ပိုချက်တီနိုကိုခေါ်ယူချင်တဲ့ ထိပ်သီးအသင်းတွေထဲမှာ ဘာစီလိုနာပါလာပြီ

PC ; Internet

စပါးအသင်းကနေထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြပိုချက်တီနိုကိုခေါ်ယူဖို့အတွက် ဥရောပထိပ်တန်းကလပ်အချို့က စိတ်ဝင်စားနေကြပြီး ဒီထဲမှာ စပိန်ထိပ်သီးဘာစီလိုနာပါဝင်လာခဲ့ပြီလို့သိရပါတယ်။ ပိုချက်တီနိုဟာပြီးခဲ့တဲ့ အင်္ဂါနေ့မှာ စပါးနဲ့ ၅နှစ်ကျော်လက်တွဲမှုကိုအဆုံးသတ်ခဲ့သူဖြစ်ပြီး အာဂျင်တီးနားသားနောက်ထပ် တာဝန်ယူနိုင်တဲ့အသင်းနဲ့ပတ်သတ်လို့ အမျိုးမျိုးထင်ကြေးပေးနေကြပါတယ်။ ဘွတ်ကီတွေရဲ့အလေးပေးချက်အရ လက်ရှိမှာအမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခြင်းမရှိသေးတဲ့ ဘိုင်ယန်မြူးနစ်အသင်းက ပိုချက်တီနိုခေါ်ယူမှုမှာထိပ်ဆုံးကရေပန်းစားနေပေမယ့် ဘာစီလိုနာအသင်းပါ ဝင်ရောက်လာပြီလို့ The Sun သတင်းစာကဖော်ပြလိုက်တဲ့နောက် ပြိုင်ဆိုင်မှုကပိုလို့မြင့်တက်လာပါတယ်။

PC ; Internet

ဘာစီလိုနာနည်းပြ ဗယ်ဗာဒီဟာ ရာသီအစမှာဖိအားတွေနဲ့ရုန်းကန်နေရတာကြောင့် အသင်းတာဝန်ရှိသူတွေအနေနဲ့ ပိုချက်တီနိုကိုစဉ်းစားလာတာဖြစ်သလို ပြီးခဲ့တဲ့နှစ်မှာကတည်းက ဗယ်ဗာဒီစာချုပ်သစ် မချုပ်ဖြစ်ရင်အစားထိုးဖို့အစီအစဉ်ရှိခဲ့ဖူးတယ်လို့လည်းသိရပါတယ်။ ဂျာမနီမြေကိုပြောင်းမယ်ဆိုရင် ပိုချက်တီနိုဘက်က ဂျာမန်ဘာသာစကားကိုအခြေခံလေ့လာဖို့လိုအပ်နေပေမယ့် စပိန်ကိုသွားမယ်ဆိုရင်တော့ ဘာသာစကားအခံရှိပြီးသားဖြစ်နေလို့ ပိုပြီးအဆင်ပြေနိုင်ဖွယ်ရှိပါတယ်။

PC ; Internet

ပိုချက်တီနိုဟာ နည်းပြဘဝမှာဘာစီလိုနာရဲ့မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုအသင်းကိုတာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ “ဘာစီလိုနာမြို့မှာ ကျွန်တော့်ရဲ့သူငယ်ချင်းတွေအများကြီးရှိပါတယ်။ အများစုကတော့ ဘာစီလိုနာအသင်းကဖြစ်ပြီး သူတို့နဲ့ကျွန်တော်ကြားမှာ လေးစားမှုရှိကြပါတယ်။ ဒါပေမယ့်ကျွန်တော်သွားနေတဲ့လမ်းကြောင်းနဲ့ ဘာစီလိုနာကခြားနားသလို ဦးတည်ချက်လည်းမတူပါဘူး။ ဒါကြောင့်အဲ့ဒီမှာနည်းပြလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ ပိုချက်တီနိုက ၂၀၁၈ခုနှစ်မှာဖွင့်ဟခဲ့ဖူးပါတယ်။

(zawgyi)

