ပိုချက်တီနိုကိုထုတ်ပယ်လိုက်လို့ သူ့အတွက်ဖိအားဖြစ်စေတယ်ဆိုတဲ့ သတင်းတွေကို ဆိုးလ်ရှားငြင်းဆန်

PC ; Internet

စပါးနည်းပြပိုချက်တီနိုထုတ်ပယ်ခံလိုက်ရတာဟာ မန်ယူနည်းပြဆိုးလ်ရှားအတွက်လည်း ဖိအားဖြစ်စေလိမ့်မယ်လို့ မီဒီယာတွေရဲ့ရေးသားမှုရှိနေပေမယ့် ကာယကံရှင်ကတော့ မစိုးရိမ်ပါဘူးလို့ တုံ့ပြန်လိုက်ပါတယ်။မန်ယူအသင်းတာဝန်ရှိသူတွေဟာ ဆိုးလ်ရှားကိုအမြဲတမ်းနည်းပြအဖြစ် မခန့်အပ်ခင်ကတည်းက ပိုချက်တီနိုကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။လက်ရှိအချိန်မှာလည်း စပါးနည်းပြဟောင်းနဲ့မန်ယူသတင်းတွေထွက်ပေါ်နေဆဲပါပဲ။ဒါပေမဲ့ နော်ဝေသားကတော့ “ အရာအားလုံးက ကျွန်တော့်ကိုစိတ်အနှောက်အယှက်မဖြစ်စေပါဘူး။ကျွန်တော်ဟာ ကမ္ဘာပေါ်ကအကောင်းဆုံးအလုပ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရထားတယ်ဆိုတာသေချာပါတယ်။

PC ; Internet

ခင်ဗျားတို့အနေနဲ့လည်း နည်းပြတစ်ယောက်ဖြစ်နေမယ်ဆိုရင် လက်ရှိအသင်းတစ်သင်းကို ကိုင်တွယ်နေတာပဲဖြစ်ဖြစ်၊ ထွက်ခွာချိန်မှာပဲဖြစ်ဖြစ် မန်ယူနည်းပြအလုပ်ကိုသေချာပေါက်လိုချင်နေမယ် ဆိုတာကို ကျွန်တော်အသေအချာပြောရဲပါတယ်။ ဒါက အဓိကကျတဲ့အကြောင်းအရင်းတစ်ခု မဟုတ်ပါဘူး။ ကျွန်တော့်ဘက်ကတော့ မန်ယူအသင်းအတွက်အာရုံစိုက်ပေးထားသလို လုပ်နိုင်သမျှလုပ်သွားမှာပါ။ အက်ဝုဒ်ဝက်ဒ်အပါအဝင် အသင်းပိုင်ရှင်တွေနဲ့ အမြဲတမ်းစကားပြောဖြစ်ပါတယ်။ အသင်းကိုရှေ့ရောက်အောင် ဘယ်လိုဆက်လုပ်မယ်ဆိုတာတွေနဲ့ပတ်သက်လို့ပေါ့။ တစ်ခြားအသင်းကနည်းပြအပြောင်းအလဲကြောင့် ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေပြောင်းလဲသွားမှာမဟုတ်ပါဘူး” လို့ ရှင်းလင်းလိုက်တာပါ။

PC ; Internet

ဒါ့အပြင် ဒဏ်ရာအကင်းမသေသေးဘဲ မီယာမီမှာ ဘက်စ်ကတ်ဘောကစားနေတဲ့ ပေါ့ဘာရဲ့ပုံရိပ်တွေ လူမှုကွန်ယက်တွေမှာပျံ့နှံ့လာတာနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “ ကျွန်တော်တို့ ဘက်စ်ကတ်ဘော မကစားပါဘူး။ ဘက်စ်ကတ်ဘောကစားလို့ ခြေကျင်းဝတ်လည်သွားတဲ့ကစားသမားမျိုး အများကြီးမတွေ့ဖူးပါဘူး။ ပေါ့ဘာက လေ့ကျင့်ရေးလုပ်ဖို့အဆင်သင့်မဖြစ်သေးတာပါ။ ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အစမှာ သူ့ရဲ့ဒဏ်ရာကို နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက် ပျောက်ကင်းခြင်းမရှိတာကိုတွေ့ခဲ့ရပါတယ်။ ၂၀၁၉အတွင်းမှာပြန်လာနိုင်လိမ့်မယ်လို့တော့ မျှော်လင့်ထားပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

