
Photo Credit
Photo Credit ; Getty Images
ဘရာဇီးၾကယ္ပြင့္ ေနမာဟာ ပီအက္စ္ဂ်ီအသင္းမွာ ဆက္မကစားလိုေတာ့ဘဲ အသင္းေဟာင္း ဘာစီလိုနာကို ျပန္လည္ေျပာင္းေရႊ႕ဖို႔ ႀကိဳးစားေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ ကစားသမားဟာ ဒီေႏြရာသီမွာ ႏူးကမ့္ေျမကို သြားေရာက္ဖို႔ အျပင္းအထန္ အားထုတ္ႀကိဳးပမ္း ခ်ိတ္ဆက္ေနၿပီး ပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူေတြကေတာ့ အေျပာင္းအေ႐ႊ႕မပိတ္ခင္အထိ သူဘယ္ကိုမွ သြားလို႔မရဘူးလို႔ ေျပာပါတယ္။
Photo Credit ; PA
စပိန္သတင္းဌာန တစ္ခုျဖစ္တဲ့ Sport ကေတာ့ ေနမာဟာ ဘာစီလိုနာအသင္းနဲ႔ အေျပာင္းအေရႊ႕မျဖစ္ေျမာက္ခင္အထိ ျပင္သစ္ခ်န္ပီယံ အသင္းနဲ႔ ပူးေပါင္းဖို႔ ဆႏၵမရွိဘဲ ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြကိုသာ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ျပဳလုပ္ေနခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဗုဒၶဟူးေန႔က အဆိုပါ Sport သတင္းမွာေတာ့ ပီအက္စ္ဂ်ီအသင္းက ဘရာဇီးၾကယ္ပြင့္ကို အသင္းမွာ ၁ ရာသီ ဆက္ကစားေစလိုၿပီး ေနာက္ရာသီေရာက္မွ အသင္းကေန ထြက္ခြာခြင့္ျပဳမယ္လို႔ သိရပါတယ္။
Photo Credit
ဒါေပမ့ဲ ေနမာကေတာ့ အသင္းကေန ခ်က္ခ်င္းပဲ ထြက္ခြာလိုေနၿပီး ပီအက္စ္ဂ်ီအသင္းရဲ႕တ႐ုတ္ႏိုင္ငံကို သြားေရာက္တဲ့ရာသီႀကိဳခရီးစဥ္မွာလည္း သူတစ္ဦးတည္းသာ ေလ့က်င့္ေနတာ ျဖစ္ပါတယ္။ ေနမာက ေႏြရာသီအားလပ္ရက္ အပန္းေျဖၿပီး ျပန္လာစဥ္ကတည္းက လက္ရွိအခ်ိန္ထိ အသင္းအတြက္ တစ္ပြဲမွပါဝင္ကစားထားျခင္း မရွိေသးဘဲ အေျပာင္းအေရႊ႕မပိတ္ခင္ အသင္းက ထြက္ခြာဖို႔သာ တြန္းအားေပးလုပ္ေဆာင္ေနပါတယ္။
Photo Credit ; Sky Sports
မၾကာေသးခင္က ဘာစီလိုနာအသင္းက တိုက္စစ္မွဴး ေနမာအတြက္ ေငြသားအျပင္ ကစားသမားပါ အလိုက္ေပး ကမ္းလွမ္းခဲ့ေပမယ့္ ျပင္သစ္ခ်န္ပီယံအသင္းက ျငင္းဆန္ခဲ့ၿပီး ဆန္းတို႔စ္ကစားသမားေဟာင္းကို ေငြသားေပါင္ ၁၆၅ သန္းနဲ႔သာ ေရာင္းခ်လိုေနတာ ျဖစ္ပါတယ္။ သတင္းေတြအရေတာ့ ၾသဂုတ္လ ၁၅ ရက္ေန႔မွာ ပီအက္စ္ဂ်ီဥကၠ႒နာဆာ အယ္လ္ခီလိုင္ဖီက ဘာစီလိုနာ ဥကၠဌ ဘာတိုျမဴနဲ႔ ဥေရာပကလပ္အသင္းမ်ားအဖြဲ႕ အစည္းအေဝးမွာ ေတြ႕ဆံုၾကမယ္လို႔ သိရပါတယ္။
