
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ကမ္ဘာပေါ်တွင် ကိုယ့်အသင်းကို ကျေနပ်တဲ့ နည်းပြမရှိကြောင်းနှင့် ပိုချက်တီနိုတစ်ဦးသာ အသင်းလူစာရင်းကို ကျေနပ်လိမ့်မယ်ဆိုပြီး စနောက်သလို ဖဲ့ထားပါတယ်။
အင်တာမီလန် ၊ ချယ်လ်ဆီး ၊ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တိုအသင်းတို့မှာ အောင်မြင်မှုပေါင်း များစွာ ရရှိခဲ့တဲ့ ဆရာကြီး မော်ရင်ဟိုဟာ ယခုအခါမှာတော့ အောင်မြင်မှုတွေနဲ့
အနည်းငယ် ဝေးကွာနေတဲ့ ရိုးမားအသင်းထံ ရောက်ရှိနေပြီး ယခင်ကလို အောင်မြင်မှုတွေ ပြန်လည် ရရှိအောင် ကြိုးစားနေသူ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ရိုးမားအသင်းထံ ရောက်ရှိလာပြီးနောက် အသင်းရဲ့ စီနီယာ ကစားသမားတွေ ဖြစ်တဲ့ ဒီဇီကို ၊ ဖလော်ရန်ဇီတို့ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီး
ချယ်လ်ဆီးအသင်းရဲ့ လူငယ် တိုက်စစ်မှူး အေဗရာဟမ် ၊ ပေါ်တူဂီ လက်ရွေးစင် ဂိုးသမား ပက်ထရီစီယို ၊ အမေရိကန် လူငယ်ကြယ်ပွင့် ဘရိုင်ယန် ရေးနို့စ် ၊ ဂျီနိုအာ တိုက်စစ်မှူး ရှိုမာဒိုဗစ်တို့ကို ခေါ်ယူထားကာ အသင်းအား ပြောင်းလဲထားပါတယ်။
တစ်ဖက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ စပိန်အသင်းခေါင်းဆောင် ရာမို့စ် ၊ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ၊ နယ်သာလန် အသင်းခေါင်းဆောင် ဝစ်နယ်ဒန် ၊
အီတလီအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒွန်နာရမ်မာတို့လို ထိပ်တန်း ကစားသမားတွေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်သလို မော်ရိုကို ညာနောက်ခံလူ ဟာခီမီကိုလည်း ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် ပေးချေကာ ခေါ်ယူထားပါသေးတယ်။
ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ သြဂုတ်လ (၃၁)ရက်တွင် ပိတ်သိမ်းမှာဖြစ်ပြီး၊ မော်ရင်ဟိုကသူ့ အနေနဲ့ ကစားသမား အသစ် ခေါ်ယူရန် လိုအပ်နေသေးကြောင်းပြောပါတယ်။
မော်ရင်ဟိုက ”ကျွန်တော် ပြောနိုင်တာကတော့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်အထိ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာပါပဲ။
ကစားသမားအဝင်အတွက်ရော၊ အထွက်အတွက်ပါ ကျွန်တော်တို့ တံခါးဖွင့်ထားပါတယ်။
ကိုယ့်အသင်းလူစာရင်းကို ကြည့်ပြီး အားရကျေနပ်တဲ့နည်းပြ ရှိတယ်ထင်လား။ ပိုချက်တီနိုကတော့ ဖြစ်နိုင်ပါတယ်။”ဆိုပြီး ပြောထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ပိုခ်က္တီႏိုကို သြားစျပန္တဲ့ ပါးစပ္သရမ္းေလ့ရွိသူ ေမာ္ရင္ဟို
