ပိုက်ဆံသုံးနိုင်မှုက မန်စီးတီးကို အောင်မြင်စေတာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲမှာတော့ မန်စီးတီးကမိုချန် ဂလာဘတ်ကို အဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့် တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၂၉ မိနစ်မှာ ကန်ဆယ်လိုရဲ့ပေးပို့မှုကနေ ဘာနာဒိုဆေးလ်ဗားက သွင်းယူပေးခဲ့ပါတယ်။ မန်စီးတီးအတွက် အနိုင်သေချာစေမယ့်ဂိုးကို ပွဲကစားချိန် ၆၅ မိနစ်မှာ ဂါဘရီရယ်ဂျီးဆပ်စ်က သွင်းယူပေးခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ မိုချန်ဂလာဘတ်ကို အနိုင်ရပြီးနောက် ပြိုင်ပွဲစုံအဝေးကွင်းနိုင်ပွဲဆက်မှု (၁၂)ပွဲအထိ ရှိလာခဲ့ပါတယ်။ အဲဒါဟာ စံချိန်ကောင်းဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ၂၀၁၇၊ နိုဝင်ဘာက တင်ထားခဲ့တဲ့ မှတ်တမ်းကို ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းအောင်မြင်ရခြင်းရဲ့နောက်ကွယ်ကအဓိကအကြောင်းအရင်းဟာငွေကြေးကြောင့်ဖြစ်တယ်လို့နည်းပြဂွါဒီယိုလာကထုတ်ဖော်ပြောဆိုထားပါတယ်။

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက“ကျွန်တော်တို့အသင်းဟာကစားသမားကောင်းတွေဝယ်ယူနိုင်ဖို့ငွေကြေးအများအပြားသုံးခဲ့ပါတယ်။အဲဒါဟာအမှန်တရားပါ။အသင်းတစ်သင်းမှာကစားသမားကောင်းတွေမရှိဘဲအချိန်အကြာကြီး နိုင်ပွဲဆက်တိုက်ရယူနိုင်ဖို့မဖြစ်နိုင်ပါဘူး။” “အသင်းကလက်ရှိကစားသမားအစုအဖွဲ့ကကောင်းပါတယ်။ကစားသမားတွေဟာပွဲတိုင်းကိုအနိုင်ရဖို့ပဲစဉ်းစားပါတယ်။“လို့ပြောပါတယ်။

မန်စီးတီးအသင်းဟာနှစ်ပေါင်း ၂၀ အတွင်းပြောင်းရွှေ့ကြေးစရိတ်ပေါင် ၂ ဘီလီယံနီးပါးသုံးစွဲခဲ့ပါတယ်။ မန်စီးတီး အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တက်လှမ်းဖို့အလားအလာကောင်းနေသလို၊ ပရီးမီးယားလိဂ်ဇယားမှာ ၁၀ မှတ်ဖြတ်ဦးဆောင်နေကာ၊ ကာရာဘောင်းဖလားမှာ ဗိုလ်လုပွဲ၊ အက်ဖ်အေဖလားပြိုင်ပွဲမှာကွာတားဖိုင်နယ်ကို တက်ရောက်ထားနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပိုက္ဆံသုံးႏိုင္မႈက မန္စီးတီးကို ေအာင္ျမင္ေစတာလား?

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ပြဲမွာေတာ့ မန္စီးတီးကမိုခ်န္ ဂလာဘတ္ကို အေဝးကြင္းမွာ ၂ ဂိုးျပတ္နဲ႔ အႏိုင္ယူၿပီး ေနာက္တစ္ဆင့္ တက္ဖို႔ အေျခအေနေကာင္းသြားခဲ့ပါတယ္။ မန္စီးတီးအတြက္ ဦးေဆာင္ဂိုးကို ပြဲကစားခ်ိန္ ၂၉ မိနစ္မွာ ကန္ဆယ္လိုရဲ႕ေပးပို႔မႈကေန ဘာနာဒိုေဆးလ္ဗားက သြင္းယူေပးခဲ့ပါတယ္။

မန္စီးတီးအတြက္ အႏိုင္ေသခ်ာေစမယ့္ဂိုးကို ပြဲကစားခ်ိန္ ၆၅ မိနစ္မွာ ဂါဘရီရယ္ဂ်ီးဆပ္စ္က သြင္းယူေပးခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ မိုခ်န္ဂလာဘတ္ကို အႏိုင္ရၿပီးေနာက္ ၿပိဳင္ပြဲစုံအေဝးကြင္းႏိုင္ပြဲဆက္မႈ (၁၂)ပြဲအထိ ရွိလာခဲ့ပါတယ္။ အဲဒါဟာ စံခ်ိန္ေကာင္းျဖစ္ၿပီး ၎တို႔ကိုယ္တိုင္ ၂၀၁၇၊ ႏိုဝင္ဘာက တင္ထားခဲ့တဲ့ မွတ္တမ္းကို ခ်ိဳးဖ်က္ခဲ့တာျဖစ္ပါတယ္။ မန္စီးတီးအသင္းေအာင္ျမင္ရျခင္းရဲ႕ေနာက္ကြယ္ကအဓိကအေၾကာင္းအရင္းဟာေငြေၾကးေၾကာင့္ျဖစ္တယ္လို႔နည္းျပဂြါဒီယိုလာကထုတ္ေဖာ္ေျပာဆိုထားပါတယ္။

မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာက“ကြၽန္ေတာ္တို႔အသင္းဟာကစားသမားေကာင္းေတြဝယ္ယူႏိုင္ဖို႔ေငြေၾကးအမ်ားအျပားသုံးခဲ့ပါတယ္။အဲဒါဟာအမွန္တရားပါ။အသင္းတစ္သင္းမွာကစားသမားေကာင္းေတြမရွိဘဲအခ်ိန္အၾကာႀကီး ႏိုင္ပြဲဆက္တိုက္ရယူႏိုင္ဖို႔မျဖစ္ႏိုင္ပါဘူး။” “အသင္းကလက္ရွိကစားသမားအစုအဖြဲ႕ကေကာင္းပါတယ္။ကစားသမားေတြဟာပြဲတိုင္းကိုအႏိုင္ရဖို႔ပဲစဥ္းစားပါတယ္။“လို႔ေျပာပါတယ္။မန္စီးတီးအသင္းဟာႏွစ္ေပါင္း ၂၀ အတြင္းေျပာင္းေ႐ႊ႕ေၾကးစရိတ္ေပါင္ ၂ ဘီလီယံနီးပါးသုံးစြဲခဲ့ပါ တယ္။

မန္စီးတီး အသင္းဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္တက္လွမ္းဖို႔အလားအလာေကာင္းေနသလို၊ ပရီးမီးယားလိဂ္ဇယားမွာ ၁၀ မွတ္ျဖတ္ဦးေဆာင္ေနကာ၊ ကာရာေဘာင္းဖလားမွာ ဗိုလ္လုပြဲ၊ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာကြာတားဖိုင္နယ္ကို တက္ေရာက္ထားႏိုင္ပါတယ္။