ပီလီရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့သလို ပရိသတ်တွေနဲ့အတူ ကိုပါအမေရိကဖလားအောင်ပွဲခံခွင့်ရခဲ့လို့ မျက်ရည်ကျတဲ့အထိဝမ်းသာခဲ့တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနားနာမည်ကျော်ကစားသမားမက်ဆီဟာ ကြာသပတေးနေ့က ဘိုလစ်ဗီးယားအသင်းနဲ့ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီး

ဘရာဇီးလ်ဂန္ထဝင်ကစားသမားကြီးပီလီတင်ရှိထားတဲ့ တောင်အမေရိကဘောလုံးသမိုင်းတစ်လျှောက် လက်ရွေးစင်အသင်းအတွက် သွင်းဂိုးအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ အခုဆိုရင် နိုင်ငံအသင်းအတွက် စုစုပေါင်းသွင်းဂိုး(၇၉)ဂိုးအထိရှိလာပြီး အဲဒီဂိုးအရေအတွက်သွင်းယူနိုင်ဖို့ (၁၅၃)ပွဲအထိကစားခဲ့ရပေမယ့် ပီလီကတော့ ဘရာဇီးလ်အသင်းအတွက် (၉၂)ပွဲကစားပြီးချိန်မှာပဲ (၇၇)ဂိုးနဲ့စံချိန်တင်ခဲ့တာပါ။

ဘရာဇီးလ်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံ(၃)ကြိမ်အထိရယူခဲ့သူ ပီလီဟာ နိုင်ငံအသင်းအတွက် ၁၉၅၇ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိကစားခဲ့တဲ့နှစ်တွေအတွင်း တောင်အမေရိကသမိုင်းတစ်လျှောက်

လက်ရွေးစင်အသင်းအတွက်သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပြီး နှစ်ပေါင်း(၅၀)အကြာမှာ မက်ဆီက ပီလီရဲ့စံချိန်ကို ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။

ဘိုလစ်ဗီးယားနဲ့ပွဲ ပထမပိုင်း(၁၄)မိနစ်မှာ ပီလီရဲ့စံချိန်နဲ့တူညီမယ့်ဂိုးကို မက်ဆီ သွင်းယူခဲ့ပြီး (၆၄)မိနစ်နဲ့ (၈၉)မိနစ်တွေမှာ စံချိန်သစ်စိုက်ထူနိုင်မယ့် ဂိုးတွေဆက်တိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘိုလစ်ဗီးယားနဲ့ကစားခဲ့တဲ့ပွဲကို အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေရိစ်မှာကျင်းပခဲ့တာဖြစ်ပြီး ပရိသတ်(၂၀,၀၀၀)နီးပါးလာရောက်ကြည့်ခဲ့သလို ပွဲအပြီးမှာ ကိုပါအမေရိကချန်ပီယံဆုဖလားနဲ့အောင်ပွဲခံချိန်မှာတော့ မက်ဆီဟာ ဝမ်းသာစိတ်ကြောင့်ကျလာတဲ့ မျက်ရည်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဘရာဇီးလ်နိုင်ငံမှာကျင်းပခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ အိမ်ရှင်အသင်းကို အနိုင်ယူဗိုလ်စွဲခဲ့ပေမယ့် ကိုဗစ်ရောဂါဆိုးကြောင့် ကွင်းပိတ်ကစားခဲ့ရလို့ ပရိသတ်မပါဘဲအောင်ပွဲခံခဲ့ရပြီး အခုမှ ကိုယ့်အသင်းပရိသတ်တွေရဲ့ရှေ့မှာ ချန်ပီယံဆုဖလားနဲ့အတူ အောင်ပွဲခံခွင့်ရခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ ၁၉၉၃ ခုနှစ်တုန်းက ကိုပါအမေရိကဖလားဆွတ်ခူးခဲ့ပြီးနောက်ပိုင်း အဓိကဆုဖလားတွေနဲ့ ဝေးကွာခဲ့ပြီး (၂၈)နှစ်အကြာမှ ပထမဆုံးအဓိကဆုဖလားရရှိခဲ့တာဖြစ်သလို မက်ဆီကလည်း လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် ပထမဆုံးအဓိကဆုဖလားရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် မက်ဆီက “ဒီအချိန်ကိုရောက်ဖို့ ကျွန်တော်နှစ်အများကြီးစောင့်ခဲ့ရပြီး ကျွန်တော့်ဘဝမှာ အလိုချင်ဆုံး၊ အမြဲတမ်းအိပ်မက်ခဲ့ရတဲ့အချိန်တစ်ခုလည်းဖြစ်ပါတယ်။

ကွင်းထဲမှာ ပရိသတ်တွေသာမက ကျွန်တော့်အမေ၊ အစ်ကိုတွေနဲ့အတူတူ အောင်ပွဲခံရတာထက် ပိုကောင်းတဲ့ခံစားချက်မျိုးမရှိတော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီလီရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့သလို ပရိသတ္ေတြနဲ႔အတူ ကိုပါအေမရိကဖလားေအာင္ပြဲခံခြင့္ရခဲ့လို႔ မ်က္ရည္က်တဲ့အထိဝမ္းသာခဲ့တဲ့ မက္ဆီ

အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမားမက္ဆီဟာ ၾကာသပေတးေန႔က ဘိုလစ္ဗီးယားအသင္းနဲ႔ကစားခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့ၿပီး ဘရာဇီးလ္ဂႏၴဝင္ကစားသမားႀကီးပီလီတင္ရွိထားတဲ့ ေတာင္အေမရိကေဘာလုံးသမိုင္းတစ္ေလွ်ာက္ လက္ေ႐ြးစင္အသင္းအတြက္ သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီဟာ အခုဆိုရင္ ႏိုင္ငံအသင္းအတြက္ စုစုေပါင္းသြင္းဂိုး(၇၉)ဂိုးအထိရွိလာၿပီး အဲဒီဂိုးအေရအတြက္သြင္းယူႏိုင္ဖို႔ (၁၅၃)ပြဲအထိကစားခဲ့ရေပမယ့္ ပီလီကေတာ့ ဘရာဇီးလ္အသင္းအတြက္ (၉၂)ပြဲကစားၿပီးခ်ိန္မွာပဲ (၇၇)ဂိုးနဲ႔စံခ်ိန္တင္ခဲ့တာပါ။

ဘရာဇီးလ္အသင္းနဲ႔ ကမာၻ႔ဖလားခ်န္ပီယံ(၃)ႀကိမ္အထိရယူခဲ့သူ ပီလီဟာ ႏိုင္ငံအသင္းအတြက္ ၁၉၅၇ ခုႏွစ္ကေန ၁၉၇၁ ခုႏွစ္အထိကစားခဲ့တဲ့ႏွစ္ေတြအတြင္း ေတာင္အေမရိကသမိုင္းတစ္ေလွ်ာက္ လက္ေ႐ြးစင္အသင္းအတြက္သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားတာျဖစ္ၿပီး ႏွစ္ေပါင္း(၅၀)အၾကာမွာ မက္ဆီက ပီလီရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့တာျဖစ္ပါတယ္။ ဘိုလစ္ဗီးယားနဲ႔ပြဲ ပထမပိုင္း(၁၄)မိနစ္မွာ ပီလီရဲ႕စံခ်ိန္နဲ႔တူညီမယ့္ဂိုးကို မက္ဆီ သြင္းယူခဲ့ၿပီး (၆၄)မိနစ္နဲ႔ (၈၉)မိနစ္ေတြမွာ စံခ်ိန္သစ္စိုက္ထူႏိုင္မယ့္ ဂိုးေတြဆက္တိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဘိုလစ္ဗီးယားနဲ႔ကစားခဲ့တဲ့ပြဲကို အာဂ်င္တီးနားႏိုင္ငံ၊ ျဗဴႏိုေအရိစ္မွာက်င္းပခဲ့တာျဖစ္ၿပီး ပရိသတ္(၂၀,၀၀၀)နီးပါးလာေရာက္ၾကည့္ခဲ့သလို ပြဲအၿပီးမွာ ကိုပါအေမရိကခ်န္ပီယံဆုဖလားနဲ႔ေအာင္ပြဲခံခ်ိန္မွာေတာ့ မက္ဆီဟာ ဝမ္းသာစိတ္ေၾကာင့္က်လာတဲ့ မ်က္ရည္ေတြနဲ႔အတူ ေအာင္ပြဲခံခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းဟာ ဘရာဇီးလ္ႏိုင္ငံမွာက်င္းပခဲ့တဲ့ ၂၀၂၁ ကိုပါအေမရိကဖလားဗိုလ္လုပြဲမွာ အိမ္ရွင္အသင္းကို အႏိုင္ယူဗိုလ္စြဲခဲ့ေပမယ့္ ကိုဗစ္ေရာဂါဆိုးေၾကာင့္ ကြင္းပိတ္ကစားခဲ့ရလို႔ ပရိသတ္မပါဘဲေအာင္ပြဲခံခဲ့ရၿပီး အခုမွ ကိုယ့္အသင္းပရိသတ္ေတြရဲ႕ေရွ႕မွာ ခ်န္ပီယံဆုဖလားနဲ႔အတူ ေအာင္ပြဲခံခြင့္ရခဲ့တာပါ။

အာဂ်င္တီးနားအသင္းဟာ ၁၉၉၃ ခုႏွစ္တုန္းက ကိုပါအေမရိကဖလားဆြတ္ခူးခဲ့ၿပီးေနာက္ပိုင္း အဓိကဆုဖလားေတြနဲ႔ ေဝးကြာခဲ့ၿပီး (၂၈)ႏွစ္အၾကာမွ ပထမဆုံးအဓိကဆုဖလားရရွိခဲ့တာျဖစ္သလို မက္ဆီကလည္း လက္ေ႐ြးစင္ကစားသမားဘဝတစ္ေလွ်ာက္ ပထမဆုံးအဓိကဆုဖလားရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ အဲဒါေၾကာင့္ မက္ဆီက “ဒီအခ်ိန္ကိုေရာက္ဖို႔ ကြၽန္ေတာ္ႏွစ္အမ်ားႀကီးေစာင့္ခဲ့ရၿပီး ကြၽန္ေတာ့္ဘဝမွာ အလိုခ်င္ဆုံး၊ အၿမဲတမ္းအိပ္မက္ခဲ့ရတဲ့အခ်ိန္တစ္ခုလည္းျဖစ္ပါတယ္။ ကြင္းထဲမွာ ပရိသတ္ေတြသာမက ကြၽန္ေတာ့္အေမ၊ အစ္ကိုေတြနဲ႔အတူတူ ေအာင္ပြဲခံရတာထက္ ပိုေကာင္းတဲ့ခံစားခ်က္မ်ိဳးမရွိေတာ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။