
photo-gettyimages
photo-gettyimages
မန်ယူနည်းပြဟောင်းမော်ရင်ဟိုဟာ ထုတ်ပယ်ခံလိုက်ရတဲ့ပိုချက်တီနိုရဲ့နေရာမှာ အစားဝင်ဖို့အတွက် စပါးအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။ နှစ်ဖက်စလုံးကလည်း ဒီဆွေးနွေးမှုဟာ သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ ယုံကြည်နေကြပါတယ်။ တကယ်လို့ အဆင်ပြေပြေဖြစ်သွားမယ်ဆိုရင် မော်ရင်ဟိုရဲ့စပါးနည်းပြဘဝပထမဆုံးပွဲဟာ လာမယ့်စနေအစောဆုံးကစားမယ့် လန်ဒန်ပြိုင်ဘက်ဝက်စ်ဟမ်းနဲ့ပွဲ ဖြစ်လာမှာပါ။
photo-gettyimages
စပါးဟာ အသင်းမှာ ၅ နှစ်ခွဲကြာခဲ့တဲ့ သူတို့ရဲ့နည်းပြပိုချက်တီနိုကိုထုတ်ပယ်ပြီး ချက်ချင်းဆိုသလိုပဲ မော်ရင်ဟိုနဲ့ဆွေးနွေးမှု စတင်ပြုလုပ်ခဲ့တာပါ။ ပေါ်တူဂီသားမော်ရင်ဟိုဟာ ၂၀၁၈ ဒီဇင်ဘာမှာ မန်ယူကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။ ချဲလ်ဆီး၊ပေါ်တို၊ရီးရဲလ်မက်ဒရစ်၊အင်တာမီလန်တို့ရဲ့နည်ပြဟောင်းလည်းဖြစ်တဲ့မော်ရင်ဟိုဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာပြီးကတည်းက တရုတ်၊စပိန်နဲ့ပေါ်တူဂီတို့အပါအဝင် ကမ်းလှမ်းမှုအတော်များများရခဲ့ပေမယ့် ပယ်ချခဲ့ပါတယ်။
photo-the sun
စပါးနည်းပြရာထူးအတွက် ဘုန်းမောက်ရဲ့အက်ဒီဟိုဝီ၊ လစ်ဇစ်ရဲ့နာဂယ်စမန်နဲ့ ဂျူဗင်တပ်နည်းပြဟောင်းအယ်လီဂရီတို့လည်း သတင်းထွက်ခဲ့ပေမယ့် လက်ရှိမှာ မော်ရင်ဟိုကသာ အနီးစပ်ဆုံးဖြစ်နေတာပါ။ မော်ရင်ဟိုဟာ သူ့မိသားစုအခြေကျနေတဲ့လန်ဒန်မှာပဲ ဆက်ရှိချင်ပုံရပါတယ်။ သူဟာ အာဆင်နယ်နဲ့လည်း သတင်းထွက်ခဲ့သေးပေမယ့် အခုတော့ စပါးနည်းပြဖြစ်လာဖို့ အတော်လေးနီးစပ်နေတာပါ။ မော်ရင်ဟိုသာ ကိုင်မယ်ဆိုရင် စပါးလိုအပ်နေတဲ့တစ်ခုတည်းသောကွက်လပ်ဖြစ်တဲ့ ဆုဖလားအောင်မြင်မှုကို ယူဆောင်ပေးနိုင်တယ်လို့ ဘောလုံးဝေဖန်သူအဖြစ် လုပ်ကိုင်နေတဲ့ လီဗာပူးနောက်ခံလူဟောင်းကာရေဂါက သုံးသပ်ထားပါတယ်။ တကယ်လည်း မော်ရင်ဟိုဟာ သူကိုင်တဲ့အသင်းတိုင်းကို အနည်းဆုံးဆုဖလားတစ်ခုတော့ ရယူပေးနိုင်ခဲ့ပါတယ်။
