ပိုချက်တီနိုကို ခေါ်ယူဖို့ မန်ယူပရိသတ်တွေ စိတ်အားထက်သန်နေတယ်လို့ ဆို

Photo- Internet
Photo- Internet

စပါးအသင်းကနေ မကြာသေးခင်ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ ပိုချက်တီနိုကို ခေါ်ယူဖို့အတွက် မန်ယူပရိသတ်တွေ စိတ်အားထက်သန်နေကြတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြသွားပါတယ်။ အသက် ၄၇ နှစ်ရှိတဲ့ ပိုချက်တီနိုဟာ စပါးကိုချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်စေပြီး ၆ လအကြာမှာ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

မန်ယူနည်းပြ ဆိုးလ်ရှားဟာ အခုနောက်ပိုင်းမှာအသင်းကို ရလဒ်တွေကောင်းစေပြီးနောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်အောင်စွမ်းဆောင်ထားပေမယ့် ဒီရာသီမှာ အတက်အကျတွေအရမ်းများခဲ့လို့ လောလောဆယ်မှာ ခေါ်ယူလို့ရရှိမယ့် ပိုချက်တီနိုကို ပရိသတ်တွေ အလိုရှိနေကြတာဖြစ်ပါတယ်။

Photo- Internet

ပရိသတ်တွေဟာ ပိုချက်တီနိုအပြင် စပါးမှာပြီးခဲ့တဲ့ ၅ နှစ်နီးပါးအတွင်းဆက်တိုက်ခြေစွမ်းပြကာ အဓိက တိုက်စစ်မှူ း ဖြစ်ခဲ့တဲ့ ဟယ်ရီကိန်းကိုလည်း အလိုရှိနေကြတာပါ။ ဒီအာဂျင်တီးနားသားကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မန်ယူအနေနဲ့ ဟယ်ရီကိန်းကိုပါ ရနိုင်တယ်လို့ ယူဆနေကြပါတယ်။

Photo- Internet

အွန်လိုင်းပေါ်ကဖော်ပြချက်တွေအရ ပိုချက်တီနိုကို အလွတ်ခေါ်ယူလို့ရနေပြီဖြစ်လို့ ဆိုးလ်ရှား ဆက်လက်ခြေချော်ရင် စောင့်မနေသင့်တော့ဘူး၊ အခုချိန်မှာ ဆိုးလ်ရှားကိုထုတ်ပြီး ပိုချက်တီနိုကို မခေါ်ရင်နောက် ၁၀ နှစ်အထိနောင်တရနေမယ်၊ ပိုချက်တီနိုဟာ မဖြစ်စလောက်ဘတ်ဂျက်နဲ့ စပါးကိုချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်စေခဲ့တဲ့အတွက် သူ့ခေါ်ယူနိုင်တဲ့အသင်းက ကံကောင်းတာဘဲ အစရှိသဖြင့် ရေးသားနေကြပါတယ်။

Photo- Internet

နောက်တစ်ဦးကဆိုရင်လည်း လာမယ့် ရှက်ဖီးယူနိုက်တက်နဲ့ ပွဲစဉ်မှာ မန်ယူရှုံးပါစေလို့ ဆုတောင်ကြောင်း၊ ဒါမှသာ ဆိုးလ်ရှားကို ချက်ခြင်းထုတ်ပယ်ပြီး ပိုချက်တီနိုကို ခေါ်ယူနိုင်မှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ စပါးဟာ ပိုချက်တီနိုရဲ့နေရာမှာ အစားထိုးဖို့ မန်ယူနည်းပြဟောင်း မော်ရင်ဟိုနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Photo- Internet

