ပီအက္စ္ဂ်ီက ေနမာအတြက္ ကစားသမား ၃ဦး+ေငြသား ေတာင္းဆုိလုိ႔ ဘာစီလုိနာနဲ႔ေဆြးေႏြးမႈ ပ်ယ္ျပယ္သြားၿပီဟုဆို

Photo Credit

Photo Credit ; AP

ဘရာဇီးတုိက္စစ္မွဴး ေနမာ ႏူးကမ့္အေျခစုိက္အသင္းကို ေျပာင္းေရႊ႕ေရး ဘာစီလုိနာနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ၾကား ေဆြးေႏြးမႈေတြဟာ ျပင္သစ္ကလပ္ဘက္က ျမင့္မားတဲ့ေတာင္းဆုိမႈေတြေၾကာင့္ ထြက္ေပါက္မရွိဘဲ ပ်က္ျပယ္သြားခဲ့ရၿပီျဖစ္ေၾကာင္း သတင္းေတြက ေရးသားေဖာ္ျပေနပါတယ္။

Photo Credit ; AFP / Getty Images

ပီအက္စ္ဂ်ီအသင္းဟာ လြန္ခဲ့တ့ဲ ၂ႏွစ္က ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂၂သန္းနဲ႔ ဘာစီလုိနာကေန ေခၚယူခဲ့တ့ဲ ေနမာကို ယခုေႏြရာသီအတြင္း ထြက္ခြာခြင့္ျပဳဖုိ႔ စဥ္းစားေနၿပီး ဘာစီလုိနာနဲ႔ ရီးရဲလ္တုိ႔က သူ႕ကို ေခၚယူဖုိ႔ စိတ္၀င္စားေနေပမယ့္ ပီအက္စ္ဂ်ီအသင္းက ဘာစီလုိနာနဲ႔ေဆြးေႏြးရာမွာ ကစားသမား ၃ဦးအလုိက္ေပးကမ္းလွမ္းရမယ့္အျပင္ ေျပာင္းေရႊ႕ေၾကးပါ ေတာင္းဆုိခဲ့တယ္လုိ႔ သိရပါတယ္။

Photo Credit ; Getty Images

စပိန္သတင္းစာ စပုိ႔တ္ရဲဲ႕ေရးသားေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီနဲ႔ဘာစီလုိနာတုိ႔ၾကား ေဆြးေႏြးမႈ အဆင္မေျပျဖစ္ခဲ့ရၿပီးေနာက္ ရီးရဲလ္က အသက္ ၂၇ႏွစ္အရြယ္ရွိ ေနမာကို ေခၚယူဖုိ႔ ေရပန္းအစားဆုံးျဖစ္လာေၾကာင္း သိရၿပီး ပီအက္စ္ဂ်ီအသင္းအေနနဲ႔ မျဖစ္ႏိုင္တဲ့ေတာင္းဆုိမႈေတြနဲ႔အတူ ေဆြးေႏြးပြဲကေန ဘာစီလုိနာအသင္း ထြက္ခြာသြားေအာင္ တြန္းအားေပးေနတယ္လုိ႔ ကက္တလန္အေျခစုိက္အသင္းဘက္က ခံစားေနရေၾကာင္း အဲဒီသတင္းစာကပဲ ဆက္လက္ေရးသားခဲ့ပါတယ္။

Photo Credit ; AFP / Getty Images

ဒါေပမ့ဲ ဘာစီလုိနာအသင္းကေတာ့ အခ်ိန္အတိုင္းအတာတစ္ခုအထိ ပီအက္စ္ဂ်ီအသင္းနဲ႔ ဆက္လက္ေဆြးေႏြးဖို႔ ျပင္ဆင္ထားၿပီး ကစားသမားဘက္ကလည္း ႏူးကမ့္အေျခစုိက္အသင္းဆီ ျပန္လည္ေျပာင္းေရႊ႕လုိတဲ့အေၾကာင္းကို ယခုထက္ လူသိရွင္ၾကားပုိမိုေျပာၾကားေပးဖုိ႔အလုိရွိေနပါတယ္။