႐ိုးမားအသင္းနည္းျပ ေမာ္ရင္ဟိုက ကမာၻေပၚတြင္ ကိုယ့္အသင္းကို ေက်နပ္တဲ့ နည္းျပမရွိေၾကာင္းႏွင့္ ပိုခ်က္တီႏိုတစ္ဦးသာ အသင္းလူစာရင္းကို ေက်နပ္လိမ့္မယ္ဆိုၿပီး စေနာက္သလို ဖဲ့ထားပါတယ္။
အင္တာမီလန္ ၊ ခ်ယ္လ္ဆီး ၊ ရီးရဲလ္မက္ဒရစ္ ၊ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ေပၚတိုအသင္းတို႔မွာ ေအာင္ျမင္မႈေပါင္း မ်ားစြာ ရရွိခဲ့တဲ့ ဆရာႀကီး ေမာ္ရင္ဟိုဟာ ယခုအခါမွာေတာ့ ေအာင္ျမင္မႈေတြနဲ႔ အနည္းငယ္ ေဝးကြာေနတဲ့ ႐ိုးမားအသင္းထံ ေရာက္ရွိေနၿပီး ယခင္ကလို ေအာင္ျမင္မႈေတြ ျပန္လည္ ရရွိေအာင္ ႀကိဳးစားေနသူ ျဖစ္ပါတယ္။
ေမာ္ရင္ဟိုဟာ ႐ိုးမားအသင္းထံ ေရာက္ရွိလာၿပီးေနာက္ အသင္းရဲ႕ စီနီယာ ကစားသမားေတြ ျဖစ္တဲ့ ဒီဇီကို ၊ ဖေလာ္ရန္ဇီတို႔ကို အသင္းကေန ထြက္ခြာခြင့္ ေပးခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕ လူငယ္ တိုက္စစ္မႉး ေအဗရာဟမ္ ၊ ေပၚတူဂီ လက္ေ႐ြးစင္ ဂိုးသမား ပက္ထရီစီယို ၊ အေမရိကန္ လူငယ္ၾကယ္ပြင့္ ဘ႐ိုင္ယန္ ေရးႏို႔စ္ ၊ ဂ်ီႏိုအာ တိုက္စစ္မႉး ရႈိမာဒိုဗစ္တို႔ကို ေခၚယူထားကာ အသင္းအား ေျပာင္းလဲထားပါတယ္။
တစ္ဖက္မွာေတာ့ ပီအက္စ္ဂ်ီအသင္းဟာ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ စပိန္အသင္းေခါင္းေဆာင္ ရာမို႔စ္ ၊ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ မက္ဆီ ၊ နယ္သာလန္ အသင္းေခါင္းေဆာင္ ဝစ္နယ္ဒန္ ၊ အီတလီအသင္းရဲ႕ နံပါတ္တစ္ ဂိုးသမား ဒြန္နာရမ္မာတို႔လို ထိပ္တန္း ကစားသမားေတြကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူထားႏိုင္သလို ေမာ္႐ိုကို ညာေနာက္ခံလူ ဟာခီမီကိုလည္း ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၇၀သန္း ဝန္းက်င္ ေပးေခ်ကာ ေခၚယူထားပါေသးတယ္။
ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ၾသဂုတ္လ (၃၁)ရက္တြင္ ပိတ္သိမ္းမွာျဖစ္ၿပီး၊ ေမာ္ရင္ဟိုကသူ႔ အေနနဲ႔ ကစားသမား အသစ္ ေခၚယူရန္ လိုအပ္ေနေသးေၾကာင္းေျပာပါတယ္။
ေမာ္ရင္ဟိုက ”ကြၽန္ေတာ္ ေျပာႏိုင္တာကေတာ့ အေျပာင္းအေ႐ႊ႕ေစ်းကြက္ မပိတ္ခင္အထိ ဘာမဆိုျဖစ္ႏိုင္တယ္ဆိုတာပါပဲ။ ကစားသမားအဝင္အတြက္ေရာ၊ အထြက္အတြက္ပါ ကြၽန္ေတာ္တို႔ တံခါးဖြင့္ထားပါတယ္။ ကိုယ့္အသင္းလူစာရင္းကို ၾကည့္ၿပီး အားရေက်နပ္တဲ့နည္းျပ ရွိတယ္ထင္လား။ ပိုခ်က္တီႏိုကေတာ့ ျဖစ္ႏိုင္ပါတယ္။”ဆိုၿပီး ေျပာထားပါတယ္။