စပါးအသင္းကေနထုတ္ပယ္ခံလိုက္ရတဲ့ နည္းျပပိုခ်က္တီႏိုကိုေခၚယူဖို႔အတြက္ ဥေရာပထိပ္တန္းကလပ္အခ်ိဳ႔က စိတ္၀င္စားေနၾကျပီး ဒီထဲမွာ စပိန္ထိပ္သီးဘာစီလိုနာပါ၀င္လာခဲ့ျပီလို႔သိရပါတယ္။ ပိုခ်က္တီႏိုဟာျပီးခဲ့တဲ့ အဂၤါေန႔မွာ စပါးနဲ႔ ၅ႏွစ္ေက်ာ္လက္တြဲမႈကိုအဆံုးသတ္ခဲ့သူျဖစ္ျပီး အာဂ်င္တီးနားသားေနာက္ထပ္ တာ၀န္ယူႏိုင္တဲ့အသင္းနဲ႔ပတ္သတ္လို႔ အမ်ိဳးမ်ိဳးထင္ေၾကးေပးေနၾကပါတယ္။ ဘြတ္ကီေတြရဲ႔အေလးေပးခ်က္အရ လက္ရွိမွာအျမဲတမ္းနည္းျပအျဖစ္ခန္႔အပ္ျခင္းမရွိေသးတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းက ပိုခ်က္တီႏိုေခၚယူမႈမွာထိပ္ဆံုးကေရပန္းစားေနေပမယ့္ ဘာစီလိုနာအသင္းပါ ၀င္ေရာက္လာျပီလို႔ The Sun သတင္းစာကေဖာ္ျပလိုက္တဲ့ေနာက္ ျပိဳင္ဆိုင္မႈကပိုလို႔ျမင့္တက္လာပါတယ္။ ဘာစီလိုနာနည္းျပ ဗယ္ဗာဒီဟာ ရာသီအစမွာဖိအားေတြနဲ႔ရုန္းကန္ေနရတာေၾကာင့္ အသင္းတာ၀န္ရွိသူေတြအေနနဲ႔ ပိုခ်က္တီႏိုကိုစဥ္းစားလာတာျဖစ္သလို ျပီးခဲ့တဲ့ႏွစ္မွာကတည္းက ဗယ္ဗာဒီစာခ်ဳပ္သစ္ မခ်ဳပ္ျဖစ္ရင္အစားထိုးဖို႔အစီအစဥ္ရွိခဲ့ဖူးတယ္လို႔လည္းသိရပါတယ္။ ဂ်ာမနီေျမကိုေျပာင္းမယ္ဆိုရင္ ပိုခ်က္တီႏိုဘက္က ဂ်ာမန္ဘာသာစကားကိုအေျခခံေလ့လာဖို႔လိုအပ္ေနေပမယ့္ စပိန္ကိုသြားမယ္ဆိုရင္ေတာ့ ဘာသာစကားအခံရွိျပီးသားျဖစ္ေနလို႔ ပိုျပီးအဆင္ေျပႏိုင္ဖြယ္ရွိပါတယ္။ ပိုခ်က္တီႏိုဟာ နည္းျပဘ၀မွာဘာစီလိုနာရဲ႔ျမိဳ႔ခံျပိဳင္ဘက္ အက္စ္ပန္ညိဳအသင္းကိုတာ၀န္ယူခဲ့ဖူးသူျဖစ္ပါတယ္။ “ဘာစီလိုနာျမိဳ႔မွာ ကၽြန္ေတာ့္ရဲ႔သူငယ္ခ်င္းေတြအမ်ားၾကီးရွိပါတယ္။ အမ်ားစုကေတာ့ ဘာစီလိုနာအသင္းကျဖစ္ျပီး သူတို႔နဲ႔ကၽြန္ေတာ္ၾကားမွာ ေလးစားမႈရွိၾကပါတယ္။ ဒါေပမယ့္ကၽြန္ေတာ္သြားေနတဲ့လမ္းေၾကာင္းနဲ႔ ဘာစီလိုနာကျခားနားသလို ဦးတည္ခ်က္လည္းမတူပါဘူး။ ဒါေၾကာင့္အဲ့ဒီမွာနည္းျပလုပ္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး” လို႔ ပိုခ်က္တီႏိုက ၂၀၁၈ခုႏွစ္မွာဖြင့္ဟခဲ့ဖူးပါတယ္။