ပီယာတက်ခ်နဲ့ အလဲအထပ်လုပ်ဖို့ ကစားသမား ၃ဦးထဲက တစ်ဦးကို စိတ်ကြိုက်ရွေးချယ်ဖို့ အေစီမီလန်ကို စပါး ကမ်းလှမ်းထားဟုဆို

Photo Credit

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ စပါးအသင်းဟာ အေစီမီလန်တိုက်စစ်မှူး ပီယာတက်ခ်ကို ခေါ်ယူနိုင်ရေးအတွက် အသင်းသား ၃ဦးထဲက တစ်ဦးနဲ့ အလဲအထပ်ပြုလုပ်ဖို့ မီလန်အခြေစိုက်အသင်းကို စိတ်ကြိုက်ရွေးချယ်ခွင့်ပြုထားကြောင်း သိရပါတယ်။

Photo Credit

စပါးအသင်းနည်းပြ မော်ရင်ညိုဟာ တံကောက်ကြောဒဏ်ရာကြောင့် အနည်းဆုံး ၄လကြာ အနားယူနေရတဲ့အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းရဲ့နေရာမှာ အစားထိုးဖို့ ယခုလအတွက် တိုက်စစ်မှူးတစ်ဦး ခေါ်ယူလိုနေပြီး အီတလီသတင်းစာ La Gazzetta dello Sport ရဲ့ဖော်ပြချက်အရ စပါးအသင်းက ကွင်းလယ်လူ လာမယ်လာ၊ နောက်ခံလူ ဟွမ်ဖွိုက်သ်နဲ့ ကွင်းလယ်လူ ဝမ်ယာမာတို့ ၃ဦးထဲက တစ်ဦးကို စိတ်ကြိုက်လဲဖို့ အေစီမီလန်အသင်းထံ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

Photo Credit

ပိုလန်နိုင်ငံသား ပီယာတက်ခ်ဟာ ယခုရာသီ စီးရီးအေ ၁၈ပွဲမှာ ၄ဂိုးပဲ သွင်းယူထားပေမယ့် စပါးအသင်းကတော့ ဟယ်ရီကိန်းရဲ့နေရာ အစားဝင်နိုင်လိမ့်မယ်လို ယုံကြည်နေပါတယ်။

Photo Credit

အေစီမီလန်အသင်းက ပီယာတက်ခ်ကို ပြောင်းရွှေ့ကြေးနဲ့ တစ်ခါတည်းအပြီးသတ်ရောင်းချဖို့အပြင် သက်တမ်းကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူနိုင်မယ့် အငှားနဲ့ လက်လွှတ်ခံဖို့ ပြင်ဆင်နေပါတယ်။

Photo Credit

ဒါပေမဲ့ အခုတော့ အေစီမီလန်အသင်းက ပီယာတက်ခ်အတွက် စပါးအသင်းဘက်က ပေါင် ၂၅သန်းသုံးစွဲရလိမ့်မယ်လို့ အသိပေးထားပြီး အဲဒီပြောင်းရွှေ့ကြေးက အခုလောလောဆယ် စပါးအသင်း မထုတ်ပေးနိုင်တဲ့ပမာဏဖြစ်နေပါတယ်။

Photo Credit

Zawgyi

ပီယာတက္ခ္နဲ႔ အလဲအထပ္လုပ္ဖို႔ ကစားသမား ၃ဦးထဲက တစ္ဦးကို စိတ္ႀကိဳက္ေရြးခ်ယ္ဖို႔ ေအစီမီလန္ကို စပါး ကမ္းလွမ္းထားဟုဆို

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ စပါးအသင္းဟာ ေအစီမီလန္တုိက္စစ္မွဴး ပီယာတက္ခ္ကို ေခၚယူႏုိင္ေရးအတြက္ အသင္းသား ၃ဦးထဲက တစ္ဦးနဲ႔ အလဲအထပ္ျပဳလုပ္ဖို႔ မီလန္အေျခစုိက္အသင္းကို စိတ္ႀကိဳက္ေရြးခ်ယ္ခြင့္ျပဳထားေၾကာင္း သိရပါတယ္။
စပါးအသင္းနည္းျပ ေမာ္ရင္ညိဳဟာ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အနည္းဆုံး ၄လၾကာ အနားယူေနရတဲ့အဓိကတိုက္စစ္မွဴး ဟယ္ရီကိန္းရဲ႕ေနရာမွာ အစားထိုးဖို႔ ယခုလအတြက္ တုိက္စစ္မွဴးတစ္ဦး ေခၚယူလုိေနၿပီး အီတလီသတင္းစာ La Gazzetta dello Sport ရဲ႕ေဖာ္ျပခ်က္အရ စပါးအသင္းက ကြင္းလယ္လူ လာမယ္လာ၊ ေနာက္ခံလူ ဟြမ္ဖြိဳက္သ္နဲ႔ ကြင္းလယ္လူ ၀မ္ယာမာတုိ႔ ၃ဦးထဲက တစ္ဦးကို စိတ္ႀကိဳက္လဲဖုိ႔ ေအစီမီလန္အသင္းထံ ကမ္းလွမ္းထားေၾကာင္း သိရပါတယ္။
ပုိလန္ႏိုင္ငံသား ပီယာတက္ခ္ဟာ ယခုရာသီ စီးရီးေအ ၁၈ပြဲမွာ ၄ဂိုးပဲ သြင္းယူထားေပမယ့္ စပါးအသင္းကေတာ့ ဟယ္ရီကိန္းရဲ႕ေနရာ အစား၀င္ႏိုင္လိမ့္မယ္လုိ ယုံၾကည္ေနပါတယ္။
ေအစီမီလန္အသင္းက ပီယာတက္ခ္ကို ေျပာင္းေရႊ႕ေၾကးနဲ႔ တစ္ခါတည္းအၿပီးသတ္ေရာင္းခ်ဖုိ႔အျပင္ သက္တမ္းကုန္ဆုံးခ်ိန္မွာ အၿပီးသတ္ေခၚယူႏုိင္မယ့္ အငွားနဲ႔ လက္လႊတ္ခံဖုိ႔ ျပင္ဆင္ေနပါတယ္။
ဒါေပမ့ဲ အခုေတာ့ ေအစီမီလန္အသင္းက ပီယာတက္ခ္အတြက္ စပါးအသင္းဘက္က ေပါင္ ၂၅သန္းသုံးစဲြရလိမ့္မယ္လုိ႔ အသိေပးထားၿပီး အဲဒီေျပာင္းေရႊ႕ေၾကးက အခုေလာေလာဆယ္ စပါးအသင္း မထုတ္ေပးႏုိင္တဲ့ပမာဏျဖစ္ေနပါတယ္။