Photo Credit ; Reuters
Unicode
ပီအက်စ်ဂျီ အသင်းအတွက် ဆက်မကစားနိုင်တော့ဘူးလို့ပြောလိုက်တဲ့ နေမာ
ဘရာဇီးကြယ်ပွင့် နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်မကစားလိုတော့ဘဲ အသင်းဟောင်း ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ဒီနွေရာသီမှာ နူးကမ့်မြေကို သွားရောက်ဖို့ အပြင်းအထန် အားထုတ်ကြိုးပမ်း ချိတ်ဆက်နေပြီး ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေကတော့ အပြောင်းအရွှေ့မပိတ်ခင်အထိ သူဘယ်ကိုမှ သွားလို့မရဘူးလို့ ပြောပါတယ်။
စပိန်သတင်းဌာန တစ်ခုဖြစ်တဲ့ Sport ကတော့ နေမာဟာ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့မဖြစ်မြောက်ခင်အထိ ပြင်သစ်ချန်ပီယံ အသင်းနဲ့ ပူးပေါင်းဖို့ ဆန္ဒမရှိဘဲ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုသာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြုလုပ်နေခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က အဆိုပါ Sport သတင်းမှာတော့ ပီအက်စ်ဂျီအသင်းက ဘရာဇီးကြယ်ပွင့်ကို အသင်းမှာ ၁ ရာသီ ဆက်ကစားစေလိုပြီး နောက်ရာသီရောက်မှ အသင်းကနေ ထွက်ခွာခွင့်ပြုမယ်လို့ သိရပါတယ်။
ဒါပေမဲ့ နေမာကတော့ အသင်းကနေ ချက်ချင်းပဲ ထွက်ခွာလိုနေပြီး ပီအက်စ်ဂျီအသင်းရဲ့တရုတ်နိုင်ငံကို သွားရောက်တဲ့ရာသီကြိုခရီးစဉ်မှာလည်း သူတစ်ဦးတည်းသာ လေ့ကျင့်နေတာ ဖြစ်ပါတယ်။ နေမာက နွေရာသီအားလပ်ရက် အပန်းဖြေပြီး ပြန်လာစဉ်ကတည်းက လက်ရှိအချိန်ထိ အသင်းအတွက် တစ်ပွဲမှပါဝင်ကစားထားခြင်း မရှိသေးဘဲ အပြောင်းအရွှေ့မပိတ်ခင် အသင်းက ထွက်ခွာဖို့သာ တွန်းအားပေးလုပ်ဆောင်နေပါတယ်။
မကြာသေးခင်က ဘာစီလိုနာအသင်းက တိုက်စစ်မှူး နေမာအတွက် ငွေသားအပြင် ကစားသမားပါ အလိုက်ပေး ကမ်းလှမ်းခဲ့ပေမယ့် ပြင်သစ်ချန်ပီယံအသင်းက ငြင်းဆန်ခဲ့ပြီး ဆန်းတို့စ်ကစားသမားဟောင်းကို ငွေသားပေါင် ၁၆၅ သန်းနဲ့သာ ရောင်းချလိုနေတာ ဖြစ်ပါတယ်။ သတင်းတွေအရတော့ သြဂုတ်လ ၁၅ ရက်နေ့မှာ ပီအက်စ်ဂျီဥက္ကဋ္ဌနာဆာ အယ်လ်ခီလိုင်ဖီက ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူနဲ့ ဥရောပကလပ်အသင်းများအဖွဲ့ အစည်းအဝေးမှာ တွေ့ဆုံကြမယ်လို့ သိရပါတယ်။