ပီအက်စ်ဂျီနဲ့ပွဲက မန်ယူကစားသမားတစ်ယောက်ချင်းစီရဲ့စွမ်းဆောင်ရည်အဆင့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုးလ်ထရက်ဖို့ဒ်မှာ ပီအက်စ်ဂျီကိုရှုံးနိမ့်သွားခဲ့လို့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်နိုင်ရေးက မန်ယူအတွက် မရေမရာ ဖြစ်သွားပါတယ်။ အဲဒီပွဲက မန်ယူကစားသမားတစ်ယောက်ချင်းစီရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်ရမယ်ဆိုရင်….

ဒီဂီယာ ၇ – နေမာရဲ့အဖွင့်ဂိုးမှာ စိတ်ကျေနပ်ဖွယ်ရာမဖြစ်ခဲ့ပေမယ့် ၁-၀ နဲ့ရှုံးနေချိန် ဖလိုရန်ဇီရဲ့ကြိုးပမ်းမှုကို ကာကွယ်နိုင်ခဲ့သလို ၁-၁ ဖြစ်နေချိန်မှာလည်း ဘက်ကာရဲ့ကြိုးပမ်းမှုကို လက်စွမ်းပြနိုင်ခဲ့ပါတယ်။

ဘစ်ဆာကာ ၆ – ရှားပါးတဲ့တိုက်စစ်လိုက်ပါမှုမှာ ရက်ရှ်ဖို့ဒ်ရဲ့ချေပဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့တယ်။

လင်ဒီလော့ဖ် ၅ – ပီအက်စ်ဂျီတိုက်စစ်ကို ဘယ်လိုမှ မထိန်းနိုင်ခဲ့သူပါ။

မက်ဂွိုင်းယား ၅ – ပီအက်စ်ဂျီတိုက်စစ်မှုးတွေက သူ့ကိုရှောင်တမ်းနိုင်ခဲ့သလို သူ့မှာ ပြေးအားမရှိတာက မကြာခဏဆိုသလို အားနည်းချက်ဖြစ်ခဲ့တယ်။

တဲလက်စ် ၆ – နေမာရဲ့ပထမဂိုးမှာ တုံ့ပြန်မှုနှေးကွေးခဲ့ပေမယ့် တိုက်စစ်လိုက်ပါမှုမှာ တက်တက်တက်ကြွကြွရှိပြီး သူကစားတဲ့နေရာမှာလည်း နိုးနိုးကြားကြားရှိပါတယ်။

တွမ်မီနေး ၆ – သူဘာကြောင့် လူစာရင်းထဲပြန်ပါတယ်ဆိုတာကို ပြသနိုင်ခဲ့ပြီး သူ့ရဲ့စိတ်လိုက်မာန်ပါမှုနဲ့ ပီအက်စ်ဂျီကို မတည်ငြိမ်ဖြစ်စေခဲ့တယ်။

ဖရက်ဒ် ၄ – ပထမပိုင်းမှာ ကံကောင်းစွာနဲ့ အထုတ်မခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ ၂ ဝါ ၁ နီနဲ့ ထွက်လိုက်ရတယ်။

ရက်ရှ်ဖို့ဒ် ၇ – သူ့ရဲ့ချေပဂိုးက လူထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်ခဲ့တာဖြစ်ပေမယ့် သူဟာ ပီအက်စ်ဂျီနဲ့ ၄ ပွဲမျာ ၃ ဂိုးသွင်းနိုင်ခဲ့တာပါ။

ဖာနန်ဒက်စ် ၆ – ပထမပိုင်းပြီးခါနီးမှာ အခွင့်ရေးကောင်းရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ မာရှယ်အတွက် အခွင့်ရေးကောင်းတစ်ကြိမ်တော့ ဖန်တီးပေးခဲ့သေးတယ်။

မာရှယ် ၄ – ၁-၁ ဖြစ်နေချိန် ရတဲ့အခွင့်အလမ်းကောင်းကို ဖြုန်းတီးပစ်ခဲ့သလို ဆုံးဖြတ်ချက်ချရမှာလည်း နှေးလွန်းအားကြီးပါတယ်။ ဒါကြောင့်လည်း ဗဟိုတိုက်စစ်နေရာကနေ ဖယ်ပေးလိုက်ရတာပါ။

