ပီအက်စ်ဂျီတောင်ပံကစားသမား ဘင်အာဖာကို ဗယ်လာဒိုလစ်အသင်း ခေါ်ယူ

Photo Credit

Photo Credit

ဘောလုံးပွဲတွေနဲ့ ၆ လကြာဝေးကွာနေရတဲ့ ပြင်သစ်တောင်ပံကစားသမား ဘင်အာဖာဟာ လာလီဂါကလပ် ဗယ်လာဒိုလစ်အသင်းကို ယခုရာသီကုန်အထိ အငှားစာချုပ်နဲ့ ရောက်ရှိသွားခဲ့ပါပြီ။ အသက် ၃၂နှစ်အရွယ်ရှိ ဘင်အာဖာဟာ ပြီးခဲ့တဲ့နွေရာသီက ရန်းနက်စ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးချိန်ကတည်းက ကလပ်လက်မဲ့ဖြစ်နေခဲ့တာပါ။

Photo Credit

ဒါပေမဲ့ အခုတော့ ဘင်အာဖာလည်း ပြီးခဲ့တဲ့အင်္ဂါနေ့က ကစားသမားသစ်မိတ်ဆက်ပွဲမှာ ဗယ်လာဒိုလစ်အသင်းပိုင်ရှင်ဖြစ်တဲ့ ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့အတူ လက်ဆွဲနှုတ်ဆက်ရင်း ဘောလုံးပွဲတွေဆီ ပြန်လည်ခြေချခွင့်ရရှိသွားခဲ့ပါပြီ။

Photo Credit

ဗယ်လာဒိုလစ်ဟာ ဒီရာသီမှာ ဆီဂန်ဒါကို တန်းမဆင်းရရေးအတွက် ကြိုးစားနေပြီး လက်ရှိအချိန်မှာ တန်းဆင်းဇုန်ထဲက ဆယ်လ်တာဗီဂိုအသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပေမယ့် ဘင်အာဖာ ရောက်ရှိလာတာက လာလီဂါ ၂၁ပွဲမှာ ၁၇ဂိုးပဲ သွင်းယူထားတဲ့ တိုက်စစ်ပိုင်းအတွက် အင်အားဖြစ်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

Photo Credit

ဗယ်လာဒိုလစ်ဟာ အသင်းရဲ့ရှယ်ယာ ၅၁ %အထိ ပိုင်ဆိုင်ထားတဲ့ ရော်နယ်ဒိုနဲ့အတူ ဘင်အာဖာကို မိတ်ဆက်ခဲ့ပြီးနောက် ဘင်အာဖာရဲ့ ကစားသမားဘ၀ အတောက်ပဆုံးကာလတွေကို စုစည်းဖော်ပြထားတဲ့ ၁မိနစ်စာ ဗီဒီယိုဖိုင်ပါ တင်ခဲ့ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ ဘင်အာဖာကို ခေါ်ယူချင်တဲ့အသင်းအများအပြားရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ မှန်ကန်တဲ့စိန်ခေါ်မှုကို စောင့်ဆိုင်းရင်း စိတ်ရှည်ရှည်ထားခဲ့ကြောင်း သိရပါတယ်။

Photo Credit

ဝက်စ်ဟမ်း၊ ဆမ်ဒိုးရီးယားနဲ့ ဖီနာဘာချီအသင်းတို့ကလည်း သူ့ကို ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်ခဲ့ပေမယ့် သူ့အနေနဲ့ ဗယ်လာဒိုလစ်နဲ့အတူ လာလီဂါမှာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူဟာ ကစားသမားဘဝတစ်လျှောက် စုစုပေါင်း ၃၈၈ပွဲကစားထားပြီး ၇၃ဂိုးသွင်းယူကာ လီယွန်၊ မာဆေးလ်၊ နယူးကာဆယ်၊ ဟားလ်စီးတီး၊ နိုက်စ်၊ ပီအက်စ်ဂျီနဲ့ ရန်းနက်စ်အသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။