Zawgyi

ပိုခ်က္တီႏိုကို ေခၚယူဖို႔ မန္ယူပရိသတ္ေတြ စိတ္အားထက္သန္ေနတယ္လို႔ ဆို

စပါးအသင္းကေန မၾကာေသးခင္ထုတ္ပယ္ခံလိုက္ရတဲ႔ နည္းျပ ပိုခ်က္တီႏိုကို ေခၚယူဖို႔အတြက္ မန္ယူပရိသတ္ေတြ စိတ္အားထက္သန္ေနၾကတယ္လို႔ သတင္းတစ္ရပ္မွာ ေဖာ္ျပသြားပါတယ္။ အသက္ ၄၇ ႏွစ္ရွိတဲ႔ ပိုခ်က္တီႏိုဟာ စပါးကိုခ်န္ပီယံလိဂ္ ဗိုလ္လုပြဲတက္ေရာက္ေစၿပီး ၆ လအၾကာမွာ ထုတ္ပယ္ခံလိုက္ရတာျဖစ္ပါတယ္။

မန္ယူနည္းျပ ဆိုးလ္ရွားဟာ အခုေနာက္ပိုင္းမွာအသင္းကို ရလဒ္ေတြေကာင္းေစၿပီးေနာက္ဆုံး ၅ ပြဲမွာ ၄ ပြဲႏိုင္ေအာင္စြမ္းေဆာင္ထားေပမယ္႔ ဒီရာသီမွာ အတက္အက်ေတြအရမ္းမ်ားခဲ့လို႔ ေလာေလာဆယ္မွာ ေခၚယူလို႔ရရွိမယ္႔ ပိုခ်က္တီႏိုကို ပရိသတ္ေတြ အလိုရွိေနၾကတာျဖစ္ပါတယ္။

ပရိသတ္ေတြဟာ ပိုခ်က္တီႏိုအျပင္ စပါးမွာၿပီးခဲ့တဲ႔ ၅ ႏွစ္နီးပါးအတြင္းဆက္တိုက္ေျခစြမ္းျပကာ အဓိက တိုက္စစ္မွဴ း ျဖစ္ခဲ့တဲ႔ ဟယ္ရီကိန္းကိုလည္း အလိုရွိေနၾကတာပါ။ ဒီအာဂ်င္တီးနားသားကိုသာ ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ မန္ယူအေနနဲ႔ ဟယ္ရီကိန္းကိုပါ ရႏိုင္တယ္လို႔ ယူဆေနၾကပါတယ္။

အြန္လိုင္းေပၚကေဖာ္ျပခ်က္ေတြအရ ပိုခ်က္တီႏိုကို အလြတ္ေခၚယူလို႔ရေနၿပီျဖစ္လို႔ ဆိုးလ္ရွား ဆက္လက္ေျခေခ်ာ္ရင္ ေစာင့္မေနသင့္ေတာ႔ဘူး၊ အခုခ်ိန္မွာ ဆိုးလ္ရွားကိုထုတ္ၿပီး ပိုခ်က္တီႏိုကို မေခၚရင္ေနာက္ ၁၀ ႏွစ္အထိေနာင္တရေနမယ္၊ ပိုခ်က္တီႏိုဟာ မျဖစ္စေလာက္ဘတ္ဂ်က္နဲ႔ စပါးကိုခ်န္ပီယံလိဂ္ဗိုလ္လုပြဲ တက္ေစခဲ့တဲ႔အတြက္ သူ႔ေခၚယူႏိုင္တဲ႔အသင္းက ကံေကာငး္တာဘဲ အစရွိသျဖင့္ ေရးသားေနၾကပါတယ္။

ေနာက္တစ္ဦးကဆိုရင္လည္း လာမယ္႔ ရွက္ဖီးယူႏိုက္တက္နဲ႔ ပြဲစဥ္မွာ မန္ယူရႈံးပါေစလို႔ ဆုေတာင္ေၾကာင္း၊ ဒါမွသာ ဆိုးလ္ရွားကို ခ်က္ျခင္းထုတ္ပယ္ၿပီး ပို္ခ်က္တီႏိုကို ေခၚယူႏိုင္မွာျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။ စပါးဟာ ပိုခ်က္တီႏိုရဲ႕ေနရာမွာ အစားထိုးဖို႔ မန္ယူနည္းျပေဟာင္း ေမာ္ရင္ဟိုနဲ႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။