ကာဗာနီ ၆ – ဒုတိယပိုင်းမှာ ပိုပါဝင်ပတ်သက်နိုင်ခဲ့ညပီး မာရှယ်ရဲ့အခွင့်အရေးမှာ ရက်ရှိဖို့ဒ်နဲ့ ချိတ်ဆက်မှုကောင်းခဲ့တယ်။ သူကန်သွင်းချက် ဘားတန်းထိခဲ့တာကတော့ အရမ်းကိုကံမကောင်းတာပါ။

လူစားဝင်များ

ပေါ့ဂ်ဘာ ၆ – ဧရီယာအစပ်က သူ့ရဲ့မြေမကျကန်ချက်ဟာ ချေပဂိုးဖြစ်ဖို့ အတော်လေးနီးစပ်ခဲ့တာပါ။

ဗန်ဒီဘိခ် ၆ – တိုက်စစ်ပိုင်းကို အားဖြည့်ပေးနိုင်ခဲ့တယ်။

ဂရင်းဝုဒ် ၅ – ဗန်ဒီဘိခ်နဲ့အတူ (၇၉)မိနစ်မှာ လူစားဝင်ရောက်လာခဲ့ပေမယ့် အသင်းရဲ့ ကစားကွက်မှာ ပံ့ပိုးပေးနိုင်မှုမလုပ်နိုင်ခဲ့ပါဘူး။

အစ်ဂ်ဟာလို – မိနစ် ၉၀ မှာ ဘစ်ဆာကာအစားလူစား ဝင်လာခဲ့တာကြောင့် rating ပေးရလောက်တဲ့အခြေအနေအထိမရှိဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီအက္စ္ဂ်ီနဲ႔ပြဲက မန္ယူကစားသမားတစ္ေယာက္ခ်င္းစီရဲ႕စြမ္းေဆာင္ရည္အဆင့္

အိုးလ္ထရက္ဖို႔ဒ္မွာ ပီအက္စ္ဂ်ီကိုရႈံးနိမ့္သြားခဲ့လို႔ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္တက္ႏိုင္ေရးက မန္ယူအတြက္ မေရမရာ ျဖစ္သြားပါတယ္။ အဲဒီပြဲက မန္ယူကစားသမားတစ္ေယာက္ခ်င္းစီရဲ႕စြမ္းေဆာင္ရည္ကို အကဲျဖတ္ရမယ္ဆိုရင္….

ဒီဂီယာ ၇ – ေနမာရဲ႕အဖြင့္ဂိုးမွာ စိတ္ေက်နပ္ဖြယ္ရာမျဖစ္ခဲ့ေပမယ့္ ၁-၀ နဲ႔ရႈံးေနခ်ိန္ ဖလုိရန္ဇီရဲ႕ႀကိဳးပမ္းမႈကို ကာကြယ္ႏိုင္ခဲ့သလုိ ၁-၁ ျဖစ္ေနခ်ိန္မွာလည္း ဘက္ကာရဲ႕ႀကိဳးပမ္းမႈကို လက္စြမ္းျပႏိုင္ခဲ့ပါတယ္။

ဘစ္ဆာကာ ၆ – ရွားပါးတဲ့တိုက္စစ္လုိက္ပါမႈမွာ ရက္ရွ္ဖုိ႔ဒ္ရဲ႕ေခ်ပဂိုးအတြက္ ဖန္တီးေပးႏိုင္ခဲ့တယ္။

လင္ဒီေလာ့ဖ္ ၅ – ပီအက္စ္ဂ်ီတိုက္စစ္ကို ဘယ္လုိမွ မထိန္းႏိုင္ခဲ့သူပါ။

မက္ဂြိဳင္းယား ၅ – ပီအက္စ္ဂ်ီတိုက္စစ္မႈးေတြက သူ႔ကိုေရွာင္တမ္းႏိုင္ခဲ့သလို သူ႔မွာ ေျပးအားမရွိတာက မၾကာခဏဆုိသလို အားနည္းခ်က္ျဖစ္ခဲ့တယ္။