Photo Credit ; Reuters

ေနမာဟာ ဘာစီလိုနာမွာ ၂၀၁၃ ကေန ၂၀၁၇ အထိ ကစားခဲ့တ့ဲ ၄ႏွစ္တာကာလအတြင္း ၁၈၆ ပြဲမွာ ၁၀၅ ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး လာလီဂါဖလား ၂ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ႀကိမ္ရရိွခဲ့ကာ မက္ဆီ၊ ဆြာရက္ဇ္တုိ႔နဲ႔အတူ ေၾကာက္စရာေကာင္းတဲ့တုိက္စစ္တြဲလုံးကို ဖန္တီးႏိုင္ခဲ့ပါတယ္။

Photo Credit

Unicode

ပီအက်စ်ဂျီက နေမာအတွက် ကစားသမား ၃ဦး+ငွေသား တောင်းဆိုလို့ ဘာစီလိုနာနဲ့ဆွေးနွေးမှု ပျယ်ပြယ်သွားပြီဟုဆို

ဘရာဇီးတိုက်စစ်မှူး နေမာ နူးကမ့်အခြေစိုက်အသင်းကို ပြောင်းရွှေ့ရေး ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ကြား ဆွေးနွေးမှုတွေဟာ ပြင်သစ်ကလပ်ဘက်က မြင့်မားတဲ့တောင်းဆိုမှုတွေကြောင့် ထွက်ပေါက်မရှိဘဲ ပျက်ပြယ်သွားခဲ့ရပြီဖြစ်ကြောင်း သတင်းတွေက ရေးသားဖော်ပြနေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လွန်ခဲ့တဲ့ ၂နှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ဘာစီလိုနာကနေ ခေါ်ယူခဲ့တဲ့ နေမာကို ယခုနွေရာသီအတွင်း ထွက်ခွာခွင့်ပြုဖို့ စဉ်းစားနေပြီး ဘာစီလိုနာနဲ့ ရီးရဲလ်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ပီအက်စ်ဂျီအသင်းက ဘာစီလိုနာနဲ့ဆွေးနွေးရာမှာ ကစားသမား ၃ဦးအလိုက်ပေးကမ်းလှမ်းရမယ့်အပြင် ပြောင်းရွှေ့ကြေးပါ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
စပိန်သတင်းစာ စပို့တ်ရဲ့ရေးသားဖော်ပြချက်အရ ပီအက်စ်ဂျီနဲ့ဘာစီလိုနာတို့ကြား ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့ရပြီးနောက် ရီးရဲလ်က အသက် ၂၇နှစ်အရွယ်ရှိ နေမာကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရပြီး ပီအက်စ်ဂျီအသင်းအနေနဲ့ မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေနဲ့အတူ ဆွေးနွေးပွဲကနေ ဘာစီလိုနာအသင်း ထွက်ခွာသွားအောင် တွန်းအားပေးနေတယ်လို့ ကက်တလန်အခြေစိုက်အသင်းဘက်က ခံစားနေရကြောင်း အဲဒီသတင်းစာကပဲ ဆက်လက်ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ ဘာစီလိုနာအသင်းကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ပီအက်စ်ဂျီအသင်းနဲ့ ဆက်လက်ဆွေးနွေးဖို့ ပြင်ဆင်ထားပြီး ကစားသမားဘက်ကလည်း နူးကမ့်အခြေစိုက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့လိုတဲ့အကြောင်းကို ယခုထက် လူသိရှင်ကြားပိုမိုပြောကြားပေးဖို့အလိုရှိနေပါတယ်။
နေမာဟာ ဘာစီလိုနာမှာ ၂၀၁၃ ကနေ ၂၀၁၇ အထိ ကစားခဲ့တဲ့ ၄နှစ်တာကာလအတွင်း ၁၈၆ ပွဲမှာ ၁၀၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး လာလီဂါဖလား ၂ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ကြိမ်ရရှိခဲ့ကာ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့အတူ ကြောက်စရာကောင်းတဲ့တိုက်စစ်တွဲလုံးကို ဖန်တီးနိုင်ခဲ့ပါတယ်။