ပိုခ်က္တီႏိုကဘက္ဟမ္းနဲ႔ႏႈိုင္းယွဥ္ခ်ီးက်ဴ းမႈကို ဆြန္ေဟာင္မင္ပယ္ခ်ခဲ့

စပါးအသင္းနည္းျပ ပိုခ်က္တီႏိုကအာရွေျခစမ္းခရီးစဥ္မွာ တိုက္စစ္မွဴ း ဆြန္ေဟာင္မင္ဟာအရမ္းေပၚျပဴ လာျဖစ္ခဲ့လို႔ ေဒးဗစ္ဘက္ဟမ္းလိုမ်ဳိးဘဲလို႔ ခ်ီးက်ဴ းလိုက္ေပမယ္႔ ကစားသမားကေတာ႔ ပယ္ခ်လိုက္ပါတယ္။

စပါးဟာ အာရွမွာစင္ကာပူနဲ႔ ရွန္ဟိုင္းတို႔ကိုသြားေရာက္ေျခစမ္းခဲ့ရာမွာ ေတာင္ကိုရီးယားလက္ေရြးစင္ျဖစ္တဲ႔ ဆြန္ေဟာင္မင္ကို ပရိသတ္ေတြကအရူးအမူးျဖစ္ခဲ့ၾကတာပါ။ ဒါေၾကာင့္လည္း အရင္ကအာရွမွာ ဘက္ဟမ္းေပၚျပဴ လာျဖစ္သလိုမ်ဳိးနဲ႔ႏႈိင္းယွဥ္ၿပီး အာရွရဲ႕ဘက္ဟမ္းလို႔ ပိုခ်က္တီႏိုကခ်ီးက်ဴ းခဲ့တာျဖစ္ပါတယ္။ ဆြန္ေဟာင္မင္ဟာ အာရွသားျဖစ္တဲ႔အျပင္ စပါးအတြက္လည္းေျခစြမ္းျပႏိုင္ခဲ့သူျဖစ္လို႔ အရမး္ကိုေပၚျပဴ လာျဖစ္ခဲ့တာပါ။

ပိုခ်က္တီႏိုက”ဆြန္ေဟာင္မင္ဟာ Icon တစ္ဦးပါ။ သူ႔ကိုအရင္တုန္းက ဘက္ဟမ္းတစ္ေယာက္ေပၚျပဴ လာျဖစ္ခဲ့မႈမ်ဳိးနဲ႔ က်ြန္ေတာ္ႏႈိင္းယွဥ္ခ်င္ပါတယ္။ဒါေပမယ္႔သူဟာ ၾကြား၀ါျခင္းရွိတဲ႔သူေတာ႔မဟုတ္ပါဘူး” လို႔ေျပာသြားပါတယ္။ ဒါေပမယ္႔လည္း ဆြန္ေဟာင္မင္က”ကၽြန္ေတာ္တစ္ေယာက္တည္းေပၚျပဴ လာျဖစ္တာမဟုတ္ပါဘူး။ တစ္သင္းလုံးျဖစ္တာပါ။ စပါးနဲ႔အတူရွိေနတာတကယ္႔ကိုထူးျခားပါတယ္။ က်ြန္ေ္တာ္႔ကိုအာရုံစိုက္တာ မစိုက္တာက အေရးမဟုတ္ပါဘူး” လို႔ေျပာသြားပါတယ္။

သတင္းေထာက္တစ္ဦးကလည္း ဆြန္ေဟာင္မင္ဟာ အာရွေျခစမ္းခရီးစဥ္မွာ ပရိသတ္ေတြရဲ႕ၾကယ္စင္စုလားလို႔ ေမးျမန္းခဲ့မႈကိုလည္းသူက”ဒါကေတာ႔သိပ္မ်ားသြားၿပီဗ်ာ။ ဒီကိုေရာက္တာေပ်ာ္ေပမယ္႔ က်ြန္ေတာ္ကသင္ယူေနတုန္းျဖစ္ၿပီး တစ္ေန႔ထက္တစ္ေန႔ပိုေကာင္းဖို႔လည္း ႀကိဳးစားေနဆဲပါ” လို႔ေျပာသြားပါတယ္။