Video Credit

Zawgyi

ပီအက္စ္ဂ်ီေတာင္ပံကစားသမား ဘင္အာဖာကို ဗယ္လာဒိုလစ္အသင္း ေခၚယူ

ေဘာလုံးပဲြေတြနဲ႔ ၆ လၾကာေ၀းကြာေနရတဲ့ ျပင္သစ္ေတာင္ပံကစားသမား ဘင္အာဖာဟာ လာလီဂါကလပ္ ဗယ္လာဒိုလစ္အသင္းကို ယခုရာသီကုန္အထိ အငွားစာခ်ဳပ္နဲ႔ ေရာက္ရွိသြားခဲ့ပါၿပီ။ အသက္ ၃၂ႏွစ္အရြယ္ရွိ ဘင္အာဖာဟာ ၿပီးခဲ့တ့ဲေႏြရာသီက ရန္းနက္စ္အသင္းနဲ႔ လမ္းခြဲခဲ့ၿပီးခ်ိန္ကတည္းက ကလပ္လက္မဲ့ျဖစ္ေနခဲ့တာပါ။
ဒါေပမဲ့ အခုေတာ့ ဘင္အာဖာလည္း ၿပီးခဲ့တဲ့အဂၤါေန႔က ကစားသမားသစ္မိတ္ဆက္ပြဲမွာ ဗယ္လာဒိုလစ္အသင္းပိုင္ရွင္ျဖစ္တ့ဲ ဘရာဇီးဂႏၳ၀င္တုိက္စစ္မွဴး ေရာ္နယ္ဒိုနဲ႔အတူ လက္ဆဲြႏႈတ္ဆက္ရင္း ေဘာလုံးပြဲေတြဆီ ျပန္လည္ေျခခ်ခြင့္ရရွိသြားခဲ့ပါၿပီ။
ဗယ္လာဒိုလစ္ဟာ ဒီရာသီမွာ ဆီဂန္ဒါကို တန္းမဆင္းရေရးအတြက္ ႀကိဳးစားေနၿပီး လက္ရွိအခ်ိန္မွာ တန္းဆင္းဇုန္ထဲက ဆယ္လ္တာဗီဂိုအသင္းနဲ႔ ၅ မွတ္အကြာ အဆင့္ ၁၆ ေနရာမွာ ရပ္တည္ေနေပမယ့္ ဘင္အာဖာ ေရာက္ရွိလာတာက လာလီဂါ ၂၁ပြဲမွာ ၁၇ဂိုးပဲ သြင္းယူထားတဲ့ တုိက္စစ္ပိုင္းအတြက္ အင္အားျဖစ္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။
ဗယ္လာဒိုလစ္ဟာ အသင္းရဲ႕ရွယ္ယာ ၅၁ %အထိ ပိုင္ဆုိင္ထားတဲ့ ေရာ္နယ္ဒိုနဲ႔အတူ ဘင္အာဖာကို မိတ္ဆက္ခဲ့ၿပီးေနာက္ ဘင္အာဖာရဲ႕ ကစားသမားဘ၀ အေတာက္ပဆုံးကာလေတြကို စုစည္းေဖာ္ျပထားတဲ့ ၁မိနစ္စာ ဗီဒီယိုဖိုင္ပါ တင္ခဲ့ပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘင္အာဖာကို ေခၚယူခ်င္တဲ့အသင္းအမ်ားအျပားရွိခဲ့ေပမယ့္ ကစားသမားကုိယ္တုိင္ကေတာ့ မွန္ကန္တ့ဲစိန္ေခၚမႈကို ေစာင့္ဆုိင္းရင္း စိတ္ရွည္ရွည္ထားခဲ့ေၾကာင္း သိရပါတယ္။
၀က္စ္ဟမ္း၊ ဆမ္ဒိုးရီးယားနဲ႔ ဖီနာဘာခ်ီအသင္းတုိ႔ကလည္း သူ႕ကို ေခၚယူဖုိ႔ ဆက္သြယ္ခ်ဥ္းကပ္ခဲ့ေပမယ့္ သူ႕အေနနဲ႔ ဗယ္လာဒိုလစ္နဲ႔အတူ လာလီဂါမွာ စိန္ေခၚမႈအသစ္ေတြနဲ႔ ရင္ဆုိင္ဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။ သူဟာ ကစားသမားဘ၀တစ္ေလွ်ာက္ စုစုေပါင္း ၃၈၈ပြဲကစားထားၿပီး ၇၃ဂိုးသြင္းယူကာ လီယြန္၊ မာေဆးလ္၊ နယူးကာဆယ္၊ ဟားလ္စီးတီး၊ ႏိုက္စ္၊ ပီအက္စ္ဂ်ီနဲ႔ ရန္းနက္စ္အသင္းေတြမွာ ကစားခဲ့ဖူးပါတယ္။