

တိုက်စစ်မှူးမက်ဆီဟာ ပိုမိုကောင်းမွန်တဲ့စံချိန်တွေကို ဆက်လက်ရရှိလိမ့်မယ်လို့ ဘာစီလိုနာနည်းပြဗယ်ဗာဒီက ချီးကျူးပြောဆိုလိုက်ပါတယ်။ဆလားဗီးယားပရပ်ကို အဝေးကွင်းမှာ ၁-၂ဂိုးနဲ့အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဂျင်တီးနားကြယ်ပွင့်ဟာ ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ၃မိနစ်မှာ သွင်းယူခဲ့တဲ့သူ့ရဲ့ ဂိုးဟာ ချန်ပီယံလိဂ်စံချိန်သစ်တစ်ခုဖြစ်စေခဲ့ပါတယ်။အဲဒါကတော့ မက်ဆီဟာ ချန်ပီယံလိဂ်မှာ ၁၅ရာသီဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့တာပါပဲ။

ဒါ့အပြင် သူဟာ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုနဲ့ရီးရဲလ်ဂနဝင်တိုက်စစ်မှူးရာအူးလ်တို့ တင်ထားတဲ့ ချန်ပီယံလိဂ်မှာ မတူညီတဲ့ပြိုင်ဘက် ၃၃သင်းကို ဂိုးသွင်းနိုင်တဲ့စံချိန်ကိုလည်း လိုက်မီသွားခဲ့ပါတယ်။“ သူဟာ ပွဲစဉ်တိုင်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားမျိုးပါ။သူ ပိုကောင်းလာတာကို ကျွန်တော်တို့ နေ့တိုင်းမြင်တွေ့နေရပါတယ်။မယုံနိုင်စရာခြေစွမ်းပိုင်ရှင် မက်ဆီအတွက် ပိုကောင်းတဲ့စံချိန်မှတ်တမ်းတွေ ရောက်လာဦးမှာပါ။ဒီလိုပြောဖို့လွယ်သလို ပုံမှန်အခြေအနေတစ်ခုပါပဲ။ဒါပေမဲ့ ဒီလိုအောင်မြင်ဖို့ဆိုတာတော့ သိပ်ကိုခက်ခဲပါတယ် ” လို့ ဗယ်ဗာဒီက ဖွင့်ဟလိုက်တာပါ။

ဒုတိယပိုင်းမှာ ဆလားဗီးယားပရပ်ဟာဂျန်ဘော်ရီလ်ရဲ့ဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့သေးပေမယ့် ၇မိနစ်အကြာမှာ ဆွာရက်ဇ်ရဲ့ကန်ချက် အိုလာရင်ကာနဲ့ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားတာကြောင့် ရှုံးနိမ်ခဲ့ရတာပါ။ဒီနိုင်ပွဲကြောင့် ဘာစီလိုနာဟာ ၃ပွဲကစားပြီးချိန်မှာ ရမှတ် ၇မှတ်နဲ့ အင်တာမီလန်၊ဒေါ့တ်မန်တို့ထက် ၃မှတ်အသာရပြီး အုပ်စုထိပ်ဆုံးက ဦးဆောင်နေပါတယ်။