စပါးအသင္းဟာ စင္ကာပူမွာ ဂ်ဴ ဗင္တပ္အသင္းကိုအႏိုင္ရခဲ့ၿပီးေနာက္ ၾကာသပေတးေန႔က်ရင္ ရွန္ဟိုင္းၿမိဳ႕မွာ မန္ယူအသင္းနဲ႔ ဆက္လက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ စပါးဟာ ဂ်ဴ ဗင္တပ္ကို ၃-၂ နဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။

Unicode

ပိုချက်တီနိုကဘက်ဟမ်းနဲ့နှိုင်းယှဉ်ချီးကျူ းမှုကို ဆွန်ဟောင်မင်ပယ်ချခဲ့
စပါးအသင်းနည်းပြ ပိုချက်တီနိုကအာရှခြေစမ်းခရီးစဉ်မှာ တိုက်စစ်မှူ း ဆွန်ဟောင်မင်ဟာအရမ်းပေါ်ပြူ လာဖြစ်ခဲ့လို့ ဒေးဗစ်ဘက်ဟမ်းလိုမျိုးဘဲလို့ ချီးကျူ းလိုက်ပေမယ့် ကစားသမားကတော့ ပယ်ချလိုက်ပါတယ်။

စပါးဟာ အာရှမှာစင်ကာပူနဲ့ ရှန်ဟိုင်းတို့ကိုသွားရောက်ခြေစမ်းခဲ့ရာမှာ တောင်ကိုရီးယားလက်ရွေးစင်ဖြစ်တဲ့ ဆွန်ဟောင်မင်ကို ပရိသတ်တွေကအရူးအမူးဖြစ်ခဲ့ကြတာပါ။ ဒါကြောင့်လည်း အရင်ကအာရှမှာ ဘက်ဟမ်းပေါ်ပြူ လာဖြစ်သလိုမျိုးနဲ့နှိုင်းယှဉ်ပြီး အာရှရဲ့ဘက်ဟမ်းလို့ ပိုချက်တီနိုကချီးကျူ းခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ အာရှသားဖြစ်တဲ့အပြင် စပါးအတွက်လည်းခြေစွမ်းပြနိုင်ခဲ့သူဖြစ်လို့ အရမ်းကိုပေါ်ပြူ လာဖြစ်ခဲ့တာပါ။

ပိုချက်တီနိုက”ဆွန်ဟောင်မင်ဟာ Icon တစ်ဦးပါ။ သူ့ကိုအရင်တုန်းက ဘက်ဟမ်းတစ်ယောက်ပေါ်ပြူ လာဖြစ်ခဲ့မှုမျိုးနဲ့ ကျွန်တော်နှိုင်းယှဉ်ချင်ပါတယ်။ဒါပေမယ့်သူဟာ ကြွားဝါခြင်းရှိတဲ့သူတော့မဟုတ်ပါဘူး” လို့ပြောသွားပါတယ်။ ဒါပေမယ့်လည်း ဆွန်ဟောင်မင်က”ကျွန်တော်တစ်ယောက်တည်းပေါ်ပြူ လာဖြစ်တာမဟုတ်ပါဘူး။ တစ်သင်းလုံးဖြစ်တာပါ။ စပါးနဲ့အတူရှိနေတာတကယ့်ကိုထူးခြားပါတယ်။ ကျွန်ေ်တာ့်ကိုအာရုံစိုက်တာ မစိုက်တာက အရေးမဟုတ်ပါဘူး” လို့ပြောသွားပါတယ်။

သတင်းထောက်တစ်ဦးကလည်း ဆွန်ဟောင်မင်ဟာ အာရှခြေစမ်းခရီးစဉ်မှာ ပရိသတ်တွေရဲ့ကြယ်စင်စုလားလို့ မေးမြန်းခဲ့မှုကိုလည်းသူက”ဒါကတော့သိပ်များသွားပြီဗျာ။ ဒီကိုရောက်တာပျော်ပေမယ့် ကျွန်တော်ကသင်ယူနေတုန်းဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ပိုကောင်းဖို့လည်း ကြိုးစားနေဆဲပါ” လို့ပြောသွားပါတယ်။

စပါးအသင်းဟာ စင်ကာပူမှာ ဂျူ ဗင်တပ်အသင်းကိုအနိုင်ရခဲ့ပြီးနောက် ကြာသပတေးနေ့ကျရင် ရှန်ဟိုင်းမြို့မှာ မန်ယူအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ စပါးဟာ ဂျူ ဗင်တပ်ကို ၃-၂ နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။