တဲလက္စ္ ၆ – ေနမာရဲ႕ပထမဂိုးမွာ တုံ႔ျပန္မႈေႏွးေကြးခဲ့ေပမယ့္ တုိက္စစ္လိုက္ပါမႈမွာ တက္တက္တက္ၾကြၾကြရွိၿပီး သူကစားတဲ့ေနရာမွာလည္း ႏိုးႏိုးၾကားၾကားရွိပါတယ္။

တြမ္မီေနး ၆ – သူဘာေၾကာင့္ လူစာရင္းထဲျပန္ပါတယ္ဆိုတာကို ျပသႏိုင္ခဲ့ၿပီး သူ႔ရဲ႕စိတ္လိုက္မာန္ပါမႈနဲ႔ ပီအက္စ္ဂ်ီကို မတည္ၿငိမ္ျဖစ္ေစခဲ့တယ္။

ဖရက္ဒ္ ၄ – ပထမပိုင္းမွာ ကံေကာင္းစြာနဲ႔ အထုတ္မခံခဲ့ရေပမယ့္ ဒုတိယပိုင္းမွာေတာ့ ၂ ၀ါ ၁ နီနဲ႔ ထြက္လိုက္ရတယ္။

ရက္ရွ္ဖို႔ဒ္ ၇ – သူ႔ရဲ႕ေခ်ပဂိုးက လူထိၿပီး လမ္းေၾကာင္းေျပာင္းဂိုး၀င္ခဲ့တာျဖစ္ေပမယ့္ သူဟာ ပီအက္စ္ဂ်ီနဲ႔ ၄ ပြဲမ်ာ ၃ ဂိုးသြင္းႏိုင္ခဲ့တာပါ။

ဖာနန္ဒက္စ္ ၆ – ပထမပိုင္းၿပီးခါနီးမွာ အခြင့္ေရးေကာင္းရေပမယ့္ အသုံးမခ်ႏိုင္ခဲ့ပါဘူး။ မာရွယ္အတြက္ အခြင့္ေရးေကာင္းတစ္ႀကိမ္ေတာ့ ဖန္တီးေပးခဲ့ေသးတယ္။

မာရွယ္ ၄ – ၁-၁ ျဖစ္ေနခ်ိန္ ရတဲ့အခြင့္အလမ္းေကာင္းကို ျဖဳန္းတီးပစ္ခဲ့သလို ဆုံးျဖတ္ခ်က္ခ်ရမွာလည္း ေႏွးလြန္းအားႀကီးပါတယ္။ ဒါေၾကာင့္လည္း ဗဟိုတိုက္စစ္ေနရာကေန ဖယ္ေပးလိုက္ရတာပါ။

ကာဗာနီ ၆ – ဒုတိယပိုင္းမွာ ပိုပါ၀င္ပတ္သက္ႏိုင္ခဲ့ညပီး မာရွယ္ရဲ႕အခြင့္အေရးမွာ ရက္ရွိဖုိ႔ဒ္နဲ႔ ခ်ိတ္ဆက္မႈေကာင္းခဲ့တယ္။ သူကန္သြင္းခ်က္ ဘားတန္းထိခဲ့တာကေတာ့ အရမ္းကုိကံမေကာင္းတာပါ။

လူစား၀င္မ်ား

ေပါ့ဂ္ဘာ ၆ – ဧရီယာအစပ္က သူ႔ရဲ႕ေျမမက်ကန္ခ်က္ဟာ ေခ်ပဂိုးျဖစ္ဖို႔ အေတာ္ေလးနီးစပ္ခဲ့တာပါ။

ဗန္ဒီဘိခ္ ၆ – တိုက္စစ္ပိုင္းကုိ အားျဖည့္ေပးႏိုင္ခဲ့တယ္။

ဂရင္း၀ုဒ္ ၅ – ဗန္ဒီဘိခ္နဲ႔အတူ (၇၉)မိနစ္မွာ လူစားဝင္ေရာက္လာခဲ့ေပမယ့္ အသင္းရဲ႕ ကစားကြက္မွာ ပံ့ပိုးေပးႏိုင္မႈမလုပ္ႏိုင္ခဲ့ပါဘူး။

အစ္ဂ္ဟာလို – မိနစ္ ၉၀ မွာ ဘစ္ဆာကာအစားလူစား ၀င္လာခဲ့တာေၾကာင့္ rating ေပးရေလာက္တဲ့အေျခအေနအထိမရွိဘူး။