေတာမသတ္ေတာ့တဲ့ ဟာလန္းရဲ႕စံခ်ိန္မွတ္တမ္းေတြ

ဟာလန္းအတြက္ေတာ့ ဒီအခ်ိန္မွာ ပြဲတိုင္းဟာ စံခ်ိန္မွတ္တမ္းေတြျဖစ္လုိ႔ေနပါတယ္။ အဲဒီေဒါ့မန္ၾကယ္ပြင့္ဟာ ပီအက္စ္ဂ်ီကို ၂-၁ ဂုိးနဲ႔အႏုိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ အိမ္ကြင္းပြဲမွာ ေဒ့ါမန္ရခဲ့တဲ့ ၂ ဂိုးစလုံးကို သြင္းေပးခဲ့တာပါ။ ပိတ္သြင္းဂိုးတစ္ဂိုးနဲ႔ အျပင္းကန္သြငး္ယူမႈတစ္ဂိုးတုိ႔ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ပဲြက အဲဒီသြင္းဂိုး ၂ ဂိုးေၾကာင့္လည္း အခုဆိုရင္ ဟာလန္းဟာ ခ်န္ပီယံလိဂ္မွာ ၇ ပြဲတည္းကစားထားရေသးေပမယ့္ သြင္းဂိုးအေရအတြက္က ၁၀ ဂိုးရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ဒါဟာ ၿပိဳင္ပြဲသမိုင္းမွာ ဘယ္ကစားသမားထက္ကိုမဆို ၄ ပြဲပိုျမန္ခဲ့တာပါ။ ဒါ့အျပင္ ဟာလန္းဟာ ခ်န္ပီယံလိဂ္က ပြဲဦးထြက္ရာသီမွာ ၁၀ ဂိုးသြင္းႏိုင္ခဲ့တဲ့ ၅ ေယာက္ေျမာက္ကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။ အဲဒီလုိစြမ္းေဆာင္ႏိုင္သူေတြထဲ လီဗာပူးက မာနီနဲ႔ဖာမီႏုိတု႔ိလိုကစားသမားေတြလည္း ပါ၀င္တာပါ။

ေနာက္ၿပီးဟာလန္းဟာ အဂၤါညက သူ႔ရဲ႕ၿပိဳင္ဘက္အမ္ဘက္ပီၿပီးရင္ ခ်န္ပီယံလိဂ္မွာ ၁၀ ဂိုးသြင္းႏိုင္ခဲ့တဲ့ ဒုတိယဆယ္ေက်ာ္သက္ကစားသမားျဖစ္လာၿပီး ဥေရာပေဘာလုံးရာသီတစ္ခုတည္းမွာတင္ အဲဒီလိုသြင္းႏိုင္တဲ့ ပထမဆုံးဆယ္ေက်ာ္သက္လည္း ျဖစ္ပါတယ္။ သူဟ ဇန္န၀ါရီကေန ေရာက္လာၿပီးကတည္းက ေဒ့ါမန္အတြက္ ၇ ပြဲသာကစားထားရေသးေပမယ့္ အခုဆုိရင္ ၁၀ ဂိုးရွိသြားခဲ့ၿပီျဖစ္ၿပီး ဒီၾကားထဲမွာ ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲက ဘယ္ကစားသမားထက္မဆို ဂိုးပိုသြင္းႏို္င္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ ဘြန္ဒက္စ္လီဂါ၊ ပိုကယ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ပြဲဦးထြက္ေတြမွာ ဂိုးသြင္းႏိုင္တဲ့ ပထမဆံုးေဒါ့မန္ကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။