အသင်းဖော်ကွင်းလယ်လူ ဘက်စ်ကွက်ကလည်း “ သူဟာ ဒဏ်ရာပြသနာကြောင့် ခက်ခဲတဲ့ရာသီအစနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ကျွန်တော်တို့ရဲ့ အသင်းလိုက်ကစားပုံမှာတော့ သူဟာ အခြေခံကျတဲကစားသမားဖြစ်ပြီး သူ့ဆီကနေ အများကြီးရခဲ့တာပါ။အတားအဆီးတွေက သူ့ကိုအကြာကြီး မနှောင့်ယှက်နိုင်ပါဘူး။အခု သူ့ပုံစံကောင်းကိုပြန်ရနေပါပြီ။ဘာကြောင့်လဲဆိုတော့ သူဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်နေလို့ပါပဲ ”လို့ မက်ဆီကို ချီးကျူးသွားပါတယ်။
(zawgyi)
တိုက္စစ္မွဴးမက္ဆီဟာ ပိုမိုေကာင္းမြန္တဲ့စံခ်ိန္ေတြကို ဆက္လက္ရရွိလိမ့္မယ္လို႔ ဘာစီလိုနာနည္းျပဗယ္ဗာဒီက ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။ဆလားဗီးယားပရပ္ကို အေ၀းကြင္းမွာ ၁-၂ဂိုးနဲ႔အႏိုင္ရတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ဦးေဆာင္ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။ ၃မိနစ္မွာ သြင္းယူခဲ့တဲ့သူ႔ရဲ႕ ဂိုးဟာ ခ်န္ပီယံလိဂ္စံခ်ိန္သစ္တစ္ခုျဖစ္ေစခဲ့ပါတယ္။အဲဒါကေတာ့ မက္ဆီဟာ ခ်န္ပီယံလိဂ္မွာ ၁၅ရာသီဆက္ ဂိုးသြင္းႏိုင္တဲ့ ပထမဆံုးကစားသမားျဖစ္လာခဲ့တာပါပဲ။ဒါ့အျပင္ သူဟာ ဂ်ဴဗင္တပ္တိုက္စစ္မွဴးစီေရာ္နယ္ဒိုနဲ႔ရီးရဲလ္ဂႏ၀င္တိုက္စစ္မွဴးရာအူးလ္တို႔ တင္ထားတဲ့ ခ်န္ပီယံလိဂ္မွာ မတူညီတဲ့ၿပိဳင္ဘက္ ၃၃သင္းကို ဂိုးသြင္းႏိုင္တဲ့စံခ်ိန္ကိုလည္း လိုက္မီသြားခဲ့ပါတယ္။“ သူဟာ ပြဲစဥ္တိုင္းကို အဆံုးအျဖတ္ေပးႏိုင္တဲ့ ကစားသမားမ်ိဳးပါ။သူ ပိုေကာင္းလာတာကို ကၽြန္ေတာ္တို႔ ေန႔တိုင္းျမင္ေတြ႔ေနရပါတယ္။မယံုႏိုင္စရာေျခစြမ္းပိုင္ရွင္ မက္ဆီအတြက္ ပိုေကာင္းတဲ့စံခ်ိန္မွတ္တမ္းေတြ ေရာက္လာဦးမွာပါ။ဒီလိုေျပာဖို႔လြယ္သလို ပံုမွန္အေျခအေနတစ္ခုပါပဲ။ဒါေပမဲ့ ဒီလိုေအာင္ျမင္ဖို႔ဆိုတာေတာ့ သိပ္ကိုခက္ခဲပါတယ္ ” လို႔ ဗယ္ဗာဒီက ဖြင့္ဟလိုက္တာပါ။ဒုတိယပိုင္းမွာ ဆလားဗီးယားပရပ္ဟာဂ်န္ေဘာ္ရီလ္ရဲ႕ဂိုးနဲ႔ ျပန္လည္ေခ်ပႏိုင္ခဲ့ေသးေပမယ့္ ၇မိနစ္အၾကာမွာ ဆြာရက္္ဇ္ရဲ႕ကန္ခ်က္ အိုလာရင္ကာနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဂိုး၀င္သြားတာေၾကာင့္ ရံႈးနိမ္္ခဲ့ရတာပါ။ဒီႏိုင္ပြဲေၾကာင့္ ဘာစီလိုနာဟာ ၃ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၇မွတ္နဲ႔ အင္တာမီလန္၊ေဒါ့တ္မန္တို႔ထက္ ၃မွတ္အသာရၿပီး အုပ္စုထိပ္ဆံုးက ဦးေဆာင္ေနပါတယ္။အသင္းေဖာ္ကြင္းလယ္လူ ဘက္စ္ကြက္ကလည္း “ သူဟာ ဒဏ္ရာျပသနာေၾကာင့္ ခက္ခဲတဲ့ရာသီအစနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။ကၽြန္ေတာ္တို႔ရဲ႕ အသင္းလိုက္ကစားပံုမွာေတာ့ သူဟာ အေျခခံက်တဲကစားသမားျဖစ္ၿပီး သူ႔ဆီကေန အမ်ားႀကီးရခဲ့တာပါ။အတားအဆီးေတြက သူ႔ကိုအၾကာႀကီး မေႏွာင့္ယွက္ႏိုင္ပါဘူး။အခု သူ႔ပံုစံေကာင္းကိုျပန္ရေနပါၿပီ။ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ကမာၻ႔အေကာင္းဆံုးျဖစ္ေနလို႔ပါပဲ ”လို႔ မက္ဆီကို ခ်ီးက်ဴးသြားပါတယ္။