[Zawgyi]
ပိုိခ်က္တီႏိုေနရာအစား၀င္ဖုိ႔ စပါးနဲ႔ေဆြးေႏြးေနတဲ့ ေမာ္ရင္ဟုိ
မန္ယူနည္းျပေဟာင္းေမာ္ရင္ဟိုဟာ ထုတ္ပယ္ခံလိုက္ရတဲ့ပိုခ်က္တီႏိုရဲ႕ေနရာမွာ အစား၀င္ဖို႔အတြက္ စပါးအသင္းနဲ႔ ေဆြးေႏြးမႈေတြျပဳလုပ္ေနေၾကာင္း သိရပါတယ္။ ႏွစ္ဖက္စလုံးကလည္း ဒီေဆြးေႏြးမႈဟာ သေဘာတူညီမႈရဖို႔ နီးစပ္ေနၿပီလို႔ ယုံၾကည္ေနၾကပါတယ္။ တကယ္လို႔ အဆင္ေျပေျပျဖစ္သြားမယ္ဆိုရင္ ေမာ္ရင္ဟိုရဲ႕စပါးနည္းျပဘ၀ပထမဆုံးပြဲဟာ လာမယ့္စေနအေစာဆုံးကစားမယ့္ လန္ဒန္ၿပိဳင္ဘက္၀က္စ္ဟမ္းနဲ႔ပြဲ ျဖစ္လာမွာပါ။
စပါးဟာ အသင္းမွာ ၅ ႏွစ္ခြဲၾကာခဲ့တဲ့ သူတို႔ရဲ႕နည္းျပပိုခ်က္တီႏိုကိုထုတ္ပယ္ၿပီး ခ်က္ခ်င္းဆိုသလိုပဲ ေမာ္ရင္ဟိုနဲ႔ေဆြးေႏြးမႈ စတင္ျပဳလုပ္ခဲ့တာပါ။ ေပၚတူဂီသားေမာ္ရင္ဟိုဟာ ၂၀၁၈ ဒီဇင္ဘာမွာ မန္ယူကေန ထုတ္ပယ္ခံခဲ့ရၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနခဲ့တာပါ။ ခ်ဲလ္ဆီး၊ေပၚတုိ၊ရီးရဲလ္မက္ဒရစ္၊အင္တာမီလန္တို႔ရဲ႕နည္ျပေဟာင္းလည္းျဖစ္တဲ့ေမာ္ရင္ဟုိဟာ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာၿပီးကတည္းက တရုတ္၊စပိန္နဲ႔ေပၚတူဂီတို႔အပါအ၀င္ ကမ္းလွမ္းမႈအေတာ္မ်ားမ်ားရခဲ့ေပမယ့္ ပယ္ခ်ခဲ့ပါတယ္။
စပါးနည္းျပရာထူးအတြက္ ဘုန္းေမာက္ရဲ႕အက္ဒီဟုိ၀ီ၊ လစ္ဇစ္ရဲ႕နာဂယ္စမန္နဲ႔ ဂ်ဴဗင္တပ္နည္းျပေဟာင္းအယ္လီဂရီတို႔လည္း သတင္းထြက္ခဲ့ေပမယ့္ လက္ရွိမွာ ေမာ္ရင္ဟိုကသာ အနီးစပ္ဆုံးျဖစ္ေနတာပါ။ ေမာ္ရင္ဟုိဟာ သူ႔မိသားစုအေျခက်ေနတဲ့လန္ဒန္မွာပဲ ဆက္ရွိခ်င္ပုံရပါတယ္။ သူဟာ အာဆင္နယ္နဲ႔လည္း သတင္းထြက္ခဲ့ေသးေပမယ့္ အခုေတာ့ စပါးနည္းျပျဖစ္လာဖို႔ အေတာ္ေလးနီးစပ္ေနတာပါ။ ေမာ္ရင္ဟိုသာ ကိုင္မယ္ဆိုရင္ စပါးလိုအပ္ေနတ့ဲတစ္ခုတည္းေသာကြက္လပ္ျဖစ္တဲ့ ဆုဖလားေအာင္ျမင္မႈကို ယူေဆာင္ေပးႏိုင္တယ္လို႔ ေဘာလုံးေ၀ဖန္သူအျဖစ္ လုပ္ကိုင္ေနတဲ့ လီဗာပူးေနာက္ခံလူေဟာင္းကာေရဂါက သုံးသပ္ထားပါတယ္။ တကယ္လည္း ေမာ္ရင္ဟိုဟာ သူကိုင္တဲ့အသင္းတိုင္းကို အနည္းဆုံးဆုဖလားတစ္ခုေတာ့ ရယူေပးႏိုင္ခဲ့ပါတယ္။