စပါးနည္းျပပိုခ်က္တီႏိုထုတ္ပယ္ခံလိုက္ရတာဟာ မန္ယူနည္းျပဆိုးလ္ရွားအတြက္လည္း ဖိအားျဖစ္ေစလိမ့္မယ္လို႔ မီဒီယာေတြရဲ႕ေရးသားမႈရွိေနေပမယ့္ ကာယကံရွင္ကေတာ့ မစိုးရိမ္ပါဘူးလို႔ တံု႔ျပန္လိုက္ပါတယ္။မန္ယူအသင္းတာ၀န္ရွိသူေတြဟာ ဆိုးလ္ရွားကိုအၿမဲတမ္းနည္းျပအျဖစ္ မခန္႔အပ္ခင္ကတည္းက ပိုခ်က္တီႏိုကိုေခၚယူဖို႔စိတ္၀င္စားေနတယ္ဆိုတဲ့သတင္းေတြ ထြက္ခဲ့ဖူးပါတယ္။လက္ရွိအခ်ိန္မွာလည္း စပါးနည္းျပေဟာင္းနဲ႔မန္ယူသတင္းေတြထြက္ေပၚေနဆဲပါပဲ။ဒါေပမဲ့ ေနာ္ေ၀သားကေတာ့ “ အရာအားလံုးက ကၽြန္ေတာ့္ကိုစိတ္အေႏွာက္အယွက္မျဖစ္ေစပါဘူး။ကၽြန္ေတာ္ဟာ ကမၻာေပၚကအေကာင္းဆံုးအလုပ္တစ္ခုကို ပိုင္ဆိုင္ခြင့္ရထားတယ္ဆိုတာေသခ်ာပါတယ္။ ခင္ဗ်ားတို႔အေနနဲ႔လည္း နည္းျပတစ္ေယာက္ျဖစ္ေနမယ္ဆိုရင္ လက္ရွိအသင္းတစ္သင္းကို ကိုင္တြယ္ေနတာပဲျဖစ္ျဖစ္၊ ထြက္ခြာခ်ိန္မွာပဲျဖစ္ျဖစ္ မန္ယူနည္းျပအလုပ္ကိုေသခ်ာေပါက္လိုခ်င္ေနမယ္ ဆိုတာကို ကၽြန္ေတာ္အေသအခ်ာေျပာရဲပါတယ္။ ဒါက အဓိကက်တဲ့အေၾကာင္းအရင္းတစ္ခု မဟုတ္ပါဘူး။ ကၽြန္ေတာ့္ဘက္ကေတာ့ မန္ယူအသင္းအတြက္အာရံုစိုက္ေပးထားသလို လုပ္ႏိုင္သမွ်လုပ္သြားမွာပါ။ အက္၀ုဒ္၀က္ဒ္အပါအ၀င္ အသင္းပိုင္ရွင္ေတြနဲ႔ အျမဲတမ္းစကားေျပာျဖစ္ပါတယ္။ အသင္းကိုေရွ႔ေရာက္ေအာင္ ဘယ္လိုဆက္လုပ္မယ္ဆိုတာေတြနဲ႔ပတ္သက္လို႔ေပါ့။ တစ္ျခားအသင္းကနည္းျပအေျပာင္းအလဲေၾကာင့္ ကၽြန္ေတာ္တို႔ရဲ႔လုပ္ငန္းစဥ္ေတြေျပာင္းလဲသြားမွာမဟုတ္ပါဘူး” လို႔ ရွင္းလင္းလိုက္တာပါ။ဒါ့အျပင္ ဒဏ္ရာအကင္းမေသေသးဘဲ မီယာမီမွာ ဘက္စ္ကတ္ေဘာကစားေနတဲ့ ေပါ့ဘာရဲ႕ပံုရိပ္ေတြ လူမႈကြန္ယက္ေတြမွာပ်ံ႔ႏွံ႔လာတာနဲ႔ပတ္သက္ၿပီး ဆိုးလ္ရွားက “ ကၽြန္ေတာ္တို႔ ဘက္စ္ကတ္ေဘာ မကစားပါဘူး။ ဘက္စ္ကတ္ေဘာကစားလို႔ ေျခက်င္း၀တ္လည္သြားတဲ့ကစားသမားမ်ိဳး အမ်ားၾကီးမေတြ႔ဖူးပါဘူး။ ေပါ့ဘာက ေလ့က်င့္ေရးလုပ္ဖို႔အဆင္သင့္မျဖစ္ေသးတာပါ။ ျပီးခဲ့တဲ့ႏိုင္ငံတကာရက္သတၱပတ္အစမွာ သူ႔ရဲ႔ဒဏ္ရာကို ေနာက္ထပ္စမ္းသပ္မႈေတြျပဳလုပ္ခဲ့ျပီးတဲ့ေနာက္ ေပ်ာက္ကင္းျခင္းမရွိတာကိုေတြ႔ခဲ့ရပါတယ္။ ၂၀၁၉အတြင္းမွာျပန္လာႏိုင္လိမ့္မယ္လို႔ေတာ့ ေမွ်ာ္လင့္ထားပါတယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။