ပီပီအတွက် အာဆင်နယ်ဈေးပေးတာများလွန်းခဲ့တယ်လို့ မာတင်ကီအွန်ပြောလာပြီ

photo-daily mail

photo-Rex

အာဆင်နယ်ဂန္ထဝင်ဟောင်းမာတင်ကီအွန်က နီကိုလက်စ်ပီပီကြောင့်ရတဲ့ ပြောင်းရွှေ့ကြေးအတွက် လိုင်လီကတော့ ပျော်နေတော့မယ်လု့ိ အခိုင်အမာပြောကြားလိုက်ပါတယ်။ အဲဒီအိုင်ဗရီကို့စ်တောင်ပံကစားသမားရဲ့အားရစရာမကောင်းတဲ့ပရီးမီးယားလိဂ်တာထွက်ကြောင့် ကီအွန်က အခုလိုပြောလိုက်တာလည်း ဖြစ်ပါတယ်။ ပီပီဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ လိုင်လီကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ရောက်လာခဲ့ပေမယ့် အာဆင်နယ်မှာ မျှော်လင့်ထားသလောက် ဖြစ်မလာသေးပါဘူး။

photo-gettyimages

သူဟာ အာဆင်နယ်အတွက် ဒီရာသီ ၉ ပွဲမှာ ၁ ဂိုးသွင်း၊ ၂ ဂိုးသာဖန်တီးပေးထားနိုင်တာပါ။ ဒ့ါအပြင် ပီပီဟာ ပြီးခဲ့တဲ့တနင်္လာနေ့ မန်ယူနဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ခြေစွမ်းပိုင်းအရ စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ သူဟာ ဘယ်လ်ဂျီယံကလပ်စတန်းဒတ်လီဂီကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်မှာလည်း ၂၄ မိနစ်သာ ကစားခဲ့ရပါတယ်။ ပီပီကြောင့် လူငယ်တွေတက်လမ်းပိတ်မယ့်အရေးလည်း ကြုံရနိုင်တယ်လို့ ကီအွန်က ဆက်ပြောခဲ့ပါသေးတယ်။

photo-gettyimages

”အာစင်ဝင်းဂါးကို ပြန်ကြည့်မယ်ဆိုရင် သူဟာ လူငယ်ကစားသမားတစ်ယောက်ရဲ့တက်လမ်းကို ဘယ်တုန်းကမှ ပိတ်တဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ ဆာကာ(အာဆင်နယ်လူငယ်ကြယ်ပွင့်)ရဲ့တက်လမ်းအပိတ်ခံရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ပီပီက အမြဲပွဲထွက်ရမယ့်သူလားဆိုတော့ သူ့အတွက် အာဆင်နယ်ပေးခဲ့ရတာက အရမ်းများလွန်းပါတယ်။ လိုင်လီကတော့ ပိုက်ဆံတွေပွေ့ပိုက်ပြီး ပျော်နေမှာပေါ့။ အခုမှ အစောပိုင်းပဲရှိပါသေးတယ်။ ကစားသမားက အခြေအနေကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ သူ့ဆီကနေ ကျွန်တော်မျှော်မှန်းထားသလောက်ကို မတွေ့ရသေးဘူး”လို့ ကီအွန်က ရုပ်သံတစ်ခုကို ပြောခဲ့တာပါ။

[Zawgyi]

ပီပီအတြက္ အာဆင္နယ္ေစ်းေပးတာမ်ားလြန္းခဲ့တယ္လုိ႔ မာတင္ကီအြန္ေျပာလာၿပီ

အာဆင္နယ္ဂႏၳ၀င္ေဟာင္းမာတင္ကီအြန္က နီကိုလက္စ္ပီပီေၾကာင့္ရတဲ့ ေျပာင္းေရႊ႕ေၾကးအတြက္ လိုင္လီကေတာ့ ေပ်ာ္ေနေတာ့မယ္လု႔ိ အခိုင္အမာေျပာၾကားလိုက္ပါတယ္။ အဲဒီအိုင္ဗရီကို႔စ္ေတာင္ပံကစားသမားရဲ႕အားရစရာမေကာင္းတဲ့ပရီးမီးယားလိဂ္တာထြက္ေၾကာင့္ ကီအြန္က အခုလိုေျပာလုိက္တာလည္း ျဖစ္ပါတယ္။ ပီပီဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ လိုင္လီကေန ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂ သန္းနဲ႔ ေရာက္လာခဲ့ေပမယ့္ အာဆင္နယ္မွာ ေမွ်ာ္လင့္ထားသေလာက္ ျဖစ္မလာေသးပါဘူး။

သူဟာ အာဆင္နယ္အတြက္ ဒီရာသီ ၉ ပြဲမွာ ၁ ဂိုးသြင္း၊ ၂ ဂိုးသာဖန္တီးေပးထားႏိုင္တာပါ။ ဒ့ါအျပင္ ပီပီဟာ ၿပီးခဲ့တဲ့တနလၤာေန႔ မန္ယူန႔ဲပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း ေျခစြမ္းပိုင္းအရ စိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။ သူဟာ ဘယ္လ္ဂ်ီယံကလပ္စတန္းဒတ္လီဂီကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ယူရိုပါလိဂ္ပြဲစဥ္မွာလည္း ၂၄ မိနစ္သာ ကစားခဲ့ရပါတယ္။ ပီပီေၾကာင့္ လူငယ္ေတြတက္လမ္းပိတ္မယ့္အေရးလည္း ႀကဳံရႏိုင္တယ္လို႔ ကီအြန္က ဆက္ေျပာခဲ့ပါေသးတယ္။

”အာစင္၀င္းဂါးကို ျပန္ၾကည့္မယ္ဆိုရင္ သူဟာ လူငယ္ကစားသမားတစ္ေယာက္ရဲ႕တက္လမ္းကို ဘယ္တုနး္ကမွ ပိတ္တဲ့သူမဟုတ္ပါဘူး။ ဒါေပမဲ့ အခုခ်ိန္မွာေတာ့ ဆာကာ(အာဆင္နယ္လူငယ္ၾကယ္ပြင့္)ရဲ႕တက္လမ္းအပိတ္ခံရမယ့္အႏၱရာယ္န႔ဲ ရင္ဆိုင္ေနရပါတယ္။ ပီပီက အၿမဲပြဲထြက္ရမယ့္သူလားဆုိေတာ့ သူ႔အတြက္ အာဆင္နယ္ေပးခဲ့ရတာက အရမ္းမ်ားလြန္းပါတယ္။ လုိင္လီကေတာ့ ပိုက္ဆံေတြေပြ႕ပိုက္ၿပီး ေပ်ာ္ေနမွာေပါ့။ အခုမွ အေစာပိုင္းပဲရွိပါေသးတယ္။ ကစားသမားက အေျခအေနကို ေျပာင္းလဲေကာင္း ေျပာင္းလဲႏိုင္ပါတယ္။ ဒါေပမဲ့ သူ႔ဆီကေန ကၽြန္ေတာ္ေမွ်ာ္မွန္းထားသေလာက္ကို မေတြ႕ရေသးဘူး”လုိ႔ ကီအြန္က ရုပ္သံတစ္ခုကို ေျပာခဲ့တာပါ။