ပိုချက်တီနိုကို အမြဲကျေးဇူးတင်နေမှာပါလို့ ဟယ်ရီဝင့်ဖွင့်ဟ

PC ; Internet

စပါးလူငယ်အသင်းကနေ အသင်းကြီးအထိရောက်ရှိလာခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းမှာပါနေရာရလာခဲ့တဲ့အတွက် စပါးနည်းပြဟောင်းပိုချက်တီနိုကို အမြဲကျေးဇူးတင်နေမှာပါလို့ ကွင်းလယ်လူဟယ်ရီဝင့်က ဖွင့်ဟလိုက်ပါတယ်။ပိုချက်တီနိုဟာ စပါးအသင်းကိုရောက်လာပြီးသိပ်မကြာခင်(၂၀၁၄)မှာ ဟယ်ရီဝင့်ကို ယုံကြည်စွာနဲ့ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့တာပါ။

PC ; Internet

အဲ့ဒီနောက်ပိုင်း ဟယ်ရီဝင့်ဟာ စပါးအသင်းကြီးမှာနေရာရလာခဲ့ပြီးတဲ့နောက် အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ရဲ့စောင့်ကြည့်မှုကိုခံလာခဲ့ရပါတယ်။ပြီးခဲ့တဲ့ကိုဆိုဗိုအသင်းနဲ့ပွဲမှာတော့ အသက်(၂၃)နှစ်အရွယ်ဟယ်ရီဝင့်ဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

PC ; Internet

ဒီရာသီရလဒ်ဆိုးတွေကြောင့် မန်ယူနည်းပြဟောင်းမော်ရင်ညိုနဲ့အစားထိုးခံလိုက်ရပေမယ့် နည်းပြပိုချက်တီနိုဟာ သူ့ရဲ့ကစားသမားဘဝမှာ အရေးပါဆုံးသူဖြစ်ခဲ့တယ်လို့ ဟယ်ရီဝင့်ကပြောခဲ့ပါတယ်။ ”အကြိမ်ပေါင်းများစွာပြောခဲ့ဖူးတဲ့စကားကိုပဲ အခုထပ်ပြောပါမယ်။ပိုချက်တီနိုဟာကျွန်တော့်ကစားသမားဘဝမှာ ကျေးဇူးအတင်ရဆုံးသူပါ။

PC ; Internet

အခွင့်အရေးပေးခဲ့သလို ပိုချက်တီနိုသာအလိုမရှိခဲ့ဖူးဆိုရင် ဒီနေ့ကျွန်တော်ဆိုတာရှိလာမှာမဟုတ်ပါဘူး”လို့ဟယ်ရီဝင့်ကပြောခဲ့ပါတယ်။

(zawgyi)

ေျခစြမ္းတိုးတက္မႈအတြက္ပိုခ်က္တီနိုကိုအျမဲေက်းဇူးတင္ေနမွာပါလုိ႔ဟယ္ရီဝင့္ေျပာၾကား……………
စပါးလူငယ္အသင္းကေန အသင္းၾကီးအထိေရာက္ရွိလာခဲ့သလို အဂၤလန္လက္ေရြးစင္အသင္းမွာပါေနရာရလာခဲ့တဲ့အတြက္ စပါးနည္းျပေဟာင္းပိုခ်က္တီနိုကို အျမဲေက်းဇူးတင္ေနမွာပါလို႔ ကြင္းလယ္လူဟယ္ရီဝင့္က ဖြင့္ဟလိုက္ပါတယ္။ပိုခ်က္တီႏိုဟာ စပါးအသင္းကိုေရာက္လာျပီးသိပ္မၾကာခင္(၂၀၁၄)မွာ ဟယ္ရီဝင့္ကို ယံုၾကည္စြာနဲ႔ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာပါ။အဲ့ဒီေနာက္ပိုင္း ဟယ္ရီဝင့္ဟာ စပါးအသင္းၾကီးမွာေနရာရလာခဲ့ျပီးတဲ့ေနာက္ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ရဲ႕ေစာင့္ၾကည့္မႈကိုခံလာခဲ့ရပါတယ္။ျပီးခဲ့တဲ့ကိုဆိုဗုိအသင္းနဲ႔ပြဲမွာေတာ့ အသက္(၂၃)နွစ္အရြယ္ဟယ္ရီဝင့္ဟာ အဂၤလန္လက္ေရြးစင္ကစားသမားဘဝပထမဆံုးသြင္းဂိုးကို သြင္းယူေပးနုိင္ခဲ့ပါတယ္။ဒီရာသီရလဒ္ဆိုးေတြေၾကာင့္ မန္ယူနည္းျပေဟာင္းေမာ္ရင္ညိဳနဲ႔အစားထိုးခံလိုက္ရေပမယ့္ နည္းျပပိုခ်က္တီနိုဟာ သူ႔ရဲ႕ကစားသမားဘဝမွာ အေရးပါဆံုးသူျဖစ္ခဲ့တယ္လို႔ ဟယ္ရီဝင့္ကေျပာခဲ့ပါတယ္။ ”အၾကိမ္ေပါင္းမ်ားစြာေျပာခဲ့ဖူးတဲ့စကားကိုပဲ အခုထပ္ေျပာပါမယ္။ပိုခ်က္တီနိုဟာကၽြန္ေတာ့္ကစားသမားဘဝမွာ ေက်းဇူးအတင္ရဆံုးသူပါ။အခြင့္အေရးေပးခဲ့သလို ပိုခ်က္တီနိုသာအလိုမရွိခဲ့ဖူးဆိုရင္ ဒီေန႔ကၽြန္ေတာ္ဆိုတာရွိလာမွာမဟုတ္ပါဘူး”လို႔ဟယ္ရီဝင့္ကေျပာခဲ့ပါတယ္။